» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ကျပ်၅၀၀ဝတန်ဖုန်း ကုမ္ပဏီ ရွှေပြည်တံခွန် သတင်းစာ ရှင်းလင်းပွဲထပ်မံပြုလုပ်

ကျပ်၅၀၀ဝ တန်ဖုန်းများ ရောင်းချနိုင်ရန်စီစဉ်ဆောင်ရွက် လျက်ရှိသည့်ရွှေပြည်တံခွန် ကုမ္ပဏီမှ သတင်းစာ ရှင်းလင်းပွဲတစ်ခု ကိုဇန်နဝါရီ ၃ဝရက် တွင်ကုန်သည် ကြီးများ ဟိုတယ်တွင်ထပ်မံပြုလုပ် ခဲ့ကြောင်းသိရသည်။

ရွှေပြည်တံခွန် ကုမ္ပဏီအနေ ဖြင့်မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရန်နိုင်စီစဉ်လျက် ရှိပြီးနိုင်ငံတော်သမ္မတရုံးသို့မူဝါဒ ပိုင်းဆိုင် ရာခွင့်ပြုမိန့်တင်ထား ပြီးလုပ်ငန်းပိုင်းဆိုင်ရာတွင်မြန်မာ့ ဆက်သွယ်ရေး ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရ သည်။
 
ယင်းအတွက်မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ ခွင့်ပြုမိန့်ရရှိပါကကျပ် ၅၀၀ဝတန်ဖုန်းများမကြာမီရောင်းချ ပေးနိုင်မည် ဖြစ်ကြောင်း ရွှေပြည် တံခွန်ကုမ္ပဏီ ဥက္ကဋ္ဌဦးလွင်နိုင်ဦး ကသတင်းစာရှင်းလင်းပွဲတွင်ထည့် သွင်းပြောကြားသွားသည်။ ''ခွင့်မိန့်ရရှိတာနဲ့ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီးကို၆လအ တွင်းချပေးနိုင်ပါတယ်'' ဟုဦးလွင်နိုင် ဦးကပြောသည်။ ခွင့်ပြုမိန့် ရရှိနိုင်ရန်အတွက် အချိန်အားဖြင့် မည်မျှကြာမြင့်မည် ကိုမသိနိုင်ကြောင်း ယင်းကဆက် လက်ပြောကြားသည်။

U-Lwin-Naing-Oo2.jpg

ရွှေပြည်တံခွန် ကုမ္ပဏီမှ ဥက္ကဋ္ဌဦးလွင်နိုင်ဦး

မိုဘိုင်း တယ်လီဖုန်းတစ်လုံး ပြောဆိုနိုင်ရန် အတွက်မှာ  မြေနေရာရှာဖွေခြင်း၊ ရေဒီယိုစခန်းများ တည်ဆောက်ခြင်း၊ အစရှိသည့်ဆက် သွယ်မှု ကွန်ရစ်များ စနစ်တကျ တည် ဆောက်မှုများ လိုအပ်မည်ဖြစ်ခြင်း ကြောင့်ဖြစ်နိုင်ခြေမရှိ ကြောင်း ပြော ကြားထားသော်လည်း ရွှေပြည် တံခွန်ကုမ္ပဏီမှ ယင်းတို့အနေဖြင့်  အချိန်တိုအတွင်း ဆောင်ရွက်နိုင် သည့်နည်းပညာများ ရှိခြင်းကြောင့်ခွင့်ပြုချက်ရရှိပါက (၆)လအတွင်း ဆောင်ရွက်နိုင် ကြောင်းယင်း က ဆက်လက် ပြောသည်။

အဆိုပါ ကျပ်ငါးထောင်ဖုန်း များအတွက် ရွှေပြည်တံခွန်ကုမ္ပဏီသည် နည်းပညာပိုင်းဆိုင်ရာများကို  မေရိကန် နည်းပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ် ပြီး တာဝါတိုင်များ ထူထောင်ရာတွင်  အထပ်မြင့် အဆောက်အအုံများ တွင်တပ်ဆင် မှုဖြင့် ဆက်သွယ်မှုရ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

Shwe-Pyi-Tagon.jpg

ရွှေပြည်တံခွန်ကုမ္ပဏီ အဖွဲ့ဝင်များ

''ကျတော်တို့ရဲ့ နည်းပညာအ ရ အချိန်တိုအတွင်းဖြစ်နိုင်ပါတယ်။ ခွင့်ပြုချက်ရပြီးတဲ့နောက်(၆)လဆို ရင်အသုံးပြုလို့ရပါတယ်။ဒါပေမယ့် ကျတော်တို့က သာမန်ပြည်သူတွေ ဖြစ်တဲ့အတွက် ဥပဒေရဲ့အောက်မှာ ပဲနည်းလမ်း အတိုင်းဆောင်ရွက် သွားမှာပါ'' ဟု ရွှေပြည်တံခွန် ကုမ္ပဏီ မှ စီမံကိန်း ဒါရိုက်တာ ဦးရဲထွဋ်ဝင်း ကပြောသည်။

ရွှေပြည်တံခွန် ကုမ္ပဏီအနေ ဖြင့် မှုလ ကတိပေးခဲ့ပြီးဖြစ်သည့်အ တိုင်း လူတစ်ဦး(မှတ်ပုံတင်တစ်ခု) လျှင် ကျပ်၅၀၀ဝတန် SIM Card တစ်ခု နှုန်းဖြင့် မကြာမီကာလ အတွင်း ရောင်းချပေးနိုင်ရန် အတွက် နိုင်ငံတော်၏ မှုဝါဒနှင့်အညီအောင် မြင်သည်အထိ စီမံကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။