» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ရှင်ဖုန်းရဲ့ ရင်တွင်းစကား

မိန်းမတစ်ယောက်ဟာ သူ့ ဂုဏ်ပုဒ်၊ သူ့စွမ်းဆောင်ချက်၊ သူ့ အတတ်ပညာနဲ့သူရပ်တည်လာခဲ့  ပေမယ့် အိမ်ထောင်ပြုတဲ့အခါ ယောက်ျားဖြစ်သူရဲ့ အရိပ်လွှမ်းမိုးမှု  ကို အနည်းနဲ့အများ  ခံစားရပါတယ်။  ဒါကြောင့် နာမည် ကျော်ကြားထင် ရှားတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်တွင်း စကားကိုတူး ဖော်ကြည့်  မိလိုက်ပါတယ်။


ပါရမီဖြည့်ဘက်ဆိုတာ ရှင်ဖုန်းနားလည်ထားတာ တစ်ယောက်နဲ့တစ်ယောက်လိုအပ်တာတွေကို  ဖြည့်ဆည်းပေးတာလို့ထင်တယ်။ ဒါပေမဲ့ ယောက်ျားနဲ့ မိန်းမဘယ်သူ ကပို အရေးပါတယ်ဆိုတာတော့   တစ်ဖက်သတ်ကြီးမပြောချင်ဘူး။  တစ်ယောက်နဲ့တစ်ယောက် အပေး အယူမျှမျှ တတရှိဖို့က ပိုအရေးကြီးတယ်။ ပုခက်လွှဲတဲ့လက်က ကမ္ဘာ ကိုအုပ်စိုးတယ်ဆိုတဲ့စကားရှိပေမယ့် မိန်းမသားဆိုတာဘာပဲဖြစ်ဖြစ် ယောက်ျားနဲ့ယှဉ်  ရင်အားနွဲ့တဲ့ သူပါ။ ရှင်ဖုန်း တစ်ယောက်တည်း ရဲ့အမြင်ပါ။

shin_phone_2.jpg

ရှင်ဖုန်း

အိမ်ထောင်တစ်ခုကို တိုင်းပြည် တစ်ခုနဲ့သာတင်စားမယ်ဆိုရင်တော့  ရှင်ဖုန်းက အဲဒီတိုင်းပြည်မှာ ဘုရင်မ  မဖြစ်ချင်ဘူး။ ကိုယ့်ခင်ပွန်းကို  ဘေးကနေ အကောင်းဆုံးပံ့ပိုးပေး  နိုင်တဲ့သူပဲဖြစ်ချင်ပါတယ်။ ရှင်ဖုန်း တို့နှစ်ယောက်စလုံးမှာ သဘော ထားချင်း မတိုက်ဆိုင်တာတွေ  အများကြီးရှိပါတယ်။ ကိုဥက္ကာနဲ့ ရှင်ဖုန်းက အသက်အရွယ်ကလည်းကွာတာကိုး။ အယူအဆတွေ၊ တွေးပုံတွေမတူဘူး။ ဒါပေမဲ့ ရှင်ဖုန်း တို့နှစ်ယောက်ကြားမှာ ကြီးကြီးမားမား  ညှိစရာပြဿနာ   သိပ်မရှိပါဘူး။ အသေးအမွှား ကိစ္စတွေပဲရှိပါတယ်။ အဲဒီတော့  အဆင်ပြေပါတယ်။

လုပ်ငန်းခွင်ထဲက အိမ်ရှင်မတွေကို ရှင်ဖုန်း  အရမ်းချီးကျူးသလို၊ အရမ်းလည်း အားကျပါတယ်။ အိမ်ထောင် တစ်ခုထူထောင်ပြီးပြီ ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အပေး အယူအဆင်ပြေပြေနဲ့ တစ်သက်မှာ တစ်ယောက်တည်းဆိုတဲ့ အိမ်ထောင် အဆင်ပြေတာမျိုး  ပဲအားလုံး ကိုဖြစ်စေချင်တယ်။ ခိုင်မြဲ ပျော်ရွှင် တဲ့ မိသားစုတွေပဲ အားလုံးကိုဖြစ် စေချင်တယ်။