» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ပါဂျဲရိုးယာဉ်၊ ရေတမာပင်နှင့် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့ကို အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက်

နံနက်တစ်နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တောင်မှ မြောက်သို့ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားတစ်စင်းသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော ပါဂျဲရိုးကား၊ ပလက်ဖောင်းပေါ်ရှိ ရေတမာပင်များနှင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားသော ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အဖော်ဖြစ်သူမှာအခင်းဖြစ်ပွားရာနေရာတွင်  ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ ဖြစ်ပွားရာနေရာမှာ ကမ္ဘာအေးဘုရားရှေ့ မျက်နှာချင်းဆိုင်ရှိ အမှတ်၅၆၉ တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ၂၄နာရီ မီနီမတ် ရှေ့တွင် ရပ်နားထားသည့် ၈ စ- ၂၈၈၈ ပါဂျဲရိုးကားအား အရင်ဦးဆုံး ဝင်တိုက်မိကာ၊ ထိုမှ တဆင့် ပလက်ဖောင်းပေါ်တွင် အလှစိုက်ထားသည့် ရေတမာပင်များကို ဆက်လက်တိုက်မိပြီး၊ လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင် မျက်နှာစာအား ထပ်ဆင့်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း၂၄နာရီ မီနီမတ်နှင့် လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့မှာ ဇန်နဝါရီ၃၁ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ဆိုင်ခန်းသစ်များ ဖြစ်ကြောင်းကို လဝန်းသစ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ပိုင်ရှင် မတင်ဇာလှိုင်က ပြောပြသည်။

'' တကယ်က ၂၈ရက်မှာ ဖွင့်ဖို့ လုပ်ထားပြီးမှ အဲဒီရက်က ၁၀ ဂဏန်း (ဘူ) ဖြစ်နေလို့ ၃၁ရက်ကို ရွှေ့ထားတာ။ ဒီနေ့သာ ဖွင့်ဖြစ် လို့ ဖိတ်စာတွေ ဝေထားပြီးရင် သွားပြီ။ အခု ဆိုင်ရှေ့က မျက်နှာစာ ပျက်စီးသွားတာရယ်၊ နံရံပြိုသွားတာရယ်၊ အထဲက ဘိုထိုင်အိမ်သာကမုတ်နှစ်လုံး ကွဲသွားတယ်။ အဲဒီဟာနဲ့တင် သိန်း၅ဝဖိုးလောက် ရှိနေပါပြီ။ အထဲက ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွား တယ်ဆိုတာကိုတော့ ဝင်မကြည့်ရသေးလို့ မသိရသေးပါဘူး'' ဟု ယင်းက ဆိုသည်။

car_acc2.jpg

အခင်းဖြစ်ပွားသည့်ကား အားတွေ့ရစဉ်


ပျက်စီးသွားသည့် ၂၄နာရီ မီနီမတ်မှ ပါဂျဲရိုးကားနှင့် ပတ်သက်၍ ပြောပြရာတွင် ''သူတို့ဆိုင်ကလည်း ကျွန်မတို့နဲ့ အတူတူ ၃၁ရက်မှာ ဆိုင်ဖွင့်ပွဲ လုပ်မှာ။ အဲဒါကြောင့် မနေ့ညက သူတို့လင်မယားနှစ်ယောက် ဆိုင်ကို လာပြီး ပြင်ဆင်နေကြတာ။ သူတို့ ဆိုင်ထဲကို ပြန်ဝင်ကာစပဲ ရှိသေးတာ ဝုန်းဆိုတဲ့ အသံကြားလိုက်ရလို့ ပြန်ထွက်ကြည့်တော့ သူတို့ ပါဂျဲရိုးကားက မရှိတော့ဘူး။ ဆိုင်ရှေ့ရပ် ထားတဲ့နေရာကနေ လမ်းပေါ် ပေ၃ဝလောက် လွင့်ထွက်သွားတယ်။ သူတို့လည်း သီသီလေး လွတ်သွားတယ်'' ဟု မတင်ဇာလှိုင်က ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှုး ဦးကြည်မြင့်က ''ကျွန်တော့်နောက်မှာ ဖြစ်တာဗျ။ကျွန်တော်က ကမ္ဘာအေးဘုရားလမ်း အတိုင်း လမ်းလျှောက် ပြန်လာတာ။ တိုယိုတာ တာဘိုအနက် ပြိုင်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ဝင်း ကားပစ္စည်းဆိုင်ကနေ လည်ထွက်လာပြီး၊ရပ်ထားတဲ့ ပါဂျဲရိုးကိုတိုက်တာ၊ ကျွန်တော့်တောင် ရှပ်ထိပြီး လဲသွားတာ ဒူးခေါင်းကွဲသွားတယ်။ အရှိန်ဘယ်လောက်ပြင်းသလဲဆိုတော့ ရေတမာပင်တစ်ပင် အမြစ်ကနေ ကျွတ်ထွက်သွားတယ်။  ပျက်စီးသွားတဲ့ ကားကို သွားကြည့်တော့ ကားတစ်စီးလုံး မှန်မရှိတော့ဘူး။ ဘော်ဒီသံပြားတွေကလည်း ပြတ်တဲ့နေရာက ပြတ်၊ ကွဲတဲ့နေရာက ကွဲနဲ့ တစ်စီးလုံး ကြေမွနေပြီ။ပြိုင်ကားနံပါတ်က ၇(ဂ) ၂၅၁၉။  ယာဉ်မောင်းဘေးက တစ်ယောက်က ပွဲချင်းပြီး ဆုံးနေတာ တွေ့ရတယ်။ယာဉ်မောင်းကောင်လေးကတော့ ဂျိုစောင်း(ညာ) ကွဲသွားပြီး ၁၆ချက် ချုပ်လိုက်ရတယ်။ သေတဲ့ကောင်လေးကတော့ ရင်ဘတ်ကြေသွားပြီး၊ နားနှစ်ဖက်က သွေးထွက်နေတာ တွေ့ရတယ်။ ဆေးရုံရောက်တော့ ဦးနှောက်ထွက်တယ်၊ ဘယ်ပေါင် ကျိုးသွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြူဖြူအဖတ်တွေလည်း ကျွန်တော်တွေ့လိုက်ရတယ်'' ဟု ယင်းညက ကင်းလှည့်နေစဉ် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

car_acc3.jpg

ယဉ်တိုက်မှုကြောင့် ပျက်စီးသွားသည့် ဖွင့်လှစ်ရန်ပြင်ဆင်ထားသော ဆောက်လုပ်ရေးပစ္စည်းဆိုင်

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားပေါ်တွင် လိုက်ပါလာသူများမှာ ယာဉ်မောင်း ကိုပြည်ဖြိုးအောင် (၂ဝနှစ်)၊နှင့် ကိုရန်ပိုင်းစိုး(၁၉နှစ်)တို့ဖြစ်ပြီး၊ သေဆုံးသူမှာ ကိုရန်ပိုင်စိုး ဖြစ်ကာ၊ ယင်းတို့သည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူဆန်တရုတ်ဘုရားကျောင်းတွင် ကျင်းပသည့် နောက်ဆုံးရက် တရုတ်နှစ်သစ်ကူးပွဲတော်မှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။

''ပျက်စီးသွားတဲ့ ကားထဲက လူတွေကို ဆွဲထုတ်တဲ့အချိန်မှာ အရက်နံ့တွေ ရတယ်။ အနားမှာ ရှိတဲ့သူတွေက ပြောတာကတော့ သူတို့တွေက ဖူဆန် ဘုရားကျောင်းက ထွက် ကတည်းက လမ်းမှာတွေ့တဲ့ကားတွေကို ပြိုင်မောင်း ကျော်တက်ပြီး မောင်းလာခဲ့ကြတာ'' ဟု ယင်းတို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော ဦးမောင်နီက ပြောပြသည်။

ယင်းသို့ အခင်းဖြစ်ပွားမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၄)-က- /၂၇၉/ ၃၃၈ အရ အရေးယူထားပြီး၊ (ပ) နံပတ်မှာ ၆၇/၂၀၁၂ ဖြစ်သည်။