» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

တရားဥပဒေအတိုင်း ဆောင်ရွက်ရန် တာဝန်ယူထားသော အဖွဲ့အစည်းများအနေဖြင့် လိုအပ်သော လုပ်ငန်းတာဝန်များကို ကိုင်တွယ်ဖြေရှင်းရန် ပျော့ကွက်များ ရှိနေပါသည်။ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း စသည့် စောင့်ကြပ်ကြည့်ရှုရေး အဖွဲ့များမှာ ပီပီပြင်ပြင် မရှိသည့်အပြင် အဖိနှိပ်ခံထားရမှုနှင့် ကြုံတွေ့ရ

၅၃။ မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို လူမှုရေး ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်သူလူထုအကျိုးကို ကာကွယ် စောင့်ရှောက်ရန် ကျင့်ထုံးများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ထိန်းချုပ်ရေး အစီအစဉ်များလို ဥပဒေ စည်းမျဉ်း စည်းကမ်းများ ချမှတ်ထားရပါသည်။ ယင်းဥပဒေနှင့် စည်းမျဉ်းများကို မသမာသော နည်းလမ်းဖြင့် ချိုးဖောက်သောအခါ ဆိုးရွားသည့် လူမှုရေး ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤသို့သော သာဓကမျိုး အာရှနှင့် ပစိဖိတ် ဒေသတစ်လွှားတွင် အတော်များများ တွေ့ရှိခဲ့ရပါသည်။

၅၄။ ဥပမာ- တရားမဝင် သစ်ခုတ်မှုများကြောင့် မြေဆီလွှာ တိုက်စားကုန်ရာမှ တစ်ရွာလုံး တောင်ကျရေတွင် မျောပါသွားပြီး (သို့မဟုတ်) တောင်ပြို မြေပိပြီး အသက်နှင့် အိုးအိမ်များစွာ ဆုံးရှုံးရသည့် အဖြစ်တွေ အမြောက်အမြား ရှိခဲ့ပါသည်။ အိမ်နီးချင်းနိုင်ငံ အချို့မှာဆိုလျှင် အကျင့်ပျက်အရာရှိများနှင့် ဆောက်လုပ်ရေး ကန်ထရိုက်တာများ အမြတ်များရရှိရန်၊ အဆောက်အအုံဆိုင်ရာ သတ်မှတ်ချက်များကို ချိုးဖောက်လိုက်ခြင်းကြောင့် တိုက်ခန်းများ၊ ဒီပတ်တမင့်စတိုးများနှင့် ဟိုတယ်ကြီးများ ပြိုကျခဲ့သည်များနှင့် ကြုံတွေ့ခဲ့ရပါသည်။ ဝန်ပိုတင်ဆောင်ထားသော ရေယာဉ်များ၊ ခရီးသည်တင် သင်္ဘောများဆိုလျှင်လည်း ဒေသအနှံ့ မြစ်များ၊ ပင်လယ်များတွင် နစ်မြုပ်ကုန်ကြသည်။ သင့်တင့်လျောက်ပတ်သော မီးဘေးကာကွယ်မှုနှင့် လုံခြုံရေး အစီအမံများကို စစ်ဆေး စိစစ်ဖို့ ပျက်ကွက်ရာမှ စူပါမားကတ်များ၊ ဟိုတယ်များနှင့် ဒစ်စကိုခန်းမများ မီးလောင်ပြီး၊ ပြည်သူလူထု အများအပြား အသက်ဆုံးရှုံးရသည့် သတင်းတွေလည်း အမြဲ ကြားနေရပါသည်။ ထိန်းသိမ်းပြင်ဆင်မှု အားနည်းသော မော်တော်ယာဉ်များကို လာဘ်ထိုးပြီး တရားဝင် မောင်းနှင်ကြရာမှ အဝေးပြေးလမ်းမပေါ် ယာဉ်တိုက်မှုတွေ မကြာခဏ တွေ့နေရသည်။ ဘတ်စ်ကားများဆိုလျှင်လည်း စက်ချို့ယွင်းကာ ချောက်ထဲ ထိုးကျခဲ့ကြပါသည်။ ဤသည်တို့မှာ နိုင်ငံတော်တော်များများတွင် တွေ့နေရသော အဂတိလိုက်စားခြင်း၏ လူမှုရေးနှင့် ပတ်သက်သည့် ဆိုးကျိုးများ ဖြစ်ပါသည်။

၅၅။ ရေကာတာနှင့် တံတားပရောဂျက်တွေမှာလည်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်ရမှုများနှင့် တွေ့ကြုံနေရပါသည်။ ဥပမာ- ဒေါ်လာ ဘီလီယံ၇ဝကျော် ကုန်ကျလိမ့်မည်ဟု ခန့်မှန်းရသော ရေကာတာ ပရောဂျက်ကြီးတစ်ခုဆိုလျှင် အထူး စိုးရိမ်စရာ ပြဿနာကြီး ဖြစ်နေပါသည်။ လုပ်ငန်းစွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊ အဆင့်မမီကုန်ကြမ်းများ အသုံးပြုခြင်း၊ သင့်လျော်သော ဒီဇိုင်းနှင့် အင်ဂျင်နီယာဆိုင်ရာ သတ်မှတ်ချက်များကို အလေးမထားခြင်း စသည်တို့မှာ များသောအားဖြင့် အဂတိလိုက်စားမှုနှင့် ဆက်စပ်နေပါသည်။ ဤအားနည်းချက်များ၏ အကျိုးဆက်ကြောင့် တံတားကျိုး၊ ဆည်ပြိုကျသည့် ပြဿနာများကြောင့် အသက် အိုးအိမ် အမြောက်အမြား ဆုံးရှုံးကြပါသည်။

၅၆။ကြီးကြပ်ကွပ်ကဲမှု အားနည်းသော ဘဏ္ဍာရေးစနစ်မှ ပေါ်ထွက်လာသော ထင်သာမြင်သာ မရှိသည့် အရောင်းအဝယ်များ၊ ငွေရေးကြေးရေး ဈေးကစားကြသူများမှာလည်း ဆိုးရွားသော စီးပွားရေးနှင့် လူမှုရေး အကျိုးဆက်များ ပေါ်ထွက်လာနိုင်ပါသည်။ ဤသို့သာ ဘဏ္ဍာရေးအကျပ်အတည်း မတည်ငြိမ်မှုများကြောင့် လူတော်တော်များများမှာ တစ်သက်တာ စုဆောင်းထားသည့် ငွေများ ဆုံးရှုံးကုန်ကြသည်။ ထို့ကြောင့် အရှေ့ဥရောပ နိုင်ငံတော်တော်များများတွင် လမ်းပေါ်ဆန္ဒပြမှုတွေ၊ ပြည်တွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့အပြင် ပွင့်လင်းမြင်သာမှု ချို့တဲ့ခြင်းနှင့် အဂတိလိုက်စားမှုကြောင့် ၁၉၉၇-၁၉၉၈ ခုနှစ်တွင် အာရှနိုင်ငံများကို ဝင်မွှေသွားသော ဘဏ္ဍာရေးနှင့် မက်ခရိုစီးပွားရေး အကျပ်အတည်း၏ အကြောင်း အရင်းခံများတွင် ပါဝင်နေပါသည်။

(ဇ) ဈေးနှုန်းထိန်းချုပ်မှု၊အထောက်အပံ့ခံကုန်စည်နှင့် မှောင်ခိုဈေးကွက်များ

၅၇။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် ဈေးနှုန်းထိန်းချုပ်မှုများ လုပ်လေ့ရှိပါသည်။ အခြေခံ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အစိုးရက ထောက်ပံ့ကြေးပေး၍ ဈေးလျှော့ ရောင်းလေ့ရှိကြပါသည်။ ဆန်လို အဓိကရိက္ခာဆိုပါက ဖြစ်သင့် ဖြစ်ထိုက်သည်ထက် ဈေးလျှော့ သတ်မှတ်ကာ လယ်သမားများထံမှ ဝယ်ယူပါသည်။ အလားတူ ဓာတ်ဆီ၊ လျှပ်စစ်မီတာခ၊ အိမ်လခ၊ ယာဉ်စီးခနှင့် အခြားသော ဝန်ဆောင်မှုများဆိုလျှင်လည်း အစိုးရ အထောက်အပံ့ဖြင့်ပင် ဈေးလျှော့ သတ်မှတ်လေ့ရှိပါသည်။ အဆိုပါ အထောက်အပံ့ခံ ကုန်စည်နှင့် ဝန်ဆောင်မှုများမှ အများဆုံး အကျိုးခံစားသူများမှာ မြို့နေစားသုံး သူများဖြစ်ပါသည်။ ဤသို့ မြို့ပြကို အထူး အခွင့်အရေး ပေးထားကြသည်မှာလည်း နိုင်ငံရေးရှုထောင့်မှ လိုအပ်ချက်ကို အလေးပေး ဆောင်ရွက်သောကြောင့် ဖြစ်ပါသည်။ မြို့နေလူထု၊ အထူးသဖြင့် မြို့နေဆင်းရဲသားများမှာ နိုင်ငံရေး နိုးကြားမှုရှိပြီး ပိုမိုစည်းရုံး လှုပ်ရှားတတ်သည်။ တောနေဆင်းရဲသားများထက် မငြိမ်မသက်မှုများ ဖြစ်လာအောင် ပို၍အလွယ်တကူ လှုံ့ဆော်နိုင်စွမ်းရှိပါသည်။ တိုင်းပြည် မငြိမ်သက်မှုများသည်လည်း များသောအားဖြင့် မြို့ပြဒေသ ဆန္ဒပြမှုများမှ စတင် ပေါ်ပေါက်တတ်ပါသည်။

၅၈။ ဈေးနှုန်း ရှိသင့်သည်ထက် လျှော့သတ်မှတ်ခြင်းမှာ အထောက်အပံ့ခံ ကုန်စည်များ (subsidezed goods) အတွက် ဝယ်အားက ရောင်းအားထက် ပိုများစေပါသည်။ သို့နှင့်အမျှ ရှားပါးမှုများ၊ ခွဲတမ်းချ ရောင်းချရသည်များ၊ အဂတိလိုက်စားမှုများနှင့် မှောင်ခိုဈေးကွက်များ ပေါ်ထွက်လာရပါတော့သည်။ ထိုမှတစ်ဆင့် မလိုလားအပ်သည့် အကျိုးဆက်များ အောက်ပါအတိုင်း ဖြစ်ပေါ်လာနိုင်ပါသည်။

၅၉။ ပထမအချက်မှာ အစိုးရ ဝင်ငွေလျော့ပါးနိုင်သည့် အလားအလာ ဖြစ်ပါသည်။ ဤသဘောကို မှန်းဆနိုင်ရန် ဥပမာဖြင့် ရှင်းပါမည်။ အစိုးရ အရာရှိများလို၊ ကားပိုင်ရှင်များလို၊ အထောက်အပံ့ခံ ဓာတ်ဆီကို ဈေးချိုချို ရနေသူများအနေနှင့် မှောင်ခိုဈေးကွက်တွင် ထုတ်ရောင်းလိုက်လျှင် တရားဝင်ဈေးထက် အဆများစွာ ပိုရသဖြင့် အမြတ်များစွာရပါသည်။ အကယ်၍သာ အစိုးရက ဓာတ်ဆီဈေးကို ငွေကြေးထောက်ပံ့မှု မပေးဘဲ ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းလျှင် အဆိုပါအမြတ်အစွန်းမှာ အစိုးရ၏ ဝင်ငွေ ဖြစ်လာပါလိမ့်မည်။ ဓာတ်ဆီကို သတ်မှတ်ဈေးဖြင့် ရောင်းချလိုက်ရသဖြင့် စွန့်လွှတ်လိုက်ရသော ဈေးကွက်ပေါက်ဈေး (တစ်နည်း) ‘အခွင့်အလမ်းစရိတ်’ (opportunity cost)  နစ်နာသွားသည့် သဘောဖြစ်ပါသည်။

၆ဝ။ ဒုတိယအချက်ကို ဆက်ပါမည်။ မြို့နေလူထု ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန် ဆန်နှင့် အခြား လယ်ယာထွက်ကုန်များကို လယ်သမားဆီမှ ဈေးနှိမ် ဝယ်ယူသည့်အဓိပ္ဋာယ်မှာ မြို့နေလူထုကို လယ်သမားများက ထောက်ပံ့နေရသည့် သဘောပင် ဖြစ်ပါသည်။ အလားတူ ဓာတ်ဆီနှင့် စွမ်းအင်ကို ဈေးနှိမ် သတ်မှတ်လိုက်ခြင်းကြောင့် အစိုးရ ဘတ်ဂျက်လိုငွေကို ပိုတိုးစေရာရောက်သည်။ အဆိုပါလိုငွေကို အထွေထွေ ဘတ်ဂျက်မှ ကျခံရသည်ဖြစ်ရာ မြို့နေလူထု ဈေးချိုသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရရှိစေရန် တစ်နိုင်ငံလုံး (အထူးသဖြင့်) ကျေးလက်လူထုက မျှခံနေရသည့် သဘောဖြစ်ပါသည်။

၆၁။ တတိယအချက်။ ပြည်တွင်းပြည်ပမှ ထုတ်လုပ် တင်သွင်းရသည့် အခြားပစ္စည်းများ (ဥပမာ- ဓာတ်မြေဩဇာ) ဈေးမြောက်နေချိန်တွင် ဆန်နှင့် လယ်ယာ ထွက်ကုန်များကို ဈေးနှိမ် သတ်မှတ်လိုက်ပါက လယ်သမားများအတွက် ထိခိုက် နစ်နာစေသော ‘ကုန်သွယ်မှုစံနှုန်း’(terms of trade) ဖြစ်လာပါသည်။ ဤအချက်က လယ်သမားများ၏ အလုပ်ကြိုးစားလိုသော မက်လုံးကို ထိခိုက်စေပြီး လယ်ယာထွက်ကုန်ကို ကျဆင်းစေနိုင်ပါသည်။

၆၂။ စတုတ္ထအချက်။ စွမ်းအင်ဈေးနှုန်း သတ်မှတ် လျှော့ချထားသည့်အတွက်ကြောင့် ဤနယ်ပယ်ရှိ အစိုးရလုပ်ငန်းများမှာ ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေကြရသည်။ သို့နှင့်အမျှ အထောက်အကူ ပစ္စည်းသစ်များအတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်သလို အပိုပစ္စည်းများလည်း မဝယ်နိုင်ပါ။ တာရှည်ပစ်ထား၍ ယိုယွင်းနေသော လက်ရှိ အသုံးပြုနေရသည့် စက်ယန္တရားနှင့် ကိရိယာ တန်ဆာပလာများကိုပင် ကောင်းစွာ မထိန်းသိမ်းနိုင် ဖြစ်နေရသည်။ ယခုအချိန်ထိ ဆက်လက် အသုံးပြုနေရသော စက်ယန္တရားအချို့နှင့် ဓာတ်အားလိုင်းများဆိုလျှင် သက်တမ်းကုန်ခဲ့သည်မှာ ကြာလွန်းလှပါသည်။ အကျိုးဆက်ကား မကြာခဏ မီးပျက်ခြင်း၊ ယုံကြည်စိတ်ချစွာ သုံးစွဲလို့မရခြင်းနှင့် အလွန်ညံ့ဖျင်းသော ဝန်ဆောင်မှုတို့ကို ဖြစ်ပေါ်စေပါသည်။ ထုတ်လုပ်မှု စွမ်းဆောင်ရည်ရော စွမ်းအင် အရည်အသွေးပါ လိုအပ်ချက် ပြည့်မီဖို့ မစွမ်းဆောင်နိုင်တော့ပါ။

၆၃။ နောက်ဆုံးဖော်ပြလိုသည်မှာ စွမ်းအင်ဈေးနှုန်း လျှော့ချ သတ်မှတ်ထားသည့်အတွက်ကြောင့် ဖြစ်ပေါ်လာသော အခြား ထိခိုက်နစ်နာမှုများအကြောင်း ဖြစ်ပါသည်။ ဈေးပေါသောကြောင့် စွမ်းအင် သုံးစွဲမှုပိုင်းတွင် ချွေချွေတာတာ မရှိတော့ဘဲ အလေအလွင့်တွေ များလာသည်။ ထို့ထက် စွမ်းအင် ဈေးနှုန်းကို ထုတ်လုပ်မှုစရိတ်အောက်တွင် ချထားခဲ့သည့်ကာလ ကြာမြင့်လာသောအခါ သုံးစွဲသူများအနေနှင့် စွမ်းအင် ချွေတာနိုင်သော နည်းပညာနှင့် ထုတ်လုပ်မှု နည်းနာများကို ကျင့်သုံးဖို့ မက်လုံးမရှိသလို ဖြစ်နေတော့သည်။ ဒီလိုနှင့် ပြည်တွင်းပြည်ပ ရှော့ခ် (shock) များကြောင့် စွမ်းအင် ဈေးနှုန်းကို ထိန်းမထားနိုင်တော့ဘဲ သင့်တင့်သည့် ဈေးနှုန်း မြင့်မြင့်ကို သတ်မှတ်ရပါတော့သည်။ အကျိုးဆက်ကား ထုတ်လုပ်မှုများ အကျပ်အတည်းတွေ ရင်ဆိုင်ရပြီး မြင့်မားလာသော စွမ်းအင်ခကို ရှောင်ကွင်းနိုင်ရန် လာဘ်ပေးမှုများ ပိုများလာဖွယ် ရှိပါသည်။ ထိုမျှမက မြင့်မားလာသော စွမ်းအင်စရိတ်ကြောင့် ဈေးနှုန်းတွေ မြင့်တက်လာပြီး စားသုံးသူများအပေါ် ဂယက်ရိုက်မှုများ ပေါ်ပေါက်လာပါသည်။

၆၄။ ဈေးနှုန်းထိန်းချုပ်မှု၊ ထောက်ပံ့ကြေးပေးမှု၊ အဂတိလိုက်စားမှုများနှင့် ၎င်းတို့ကြောင့် ပေါ်ထွန်းလာသော မှောင်ခိုဈေးကွက်များမှ မလိုလားအပ်သော လူမှုရေးနှင့် စီးပွားရေး အကျိုးဆက်များ ဖြစ်လာ နိုင်စေပါသည်။ သို့နှင့်အမျှ ဈေးနှုန်း ထိန်းချုပ်မှုများ ဖျက်သိမ်းရေး၊ ထောက်ပံ့ကြေးများကို စွန့်လွှတ်ရေး၊ ဈေးနှုန်း ကမောက်ကမဖြစ်မှုများကို ကာကွယ် တားဆီးရေးနှင့် ယေဘုယျအားဖြင့် ဈေးနှုန်းမှန် ဖြစ်ရေးတို့မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ဈေးကွက် စီးပွားရေးစနစ် ပီပီပြင်ပြင် တည်ဆောက်နိုင်ရေးတို့အတွက် သော့ချက်ကျသည့် လုပ်ငန်းစဉ်များ ဖြစ်ကြောင်း ထင်ရှားလာပါသည်။

(ဇ) စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ်အကျိုးသက်ရောက်ပုံ

၆၅။ စီးပွားရေး ပြုပြင် ပြောင်းလဲရေးအပေါ် အဂတိလိုက်စားမှုက ဆိုးကျိုးများ သက်ရောက်ပါမည်။ အဘယ်ကြောင့်ဆိုသော် စီးပွားရေး ပြုပြင်ပြောင်းလဲရန် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံဆောင်မှု၊ မျှတစွာ ယှဉ်ပြိုင်မှု၊ အထွေထွေ ထိန်းချုပ်မှုများ လျှော့ချရေး၊ ဈေးကွက် အင်အားစုများနှင့် ပုဂ္ဂလိကပိုင်းကို အားပြုရေး စသည်တို့ လိုအပ်ပါသည်။ တစ်ပြိုင်တည်းမှာပင် လိုအပ်သလို ကိုယ်ပိုင် ဆုံးဖြတ်ခွင့် အာဏာ၊ အထူး အကျိုးစီးပွားများနှင့် ဈေးနှုန်း ကမောက်ကမ ဖြစ်ရပ်များကိုလည်း ကန့်သတ် ထိန်းချုပ်ကြရမည် ဖြစ်ပါသည်။ ဤလုပ်ငန်းစဉ် အားလုံးက အဂတိ လိုက်စားမှုကို အကျိုးပြုသော အထူးစီးပွားရေး အကျိုးအမြတ် အခွင့်အလမ်း (economy) များကို ကျဆင်းစေပါမည်။ ထို့ကြောင့်ပင် အကျင့်ပျက် စနစ်မှ အထူး စီးပွားရေး အကျိုးအမြတ်များ ခံစားနေကြသော လူချမ်းသာနှင့် ပါဝါကြီးသူများက ပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်မည် ဖြစ်ပါသည်။

အပိုင်း (၆) ကုထုံးများ (က) အဂတိလိုက်စားမှုနှင့်ဆင်းရဲနိုင်ငံများ

၆၆။ အဂတိလိုက်စားမှုမှာ နိုင်ငံအားလုံးတွင် ရှိသော်လည်း ဝင်ငွေနိမ့်သည့် နိုင်ငံများတွင် ပို၍ ပျံ့နှံ့ပါသည်။ ဤသို့ ဖြစ်ရသည်မှာ ဆင်းရဲနိုင်ငံများမှ လူတွေက ချမ်းသာနိုင်ငံများမှ လူတွေထက် ပိုအကျင့်ပျက်ကြသောကြောင့် မဟုတ်ပါ။ ဆင်းရဲနိုင်ငံများမှ အခြေအနေများမှာ အဂတိလိုက်စားမှု ရှင်သန်ကြီးထွားဖို့အတွက် အခွင့်အလမ်း ပိုများသောကြောင့် ဖြစ်ပါသည်။ လာဘ်ပေး လာဘ်ယူမှုနှင့် အဂတိလိုက်စားမှုမှာ ဝါသနာကြောင့် မဟုတ်ဘဲ သေချာစွာ တွက်ချက်ပြီးမှ ကျူးလွန်ကြရသော လုပ်ဆောင်မှုများ ဖြစ်ပါသည်။ အကယ်၍ ရမည့် အကျိုးအမြတ်က များပြီး အဖမ်းခံရမည့် အန္တရာယ်ကနည်းကာ  ပြစ်ဒဏ်များကလည်း ပေါ့ပါးလျှင် လူတော်တော်များများအနေဖြင့် အဂတိလိုက်စားမှုကို အားပေးကြမည် ဖြစ်ပါသည်။

၆၇။ ဝင်ငွေနိမ့်နိုင်ငံများ၏ စီးပွားရေးမှာ များသောအားဖြင့် တင်းကျပ်စွာ ထိန်းချုပ်ခံရလေ့ ရှိပါသည်။ ဤအနေအထားက လက်ဝါးကြီးအုပ် အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေပါသည်။ ဤနိုင်ငံများရှိ တာဝန်ခံမှုမှာလည်း ယေဘုယျအားဖြင့် အားနည်းပါသည်။ နိုင်ငံရေး ယှဉ်ပြိုင်မှုနှင့် အရပ်ဘက် လွတ်လပ်ခွင့်မှာ ကန့်သတ် ချုပ်ချယ်ခံရလေ့ ရှိပါသည်။ အစိုးရ၏ ကျင့်ဝတ် အခြေခံမူများနှင့် ဥပဒေ လေးစားလိုက်နာမှုမှာလည်း အားနည်းပါသည်။ တရားဥပဒေအတိုင်း ဆောင်ရွက်ရန် တာဝန်ယူထားသော အဖွဲ့အစည်းများအနေဖြင့် လိုအပ်သော လုပ်ငန်းတာဝန်များကို ကိုင်တွယ် ဖြေရှင်းရန် ပျော့ကွက်များ ရှိနေပါသည်။ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စာရင်းစစ်အဖွဲ့၊ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့အစည်း စသည့် စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့များမှာ ပီပီပြင်ပြင် မရှိသည့်အပြင် အဖိနှိပ်ခံထားရမှုနှင့် ကြုံတွေ့ရလေ့ ရှိပါသည်။ ဤအဖွဲ့များမှာ လာဘ်ပေးလာဘ်ယူမှု၊ ဆန့်ကျင်ရေး လုပ်ငန်းများအတွက် လိုအပ်သော စုံစမ်း ထောက်လှမ်းမှုနှင့် ဥပဒေရေးရာ သတင်းအချက်အလက်များကို စုဆောင်း ရှာဖွေပေးကြရသည့် အဖွဲ့အစည်းများ ဖြစ်ပါသည်။ ထို့အပြင် အုပ်ချုပ်ရေးမှူးများ၏ ကိုယ်ပိုင် လုပ်ပိုင်ခွင့် အာဏာ အတော်များများ ခံစားခွင့်ရှိပြီး စည်းမျဉ်းစည်းကမ်းများမှာ တိကျစွာ သတ်မှတ်ထားခြင်းမရှိ၊ အမြဲတမ်း ပြောင်းနေတတ်ကာ ယင်းတို့နှင့် ပတ်သက်သည့် အချက်အလက်များကို ဖြန့်ဝေရာတွင် အားနည်းပါသည်။ ဤသို့ ကန့်သတ် ချုပ်ချယ်သည့် အနေအထားအောက်တွင် ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

 (ခ) အဆိုးမြင်ရှုထောင့်

၆၈။ အဆိုးမြင်သူများက အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုလုပ်ရန် အလွန်ပင် ခက်ခဲမည်ဟု ယူဆကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိပ်တန်းခေါင်းဆောင်များ၊ အာဏာရ နိုင်ငံရေး အကြီးအကဲများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပေါင်းဖက်ကာ အကျိုးအမြတ်များစွာ ခံစားနေကြသည်ဖြစ်၍ အပြောင်းအလဲ ပေါ်ထွက်လာဖို့ အလှမ်းဝေးလှပါသည်ဟု ဆိုပါသည်။ ဗြိတိန်နိုင်ငံမှာပင် အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်ရန် နှစ်ပေါင်း ၁ဝဝ ကျော် အချိန်ယူခဲ့ရသည်ဟု အဆိုးမြင်ဝါဒီများက ထောက်ပြကြပါသည်။ ထိုမျှမက ယခုအာရှနိုင်ငံ အတော်များများတွင် ဆောင်ရွက်နေကြသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များမှ သိသိသာသာ အကျိုးသက်ရောက်မှုများ မတွေ့ရှိရသေးကြောင်းကို ထောက်ပြကြပါသည်။ ဥပမာအားဖြင့် အိမ်နီးချင်း နိုင်ငံတစ်ခုတွင် ထိပ်တန်းခေါင်းဆောင်များ ဦးဆောင်၍ အဂတိလိုက်စားမှုအပေါ် အရေးပေး တိုက်ပွဲဆင်လာခဲ့သည်မှာ ၁ဝနှစ်နီးပါး ကြာမြင့်ပြီ ဖြစ်သော်လည်း မျှော်လင့်ထားသည့် အောင်မြင်မှု မရသေးပါ။ ထိုနိုင်ငံတွင် ၁၉၉၈ခုနှစ်အတွင်း အဂတိလိုက်စားမှုပေါင်း ၃၅ဝ၈၄ မှုကိုစုံစမ်းစစ်ဆေးခဲ့ပြီး ၂၆၈၃၄ မှုကို အရေးယူခဲ့သည်ဟု ဆိုပါသည်။ ထိုမျှမက အဂတိလိုက်စားမှုကြောင့် ပါတီနှင့် အစိုးရအဖွဲ့ထဲမှ ထင်ရှားသော ခေါင်းဆောင်များနှင့် စီးပွားရေးလောကမှ ပုဂ္ဂိုလ်ကြီးများကို ဖမ်းဆီး အရေးယူခဲ့သည်ဟု သိရပါသည်။ သို့သော် ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိခဲ့ပါ။ ဤကျေနပ်ဖွယ်မရှိသည့် ရလဒ်ကို ခေါင်းဆောင်များ ကိုယ်တိုင် ဝန်ခံခဲ့ပါသည်။ သို့အတွက် ထိုနိုင်ငံ၏ ဝန်ကြီးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရှေ့လာမည့် နှစ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အဓိက အမျိုးသားရေး ရည်မှန်းချက် လေးရပ်ထဲတွင် ရွေးချယ် သတ်မှတ်လိုက်ပါသည်။

၆၉။ အဂတိလိုက်စားမှု တိုက်ပွဲအနေဖြင့် မျှော်မှန်းထားသည့် အောင်မြင်မှုမရ ဖြစ်နေချိန်တွင် အခြေအနေကို ပို၍ ဆိုးရွားစေသော ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့ပါသည်။ ဥပမာပေးရမည်ဆိုပါက နိုင်ငံအချို့တွင် အစိုးရ အရာရှိများအနေဖြင့် စည်းမျဉ်း စည်းကမ်းများကို မိမိတို့ ဝင်ငွေတိုးပွားလာရေးအတွက် နည်းနာတစ်ရပ်အဖြစ် သဘောထားလာကြပါသည်။ ဝင်ငွေတိုးရရေးအတွက် စည်းမျဉ်းသစ်များကို ချမှတ်၍ တည်ဆဲစည်းမျဉ်းများကို မိမိတို့ အကျိုးအတွက် ပြောင်းလဲ သတ်မှတ်မှုများ ပြုလုပ်ကြပါသည်။ ထို့အပြင် လူထုနှင့် ဆက်ဆံရသော အစိုးရရုံး အချို့တွင် ငွေကို ပေါ်ပေါ်တင်တင် တောင်းဆိုခြင်းနှင့် လူတွေမလိုချင်၊ သိပ်လည်းမလိုအပ်သော ၎င်းတို့ဌာနမှထုတ်သော ပြက္ခဒိန်၊ မဂ္ဂဇင်းနှင့် မှတ်စုစာအုပ်များကို ဝယ်ကြရပါသည်။

၇ဝ။ ဤသို့ စနစ်တစ်ရပ် အဂတိလိုက်စားမှု (systemic corruption) နှင့်ပတ်သတ်သက်သော အခြေခံကျသည့် အခက်အခဲတစ်ခုမှာ လူထု၏ အခြေအနေအရ သဘောထား အမြင် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ အဂတိလိုက်စားမှု မရှိလျှင် အများအတွက် ပိုကောင်းသည့်တိုင်အောင် ထိုစနစ်ကြီးကို ရှောင်မရ ဖြစ်နေပါသည်။ ထို့ကြောင့် ကြိတ်မှိတ် သည်းခံကာ အဆိုးထဲမှ အကောင်းဆုံးအဖြစ် လာဘ်ပေးခြင်းဖြင့်သာ နေထိုင်ကြရပါတော့သည်။ ‘‘ပြောင်းလို့မရတဲ့ကိစ္စကို ဘာကြောင့် ဒုက္ခခံ ပြောင်းနေမှာလဲ’’၊ ‘‘ဘာကြောင့် အုတ်နံရံကို ခေါင်းနဲ့ဆောင့်ရမှာလဲ’’၊ ‘‘ဘာကြောင့် ကျွဲပါးစောင်းတီးမှာလဲ’’ စသည့် သဘောထား အတွေးအခေါ်တို့မှာ ဤကဲ့သို့ လူ့အဖွဲ့အစည်းတွင် ရေပန်းစားလာပါသည်။