Super Star K2 ပြိုင်ပွဲဝင် အဆိုတော်များဖြစ်သည့် ကင်ဂရင်း နှင့် လီဘိုရမ်တို့က အဆိုတော် ဆုဟီး နှင့် ပူးပေါင်းကာ Woman Power အမည်ရှိ အမျိုးသမီး တေးဂီတ အုပ်စုကို ဖွဲ့စည်းသွားမည်ဟု ဆိုသည်။ သူတို့အဖွဲ့၏ ပထမဦးဆုံး တေးအယ်လ်ဘမ်ဖြစ်သည့် Hate You Hate You ကို နိုဝင်ဘာ ၉ ရက်တွင် စတင်နားဆင်ရတော့ မည်ဟု သိရသည်။ ထင်ရှားသော တေးရေးဆရာ ချို ယောင်ဆူးက Woman Power ဟူသော အမည်ကို စိတ်ကူးရခဲ့ခြင်း ဖြစ်ပြီး အဆိုတော်သုံးဦးတို့၏ အရည်အသွေး များကို အတူတကွ ပေါင်းစည်းမှုပြုထားသည့် အဓိပ္ပာယ်လည်းဖြစ်သည်။

