ဆိုးလ်မြို့ မှာရှိတဲ့ မျက်နှာ အလှပြင် ခွဲစိတ်ပြုပြင်မှု ဆိုင်ရာ ဝက်ဘ်ဆိုက် တစ်ခုကနေ လေ့လာ ဆန်းစစ် မှု တစ်ခုပြုခဲ့ပါတယ်။ ဒီဝက်ဘ်ဆိုဒ်ကနေ ဆောင်းရာသီ ရဲ့ အဦးအစ နှင်းကျတဲ့ အချိန်ကာလမှာ လူအများက ချိန်းအတွေ့ချင်ဆုံးသူ ဘယ်သူဖြစ်မလဲ ဆိုတာ လေ့လာဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အင်တာနက် အသုံးပြုသူ ၁၁၁၂ဦး ရဲ့သဘောထားကို စစ်တမ်းကောက်ယူခဲ့ရာမှာ ၄၁ဒသမ ရာခိုင်နှုန်း ကတော့ Girl Generation အဖွဲ့သားတစ်ဦး ဖြစ်တဲ့ တေယီအွန်ကို ချိန်းတွေ့ ချင်ပါတယ်တဲ့။ တေယီအွန် ရဲ့ ချစ်ခင် နှစ်လိုဖွယ်ရာ ပုံရိပ်က ပုရိသငနဲသား အတော်များများရဲ့ အကြိုက်ဖြစ်တဲ့ အတွက် ဒီလို ပဲပေးခြင်းခံရတာ ဖြစ်တယ်လို့ မျက်နှာ အလှပြင် ခွဲစိတ် ပြုပြင်ရာ ဝက်ဘ်ဆိုက်က ပြောကြားခဲ့ပါတယ်။ တေယီအွန် ရဲ့ နောက် ဒုတိယ နေရာမှာ 2NE1 ရဲ့ ဆန်ဒရာပတ်၊ တတိယက Wonder Girl ရဲ့ ဆိုဟီးနဲ့ Tara ရဲ့ အွန်ဂျွန်ဝမ် တို့ကို အသီးသီး မဲပေးခဲ့ကြပါတယ်။

