» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



Toyota ကုမ္ပဏီက ကျန်းမာရေး စောင့်ရှောက်ပေးသော စက်ရုပ်များဖန်တီး

 

Toyota Motor ကော်ပိုရေးရှင်းက ကျန်းမာရေးစောင့် ရှောက်ပေးသော စက်ရုပ်များကို ပွဲထုတ် ခဲ့ကြောင်းသိရသည်။ ကျန်းမာရေး စောင့်ရှောက် ပေးသော စက်ရုပ်များမှာ အားအင်ချည့်နဲ့ နေသူများ နှင့် အသက်အရွယ် အိုမင်းသူများ အတွက် အထောက်အကူပြု စေရန် ရည်ရွယ် ထုတ်လုပ် ခြင်းလည်းဖြစ်သည်။

Toyota  ကုမ္ပဏီ က စက်ရုပ်လေးမျိုး ဖန်တီး ထုတ်လုပ်ထား ပြီး လမ်းလျှောက် ရန် အခက်အခဲ ရှိသူများနှင့် အိပ်ရာထဲလဲနေသော လူနာများ အတွက် အထောက်အကူ ရစေရန် ဖန်တီးထားခြင်း လည်းဖြစ်သည်။

Toyota ကုမ္ပဏီသည် ကမ္ဘာ့ အကြီးဆုံး မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများထဲမှတစ်ခုဖြစ်ပြီး မော်တော်ကားများရှိ နည်းပညာဖွံ့ ဖြိုးတိုးတက်မှုကို အသုံးချ၍ စက်ရုပ်များ ဖန်တီးထားခြင်း လည်းဖြစ်သည်။ အနာဂတ်ကို ကြိုတင် မှန်းဆရန် ခက်ခဲမည်ဟုလူတိုင်းက တွေးတတ်ကြမည် ဖြစ်သော်လည်း အသက်အရွယ် အိုမင်းလာသူ တစ်ဦး၏ အနာဂတ်ကို မူ အတိအကျ မှန်းဆနိုင်မည် ဖြစ်ကြောင်း ဖူဂျိတ ကျန်းမာရေးတက္ကသိုလ် မှ ပါမောက္ခ အိချိဆိုင်တို့က ပြောကြားခဲ့သည်။ ထို တက္ကသိုလ် သည် စက်ရုံများ တိုးတက်မွမ်းမံရာတွင် Toyota ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ သည့် တက္ကသိုလ် လည်း ဖြစ်သည်။

Toyota မှ ဖန်တီးထားသော စက်ရုပ်လေးမျိုးအနက် လွတ်လပ်စွာ လမ်းလျှောက်ရန် အကူအညီပေးသော စက်ရုပ်မှာ အသုံးပြုသူ၏ခြေထောက်တွင် ချည်နှောင်ထားပြီး အာရုံခံ ကိရိယာက ခြေထောက်များ ရွေ့လျားလှုပ်ရှားစေရန် ကြိုတင် တွက်ဆပေးမှု ပြုကြောင်း သိရသည်။

လမ်းလျှောက် လေ့ကျင့်ရေး အထောက်အကူ ပြုစက်ရုပ်မှာ လေဖြတ် ဝေဒနာ ခံစားနေရသူများ သို့မဟုတ် ထိခိုက် ဒဏ်ရာရရှိသူများအတွက် သူတို့၏ ခြေထောက်ကို ပုံမှန်အတိုင်း ပြန်လည် အသုံးပြုလာနိုင်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ လူနာကို ရွှေ့ပြောင်းပေးရန် အတွက် ထောက်ကူပေးသော စက်ရုပ်မှာ သယ်မနိုင်သော လက်များဖြင့် ရွေ့လျားစင်တို့ကို ပေါင်းစပ် ဖန်တီး ထားခြင်းဖြစ်ပြီး အိပ်ရာထဲ လဲနေသော လူနာအား အိပ်ရာထဲမှ ချီမရန်အတွက် ရည်ရွယ် ဖန်တီးထား ခြင်းဖြစ်သည်။