» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ထိုင်းရေကြီးမှုကြောင့် ထိုင်းကုန်စည်များ စျေးတက်

မြန်မာနိုင်ငံ တွင်းသို့ တင်သွင်းလျက်ရှိသော ထိုင်းကုန်စည်များ အဝင်ရပ်နားထားပြီး လက်ကျန် ပစ္စည်းများမှာလည်း မူလဈေးထက် မြင့်တက်လျက်ရှိကြောင်း ညောင်ပင်လေး ဈေးကွက်အတွင်းမှ သိရသည်။

ထိုင်းနိုင်ငံတွင် ရေကြီး ရေလျှံမှုများကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းထားကြရပြီး လိုအပ်သည့် ပြင်ဆင်မှုများနှင့် အချိန်ယူနေကြရကြောင်း သိရသည်။

သို့ဖြစ်ရာ ပြည်တွင်းသို့ ဝင်ရောက်လျက်ရှိသည့် ခေါက်ဆွဲခြောက်၊ နို့ဆီ၊ နို့မှုန့်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အဖျော်ယမကာ ပစ္စည်းတင်သွင်းမှု ရပ်နားမှုများ ရှိကြောင်း သိရသည်။

''အခု ထိုင်းက ပစ္စည်းအဝင်တွေ ရပ်ထားတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ လလယ်ကစပြီး တဖြည်းဖြည်းနဲ့ အဝင်မရှိတော့ဘူး။ အခုရောင်းနေတာတွေက အရင်က လက်ကျန်ပစ္စည်းတွေပဲရှိတယ်။ ပြီးခဲ့တဲ့ အပတ်လောက်တည်းက ပြည်တွင်းထုတ် ပစ္စည်းတွေပဲ ရောင်းနေရတယ်။ ပြည်တွင်းထုတ် ကုန်စည်လဲ ဈေးနည်းနည်း တက်လာတယ်။ ထိုင်းကုန်စည်တွေလဲ ဈေးအပြောင်းအလဲ ရှိလာတယ်။ ဈေးအကျဘက်မှာတော့ မရှိဘူး''ဟု အထွေထွေ ကုန်ပစ္စည်း ရောင်းဝယ်ရေးစတိုးမှ ဦးကြင်ထွန်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်မှုဇုန်ကြီးများနှင့် အလုပ်ရုံ၊ စက်ရုံများ ရပ်နားထားကြရပြီး မြို့တော် ဗန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်း လူပေါင်း နှစ်သန်းခွဲနီးပါး အတိ ဒုက္ခရောက်ခဲ့ကြရကြောင်း သိရသည်။

အဆိုပါဂယက်သည် ထိုင်းနိုင်ငံအပါအဝင် ယင်းနှင့် ဆက်စပ်လျက်ရှိသည့် ကုန်စည် စီးဆင်းမှုရှိသော အိမ်နီးချင်း နိုင်ငံများသို့ ကူးစက်မှု ရှိခဲ့သည့်အတွက် ကုန်စည် စီးဆင်းမှုများ ပြန်လည် ကောင်းမွန်လာရန် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ထိုင်းအစိုးရက ထုတ်ပြန်တဲ့ သတင်းတွေအရ တော်တော်လေး အချိန်ယူရဦးမယ်လို့ ထင်တယ်။ အဲဒီဂယက်က တစ်လကျော် နှစ်လနီးပါး ရှိပြီဆိုတော့ ကုန်စည် သယ်ယူမှုနဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် လုပ်နေကြရတယ်။

ထိုင်းကဝင်တဲ့ ဟင်းခတ်မှုန့် ဈေးတွေလည်း မြင့်နေတုန်းပဲ။ အလှကုန်ပစ္စည်း အနည်းအကျဉ်း ဈေးမတက်ပေမယ့် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဈေးမြင့်လာတယ်''ဟု အလှကုန် ရောင်းဝယ်ရေးစတိုးမှ မချိုချိုဝင်းက ပြောသည်။