၁၉၈၃ခုနှစ် မတ်လ ၂ဝရက် နယူးယောက်မြို့ မက်ထရိုပိုလီတန် အနုပညာပြတိုက်တွင်ဖြစ်သည်။ ရှေးခေတ် ဂရိပန်းပုရုပ်လက်ရာများကို စတိဂျော့က ငေးစိုက်ကြည့်နေသည်။ သူနှင့်အတူရှိနေသူက ပက်စီအချိုရည် ကုမ္ပဏီအကြီးအကဲ ဂျွန်စကူလီ။ ထိုအချိန်က အက်ပဲလ်ကုမ္ပဏီကို ထူထောင်ရန် စတိဂျော့က စကူလီကို ဆွဲဆောင် စည်းရုံးနေချိန်ဖြစ်သည်။ သူတို့နှစ်ဦးက ပြတိုက်ထဲမှထွက်လာခဲ့ကြသည်။ ပြီးတော့ ပန်းခြံကိုဖြတ်၍လျှောက် လာကြသည်။ သူတို့ဦးတည်သွားနေသည်က ဆန်ရီမိုတိုက်ခန်းအဆောက်အအုံ ရှိရာဖြစ်သည်။ ထိုအိမ်ရာ အဆောက်အအုံမှာ ဂျော့၏ အနာဂတ် နေထိုင်ရာနေရာ လည်းဖြစ်သည်။ သူတို့နှစ်ဦးက အဆောက်အအုံ၏ အနောက်ဘက် လသာဆောင်တွင် ရပ်နေရင်း ဟပ်ဆန်မြစ်ကို မျှော်ကြည့်နေကြသည်။ ထိုအချိန်မှာပင် ဂျော့ထံမှ စကားသံ ထွက်လာခဲ့သည်။ ''ဒါနဲ့ ခင်ဗျားဘဝတစ်လျှောက်လုံးအချိုရည်ပဲ ရောင်းနေတော့မှာလား။ ကမ္ဘာ လောကကြီးကို ပြောင်းလဲ ပစ်ဖို့ကော စိတ်ကူးမရှိဘူးလား'' ထိုစကားမှာ ဂျော့၏အကျော်ကြားဆုံး လက်သုံးစကား များထဲမှ တစ်ခုဖြစ်လာခဲ့သည်။ သူ၏ရူးသွပ် လောက်အောင် ထူးချွန်ပြောင်မြောက်မှုနှင့် မတူဘဲ ကွဲပြားစွာ တွေးဆမှုပြုခဲ့သည့်တစ် လျှောက်လုံး ထိုလက်သုံးစကားကို အသုံးပြုခဲ့ သည်။ နောက်တော့ စတိဂျော့ဆိုသူသည် အသက်(၂၈)နှစ်အရွယ်မှာပင် ကမ္ဘာလောက ကြီးကို ပြောင်းလဲမှုပြုလာခဲ့သည်။ နောက်တော့ ဆက်ကာဆက်ကာ အပြောင်းအလဲတွေကိုပြုခဲ့ သည်။ သူသည် ရာစုနှစ်၏ လေးပုံတစ်ပုံခန့် တစ်ခုပြီးတစ်ခု အပြောင်းအလဲပြုနေခဲ့သူ လည်းဖြစ်သည်။ စင်စစ်ဂျော့သည် စီးပွားရေး နှင့် နည်းပညာနယ်ပယ်တွင် အရေးပါဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။ အလားတူပင် ကျွန်ုပ်တို့ခေတ်၏ ယဉ်ကျေးမှုဆိုင်ရာ အလွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးလည်းဖြစ်သည်။ သူ၏ စိတ်ကူးအကြံအစည် ၏နောက်ကွယ်တွင် နိုးကြား တက်ကြွသော အင်အားရှိသည်။ ထိုအင်အားက ကျွန်ုပ်တို့ ၏ဘဝများကို အကျိုးသက်ရောက်စေသော၊ ဖြည့်စွမ်းပေးသော ဖန်တီးပေးမှု၏ အဓိက အရင်းအမြစ်များလည်းဖြစ်သည်။ ဂျော့၏ အကောင်းတကာ့ အကောင်းဆုံးများကို မရပ်မနားလုပ်ဆောင်နေခြင်းသည် သူ၏ အကျော်ဇေယျဖြစ်မှု၏ ပဓာနကျသော အစိတ်အပိုင်းလည်းဖြစ်သည်။ ၁၉၇ရခုနှစ်တွင် အက်ပဲလ်ကုမ္ပဏီ၏ ပထမဦးဆုံးရုံးချုပ်သည် ဆိုနီ၏ ဒေသ ဆိုင်ရာအရောင်းရုံးခန်းနှင့် အဆောက်အအုံတစ်ခုတည်းတွင် ဖြစ်သည်။ ဆိုနီရုံးခန်းရှေ့ မှဖြတ်သွားတိုင်း ဂျော့က ဆိုနီကုမ္ပဏီ၏ အသေးစိတ်ကျ၍ပီပြင်လှသော လိုဂိုတံဆိပ်ကို မက်မက်မောမော ငေးကြည့်နေတတ်သည်။ ထိုလိုဂိုတံဆိပ်က ဈေးကွက်တွင် မည်မျှအထိဆွဲဆောင်မှုပြုနိုင်သည်ကိုလည်း သူက သတိ ပြုနေမိသည်။ ယင်းသည် အများပြည်သူတို့အား တင်ဆက်မှုများထဲမှ တစ်ခုလည်းဖြစ်သည်ဟု သူကနား လည်သဘောပေါက်ခဲ့သည်။ ဂျော့သည် ဈေးကွက်သုတေသနပြုခြင်းအပေါ်ကိုးစားသည်ထက် သူ၏ ထုတ်ကုန်ပစ္စည်းများ နှင့်ပတ်သက်၍ မဆုတ်မနစ် ဒီဇိုင်းပုံစံဖော်မှုအပေါ်တွင်သာ အလေးထားလုပ် ဆောင်သူဖြစ်သည်။ မော်နီတာနှင့်ကွန်ပျူတာကို သေတ္တာ အိမ်တစ်ခုတည်းတွင် ပေါင်းစပ် ဖန်တီးထား သည့် ငြခေ နှင့်ပတ်သက်၍ လုပ်ငန်း ဆိုင်ရာ သုတေသနပြုသည့်အဖွဲ့က တစ်ခုတည်းဖြင့် အစုံသုံးနိုင် သည့်ပစ္စည်းကို သုံးစွဲသူတို့က ဝယ်ယူမည်မဟုတ်ဟု သုံးသပ်ခဲ့ကြသည်။ သို့ရာတွင် ဂျော့က လက်မ လျှော့ခဲ့။ သူ၏လုပ်ဖော်ကိုင်ဖက်များအား ''ကျွန်တော်ဘာလိုချင်တယ်ဆိုတာကို သူတို့သိသလို သူတို့ ဘာလိုချင်လဲဆိုတာကို ကျွန်တော်သိတယ်''ဟု ပြန်လည်ပြောပြခဲ့ သည်။ အမှန်ပင် သူပြောသည့်အတိုင်းဖြစ်သည်။ ဂျော့ကသုံးစွဲသူနောက်ကို လိုက်သူမဟုတ်။ သုံးစွဲ သူတို့က သူ့နောက်ကိုလိုက်ကာ အကြိုက်တွေ့စေခဲ့သူဖြစ်သည်။ ယင်းသည်ပင် ဂျော့၏ထူးချွန်ထက် မြက်မှုအရည်အသွေးဖြစ်သည်။ နောက်ဆုံးတော့ စကူလီသည်လည်း ဂျော့၏ဆွဲဆောင် မှုကို မတွန်းလှန်နိုင်တော့။ စကူလီက အက်ပဲလ်ကုမ္ပဏီ၏စီအီးအိုဖြစ်လာခဲ့ သည်။ နှစ်နှစ်ခန့်အကြာတွင်မူ စကူလီက ဂျော့ကို စိတ်ချဉ်ပေါက်လာခဲ့ သည်။ ဂျော့ကို ကုမ္ပဏီမှ ကန်ထုတ်ခဲ့သည်။ မိတ်ဆွေ၏သစ္စာဖောက်မှုက ဂျော့ကို ကမ္ဘာလောကကြီးအတွင်း အဖော်မဲ့သလိုခံစားခဲ့ရသည်။ ဂျော့ ၏အသွင်သဏ္ဌာန်မှာ အလွန်ပင် စိတ်ဖိစီးမှုဝင်နေပုံရသည့်အတွက် သူနှင့်ရေရှည်လက်တွဲလာခဲ့သည့် မိတ်ဆွေမိုက်မူရေး (အက်ပဲလ် အ လုပ် အမှုဆောင်အရာရှိ) က ဂျော့တစ်ယောက် ကိုယ့်ကိုယ့်ကိုယ် အဆုံးစီရင်လိုက်မည်ကိုပင် စိုးရိမ်နေခဲ့သည်။ ဆောက်တည်ရာမရဖြစ်နေသော ဂျော့သည် ပြင်သစ်နိုင်ငံ ရှိ ဝုဒ်ဆိုက်မှ သူပိုင်ဆိုင်သည့်အိမ်ကြီးတွင် သွားရောက်နေထိုင်ကာ ဥယျာဉ်စိုက်ပျိုးရင်း အချိန်ဖြုန်းနေခဲ့သည်။ နောက်ဆုံးတော့ သူ၏ထွက် ပြေးလွတ်မြောက်မှုစိတ်ကူးယဉ်ဝါဒတစ်ခန်းရပ်ခဲ့ပြီး Next နှင့် Pixar ကုမ္ပဏီနှစ်ခုကို ထူထောင်ခဲ့သည်။ ထိုကုမ္ပဏီနှစ်ခုစလုံး မှာငွေကြေးအရ သောက်သောက်လဲ အရှုံးတွေ့စေခဲ့သည့်အတွက် သူ၏ အက်ပဲလ် စတော့ရှယ် ယာများကို ရောင်းချကာ အသက်ဆက်နေခဲ့ရသည်။ မည်သို့ဆိုစေ ဂျော့က လက်မြှောက် အရှုံးမပေးခဲ့ပါ။
'ဒါနဲ့ ခင်ဗျားဘဝတစ်လျှောက်လုံး အချိုရည်ပဲ ရောင်းနေတော့မှာလား။ ကမ္ဘာလောကကြီးကို ပြောင်းလဲပစ်ဖို့ကော စိတ်ကူးမရှိဘူးလား
သူ၏အံ့အားသင့်ဖွယ်ရာ ပြန်လည် ရုန်းထလာမှုက နောက်ဆုံးတွင် ကျွန်ုပ်တို့၏နေ့စဉ်ဘဝကို ပုံဖော်ခဲ့သည်။ ipad နှင့် iphone ကဲ့သို့သော ကိရိယာများ ကိုဖန်တီးခဲ့သည်အထိ အောင်မြင်မှုကို ပြန်လည်ရယူနိုင်ခဲ့သည်။ ၁၉၉၅ခုနှစ်တွင် လုံးဝမျှော်လင့်ချက်မဲ့နေသော အနေအထားမှ Pixar ကုမ္ပဏီသည် ပထမဦးဆုံးကွန်ပျူတာအထူးပြုလုပ် ချက်များဖြင့် ဖန်တီးထားသည်။Toy Story အင်နီမေးရှင်းရုပ်ရှင် ဇာတ်ကားကို ဖန်တီးခဲ့သည်။Toy Story ၏အောင်မြင်မှုက အသက်(၄၀)အရွယ်တွင် ဂျော့ကို ဘီလျံနာတစ်ဦးဖြစ်စေသကဲ့သို့ သူ၏ Next ကုမ္ပဏီအား အက်ပဲလ်ကုမ္ပဏီသို့ အမေရိကန် ဒေါ်လာသန်း ၄၀ဝနှင့်ရောင်းချခဲ့သည်။ ယင်းသည်ပင် ဆယ်စုနှစ်တစ်ခုကြာ အက်ပဲလ်နှင့် ကင်းကွာနေရာမှ အံ့အားသင့်ဖွယ်ရာ ပြောင်းပြန်လှန် နိုင်မှုလည်းဖြစ်သည်။ ယင်းသို့ဖြင့် အက်ပဲလ်သည် Microsoft နှင့် Google တို့ကဲ့သို့ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံးကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။ ဂျော့သည် ကျောင်းသားဘဝက တည်းက ပင် ပေါင်းရသင်းရလွယ်ကူ၍ ချိုသာ ယဉ်ကျေးသူအဖြစ်သိခဲ့ကြသည်။ သူသည် ကျောင်းသားဘဝကပင် အရောင်းအဝယ်နှင့် ပတ်သက်၍ အရည်အသွေးရှိသူအဖြစ် သူ၏ ဗီဇကိုပြသခဲ့သည်။ သူသည် အဟောင်းဈေး မှကက်ဆက်တစ်လုံး ကိုဝယ်ယူကာ ပြန် လည်မွမ်းမံတပ်ဆင်၍ အမြတ်နှင့်ပြန်လည် ရောင်းချခဲ့သည်။ အထက်တန်းကျောင်း သားဘဝက သူ၏ချစ်သူ ခရစ်အန်းဘရင်နန် အား တစ်နေ့ကျလျှင် သူသည် သန်းကြွယ်သူဌေး ဖြစ်လာမည့်သူအဖြစ် ပြောကြားခဲ့သည်။ သို့ရာတွင် သူ၏စီးပွားရေးဗီဇနှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသည့် အခြားသောစိတ် အားထက်သန်သည့်စရိုက် တစ်ခုမှာ ဘော့ဒိုင်လန်ကို ပုဂ္ဂိုလ်ရေးကိုး ကွယ်သည်အထိ နှစ်သက်စွဲလမ်းခြင်းဖြစ် သည် ဘော့ဒိုင်လန်၏သီချင်းမှန်သမျှ တစ် ပုဒ်မကျန် နားထောင်သူဖြစ်သည်။ (အက်ပဲလ်၏အစုရှယ်ယာရှင်များ တွေ့ဆုံဆွေးနွေးပွဲမှာပင် ဘော့ဒိုင်လန်၏တေးစာသား များကို ကိုးကားပြောဆိုတတ်သူဖြစ်သည်) အိန္ဒိယနိုင်ငံသို့ ဘုရားဖူးခရီး ထွက်ခွာစဉ်အတောအတွင်း ဂုရု တစ်ပါးကို ဖူးတွေ့ရန်သွားရောက်ခဲ့သည်။ သူ၏ကောလိပ်ကျောင်း နေဖက်သူငယ်ချင်း ဒန်ကော့ကီနှင့် ရုပ်ဝါဒစွန့်လွှတ်ခြင်းအကြောင်းကို ပြောဆိုဆွေး နွေးခဲ့သည်။ အက်ပဲလ်ကို မစတင်မီကာလက ဇင်ဗုဒ္ဓဘာသာဝါဒီတစ်ဦးအဖြစ် ဝင်ရောက်ရန်ပင် စဉ်း စားခဲ့သည်။ ၁၉၇၆ခုနှစ် သူ၏အသက်(၂၁)နှစ်အရွယ်တွင် အက်ပဲလ်ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ သောဂျော့အနေဖြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာသည် လုံးလုံး လျားလျား တော်လှန် ပြောင်းလဲပစ်လိုက်မည့် ရှေ့ပြေးနိမိတ်အဖြစ် နားလည်သဘောပေါက်နေသကဲ့သို့ သူသည်လည်း ထိုသို့သော တော်လှန်ပြောင်း လဲမှုပြုသည့် ဦးဆောင်သူများအနက်မှ တစ်ဦးဖြစ်လာမည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။ ထိုအတောအတွင်း သူ၏မိတ်ဆွေများက ဘရင်နန်နှင့်ဂျော့တို့ ချစ်ကြိုးသွယ်နေဆဲဟု နားလည်ထားကြသော်လည်း ဂျော့ ၏စိတ်ခံစားမှုရစ်တွယ်နေသည့်နေရာမှာ အက်ပဲလ်တွင်သာဖြစ်ကြောင်း ရှင်းလင်းမြင်သာခဲ့သည်။ ဘရင် နန်တွင် ကိုယ်ဝန်လွယ်ထားရသည့်အခါတွင်မူ ဂျော့က ဖခင်အဖြစ်တာဝန်ယူရန် ငြင်းဆန်ခဲ့သည်။ ဘရင်နန်ကမူ ကောင်တီတရားရုံးမှနေ၍ သူမနှင့်သမီးငယ်လီဆာတို့အား ငွေကြေးထောက်ပံ့ရန် ဥပဒေအ ကြောင်းအရ တောင်းဆိုခဲ့သည်။ ထိုကာလအတောအတွင်း ဂျော့၏ပုဂ္ဂိုလ်ရေးဘဝမှာ မတည်မငြိမ်ရှိ နေခဲ့သော်လည်း စတန်းဖို့ဒ်စီးပွားရေးကျောင်းမှ ကျောင်းသူ လောရင့်ပါဝဲလ်နှင့် လက်ထပ်လိုက်သည့် အချိန်တွင်မူ သူ၏ဘဝမှာ အနည်းငယ်အနည်ထိုင်သလိုရှိလာခဲ့သည်။ ပါဝဲလ်သည် ဂျော့အတွက် သားတစ် ဦးနှင့် သမီးနှစ်ဦးကို မွေးဖွားပေးခဲ့သည်။ မည်သို့ဆိုစေ ဂျော့က သားသမီးများကို အသည်းတုန်အူတုန်ချစ် သည့် ဖခင်တစ်ဦးအဖြစ်ပြသခဲ့သည်။ ၁၉၈ဝပြည့်နှစ်လောက်က ဘီလ်ဂိတ်နှင့် ဂျော့တို့သည် ဆီလီကွန်ဗယ်လီမှ စွန့်စားရင်းနှီး မြှုပ်နှံသူအမျိုးသမီးနှစ်ဦးနှင့် အပြန်အလှန်ချိန်းတွေ့မှုပြုခဲ့ကြသည်။ ဂိတ်သည် ကြီးကျယ် သောစီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ်သိထားကြသော်လည်း သူက နည်းပညာဆိုင် ရာ စိတ်ကူး ထက်မြက် သူအဖြစ် လူအများ ၏ အသိအမှတ်ပြုမှုကို ခံယူရန် လိုလားနေသူ ဖြစ်သည်။ ဂျော့ကမူ ဂိတ်၏ အကျော်ဇေယျစီးပွားရေးလုပ်ငန်းရှင်ဟူသောဂုဏ်ပုဒ်ကို တမ်းတ နေသူဖြစ်သည်။ လွန်ခဲ့သည့် ရှစ်နှစ်တာကာလတွင် ဂျော့တွင် ကင်ဆာရောဂါစွဲကပ်ခဲ့သည်။ ထိုသို့ တုန်လှုပ်ချောက်ချားစရာအနေအထားမှ အခြားသော အတားအဆီးများကို ကျော်လွှားနိုင် ခဲ့သလို ယခုအကြိမ်တွင်လည်း ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားခဲ့ကြသည်။ နောက် တော့ ပထမဦးဆုံးအကြိမ်ဆေးခွင့်ယူသည်။ ကင်ဆာအကျိတ်များကို ဖယ်ရှားခဲ့သည်။ ဒုတိယအကြိမ် ဆေးခွင့်ထပ်ယူပြန်သည်။ ယခုအကြိမ် တွင်လည်း ဂျော့ ပြန်လာဦးမည်ဟု အားလုံးက ယုံကြည်ထားကြသည်။ သို့ရာတွင် တတိယအကြိမ်တွင်မူ ဂျော့မှာ တစ်သက်တာထာဝရ ပြန်မလာနိုင်တော့။ မည်သို့ဆိုစေ ဂျော့ကဲ့သို့ မဆုတ်မနစ်သော စိတ်ဖြင့် အနာဂတ်အတွက် ဖန်တီးမှု ပြုနေတတ်သူတစ်ဦး ဤလောကမှပျောက်ကွယ်သွားသည်ကိုမူ ယုံကြည်နိုင်ရန်ခက်နေဆဲဖြစ်သည်။

