» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အစားအစာဥပဒေထုတ်ပြန်ကြေညာသင့်ပြီ

ဤကဲ့သို့ ဆွေးနွေးကြရာတွင် အစားအစာဥပဒေ (General Food Law) နှင့် ပတ်သက်၍ ယနေ့ အထိတင်ပြဆွေးနွေး အဆိပြုခြင်းမရှိသေးပါ။ မြန်မာနိုင်ငံတွင် အစားအစာဥပဒေကို ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ပြဋ္ဌာန်းထားသော အစားအစာဆိုင် ရာ ဥပဒေတစ်ရပ် ရှိကြောင်း သိရ ပါသည်။ ၎င်း ဥပဒေအား သက်ဆိုင်ရာဝန်ကြီး ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပညာရှင်များက ပညာရပ်ဆိုင်ရာ ဟောပြောပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ အများပြည်သူ၏ စားသောက်မှုဆိုင်ရာ ကျန်းမာရေးအသိနှင့် သန့်ရှင်းလတ်ဆတ်၍ ဘေးအန္တရာယ်ကင်းသော အစားအစာများကို ထုတ်လုပ်ရောင်းချ ရွေးချယ် စားသုံး တတ်လာရန် ပညာပေးခြင်း ၊ အသိပေးခြင်းအပြင် ဖောက်ဖျက်ကျူးလွန်မှုများရှိပါက တိုင်ကြားနိုင်ရန်၊ ထိရောက်စွာ အရေးယူနိုင်မှုအတွက် ကူညီပေးနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့်အသိပေးခြင်းအပြင် နိုင်ငံပိုင် သတင်းစာများနှင့် မီဒီယာများမှ တစ်ဆင့်ထုတ်ပြန် ကြေညာအသိပေးသင့်ပါသည်။

food-law

ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပေါ်နေသော အစာအဆိပ်သင့်ခြင်းဖြစ်ရပ်များ၊ အစားအစာနှင့် စားသောက်ကုန်များကို အမြတ်အစွန်း အဆမတန် ရရှိရန်  အတွက် မသမာမှုပြုလုပ် ထုတ်လုပ်၍ စားသုံးသူပြည်သူအများ အသက်အန္တရာယ်ဖြစ် စေသည်အထိ လိမ်လည်ရောင်းချနေခြင်းများအဆက် မပြတ်တွေ့ရှိနေရာထိုကဲ့သို့ သာ ဖြစ်ရပ်ဆိုး များကို တားဆီးရန်အတွက် Food Safety အစားအစာ ဘေး အန္တရာယ် ကင်းရှင်းရေးအတွက်ကျယ်ကျယ်ပြန့်ပြန့်ဟောပြောခြင်း ၊ ပညာပေးခြင်း နှင့် မသမာမှု များအား ဟန့်တားလျော့ နည်း သွားစေခြင်း အတွက် ပြဋ္ဌာန်း ပြီး Food Law ကို အများပြည်သူသိစေရန် ထုတ်ပြန်ကြေညာပေးသင့်ပါသည်။ ၎င်းအစားအစာဥပဒေကို ထပ်မံဖြည့်စွက်ပြင်ဆင်ရန် လိုအပ်မည်ဟု ယူဆပါကလည်း လွှတ်တော်နှစ်ရပ်တွင် အဆိုပြုတင်သွင်း၍လွှတ်တော်၏ သဘောတူခွင့်ပြုချက်ရယူပြီး ပိုမို ပြည့်စုံ ကောင်းမွန်အောင် ကိုယ်စားလှယ်တော်ကြီးများက ဝိုင်းဝန်းဆွေးနွေး အတည်ပြုပေးပြီးနောက် ပြဋ္ဌာန်းခြင်း၊ ထုတ်ပြန်ကြေညာအသိပေးခြင်းများ ပြုလုပ်ပေး သင့်ပါသည်။

အစားအစာ Food Law နည်းတူ အဆိုပြုဝိုင်းဝန်းဆွေးနွေး အတည်ပြုပြဋ္ဌာန်းရန် သို့မဟုတ်ပြဋ္ဌာန်းပြီး ရှိပါကလည်း လိုအပ်မည်ဟု ယူဆပါက ပိုမို ပြည့်စုံ ကောင်းမွန်အောင် ထပ်မံဖြည့်စွက်ပြင်ဆင်နိုင်ရန် ဝိုင်းဝန်း ဆွေး နွေး ကြရန် လိုအပ်သောဥပဒေ သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ရပ်မှာ Labelling Law (or) Regulation ဖြစ်ပါသည်။ စားသောက်ကုန်များ ထုတ်လုပ်ရောင်းချရာတွင် လှလှပပဆွဲ ဆောင်မှုရှိ၍ စားချင် စဖွယ် ထုပ်ပိုးပြင်ဆင်၍ ရောင်းချရာတွင် ၎င်းအစားအစာနှင့် ပတ်သက်သော အချက်အလက်များ ကို ဖော်ပြသည့် Label ဖော်ပြချက်များပါရှိကြပါသည်။

စားသုံး သူ အများစုမှာ ထုပ်ပိုး မှုတွင် Expire Date ခေါ် သက်တမ်းကုန်ဆုံးရက်ကိုသာ အာရုံပြု ဂရုစိုက်ပြီး ကြည့်ရှု၍ ရွေးချယ်ဝယ်ယူစားသုံးတတ်ကြပါသည်။ စားသောက်ကုန်နှင့် ပတ်သက်သောအချက်အလက်များ ဖော်ပြသည် အတိုင်း မှန်မမှန် ဖော်ပြချက် မှန်ကန်မှု ရှိမရှိကို လုံးဝ ဂရုမထားကြပါ။ ဤနှစ်ချက်ကို အခွင့်ကောင်းယူ၍ မရိုးသားသော ထုတ်လုပ်သူများက ထုတ်ပိုးခွံတွင်ပါရှိသော Label တွင် မမှန်မကန် ရိုက်နှိပ်ဖော်ပြ၍ စားသုံး သူများအား လိမ်ညာရောင်း ချမှု ရှိတတ်ပါသည်။ဤဖြစ်ရပ်မျိုးမှာ အခြားနိုင်ငံများတွင်လည်း ဖြစ်နေပါသည်။ ပါဝင်သော Ingredients ပစ္စည်းအာဟာရတန်ဖိုး တာရှည်ခံဆေး၊ ဆိုး ဆေး အရသာ မြှင့်ဓာတုပစ္စည်း ဗီတာမင်ပါဝင်မှုတို့ကို မမှန် မကန် ဖော်ပြတတ်သလို ထုတ်လုပ်သည့် နေ့စွဲ နှင့် သက်တမ်းကုန်နေ့စွဲများကိုလည်း အစကတည်းက မမှန်မကန် ရိုက်နှိပ်ဖော်ပြခြင်း သို့မဟုတ် ပြင်ဆင် ရိုက်နှိပ်ဖော်ပြခြင်း စသော လုပ်ရပ်များသည် စားသုံးသူအား လိမ်လည်ခြင်း ၊ စားသုံးသူများ၏ အခွင့်အရေးအားချိုးဖောက်ခြင်း ၊ စားသုံးသူများအား အန္တရာယ်ဖြစ်စေခြင်း ၊ ထိုမှတစ်ဆင့် ကူးစက်ပြန့်ပွား၍ အများပြည်သူသို့ အန္တရာယ်ထပ်ဆင့်ဖြစ်စေခြင်းများ ဖြစ်စေနိုင်သောကြောင့် လိုအပ်သော ဥပဒေတစ်ရပ်ပြဋ္ဌာန်း ၍ ၎င်း ရှိပြီး ဥပဒေကို ပိုမ ပြည့်စုံကောင်းမွန်အောင် ထပ်မံပြင်ဆင်ဖြည်စွက်၍လည်းကောင်း ထုတ်ပြန်ကြေညာပြီး ဖောက်ဖျက်ကျူးလွန်ပါကလည်း ထိရောက်ပြင်းထန်စွာ အရေးယူအပြစ်ပေးသင့်ပါသည်။

Labelling Law/ Regulation နှင့် ဆက်စပ်နေသော နောက်ဥပဒေတစ်ရပ်မှာ Advertising Law/ Regulation ဖြစ်ပါသည်။ ထုတ်လုပ်သော ကုန်ပစ္စည်းတစ်ခုအား ဖြန့်ချိရောင်းချရာတွင် လူသိများစေရန် နှင့် ရောင်းအားမြှင့်တင်ရန် အလို့ငှာ မီဒီယာမျိုးစုံမှ နေ၍ ကြော်ငြာကြရာတွင် စားသုံးသူများအား ထင်ယောင်ထင်မှားဖြစ်စေပြီး လိမ်လည်လှည့်ဖြားသော ကြော်ငြာရောင်းချမှု Misleading Advertisment ပြုလုပ်မှုများရှိနေသည်ကို တွေ့ရှိရ ပါမည်။ မိမိထုတ်လုပ်သော ကုန်ပစ္စည်း သို့မဟုတ် အစားအစာကို စားသုံး၍မည်ကဲ့သို့ အကျိုးရှိနိုင်ကြောင်း ကျန်းမာသန်စွမ်းနိုင်ကြောင်း သို့မဟုတ် အခြားသော အမှန်တကယ်မဟုတ်သည့် အချက်အလက်များကို စားသုံးသူယုံကြည်အောင် လိမ်လည်ကြော်ငြာ၍ ရောင်းချခြင်းသည် စားသုံးသူ၏အခွင်အရေးအား ချိုးဖောက်၍ စားသုံးသူများကို လည်း လိမ်လည်ခြင်း ဖြစ်သောကြောင့် ဥပဒေပြဋ္ဌာန်း၍လည်းကောင်း အတည်ပြုပြီး တိုင်းပြည်သို့ အသိပေးထုတ်ပြန်ကြေညာ၍ ဖောက်ဖျက်ကျူးလွန်မှုရှိပါကလည်း ထိရောက်ပြင်းထန်စွာ အရေးယူသင့်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း များကလည်း ထိရောက်စွာ စစ်ဆေးသင့်ပါသည်။

ကြော်ငြာသည်ဆိုရာတွင် စာအုပ်စာပေ၊ ရုပ်သံလိုင်း၊ လက်ကမ်းစာစောင်များအပြင် ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ အေဂျင်စီများဖြင့် လူကိုယ်တိုင် ဆွဲဆောင်စည်းရုံး ကြော်ငြာရောင်းချသော တိုက်ရိုက်ရောင်းချခြင်း (Direcct Sales)၊ အဆင့်ဆင့်ကော်မရှင် အေးဂျင့်များ ကိုယ်စားလှယ်များဖြင့်ရောင်းချခြင်း Multilevel Marketing MLM လုပ်ရပ်များလည်း ပါဝင်သဖြင့် အရေးယူအပြစ်ပေး နိုင်ကြောင်း ထည့်သွင်း ပြဋ္ဌာန်း သင့် ပါသည်။