» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



စိန်ဂေဟာ ပြည်လမ်းစင်တာ (၇)နှစ် ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

စိန်ဂေဟာပြည်လမ်းစင်တာ (၇)နှစ်ပြည့်အထိမ်းအမှတ်ပွဲကို အောက် တိုဘာ ၂၂ရက်နှင့် ၂၃ရက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၂ရက်တွင် လူရွှင်တော်ဖိုက်စတားအဖွဲ့၏ ဟာသအစီအစဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၂၃ရက်နေ့လည်တွင် ပရဟိတ ကျောင်းများအား အလှူငွေပေးအပ် ခြင်း၊ ချမ်းချမ်း၊ အစ္စဏီ၊ ဒီရေတိုးတို့၏ ဖျော်ဖြေရေး အစီအစဉ်များဖြင့်လည်းကောင်း၊ Dancer နှင့် Product Show များဖြင့် လည်းကောင်း စည်ကားစွာ ပြုလုပ်ခဲ့သည်။

ပရဟိတကျောင်းများသို့ လှူဒါန်းရာတွင် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ၊ သုခရိပ်မြုံ အိတ်ချ်အိုင်ဗွီ မိဘမဲ့ကလေး စောင့်ရှောက်ရေးဂေဟာ၊ မေရီချက်မန်း နားမကြားကျောင်း၊ ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများ စောင့်ရှောက်ရေးအဖွဲ့၊ မေတ္တာနန္ဒ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (မဂင်္လာဒုံ)၊ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတို့ကို  အလှူငွေ ကျပ်နှစ်သိန်းစီ ပေးအပ်လှူဒါန်းခဲ့သည်။