» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ရုရှား မားစ်ဂြိုလ်လေ့လာစူးစမ်းရေး အာကာသယာဉ် ချို့ယွင်းမှုနှင့် ရင်ဆိုင်နေရ

ရုရှား - ရုရှားနိုင်ငံ၏ ဂြိုလ်အချင်းချင်းလေ့လာစူးစမ်းရန် စေလွှတ်သော လူမပါသည့် အာကာသယာဉ်မှာ လွှတ်တင်ထားပြီးနောက် မားစ်ဂြိုလ်ရှိရာ လမ်းကြောင်း ရောက်ရှိရန် မအောင်မမြင်ဖြစ်ခဲ့ကြောင်း သိရသည်

ရုရှားနိုင်ငံ၏ Phobos-Grunt အာကာသယာဉ်မှာ ကာဇက်စတန်ရှိ အာကာသလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီးနောက် ၁၁မိနစ်ခန့်အကြာတွင် သယ်ဆောင်ပေးသော ဒုံးပြန်မှခွဲထွက်၍ မားစ်ဂြိုလ်ရှိရာ လမ်းကြောင်းပေါ်သို့ ထွက်ခွာရန် အင်ဂျင်နိုးခဲ့သော်လည်း မအောင်မမငြ်ဖြစ်ခဲ့ရသည် ဟုဆိုသည်။

ရုရားပြည်ထောင်စု အာကာသ အေဂျင်စီအကြီးအကဲ ဗလာဒီမာပိုပေါ့ကင်၏ အဆိုအရ အာကာသယာဉ်၏ အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်ကြောင်း၊ အာကာသယာဉ်၏ ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်သည့်စနစ်တွင် ချို့ယွင်းချက်မှု ရှိနေဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

Phobos-Grunt အာကာသယာဉ်သည် မားစ်ဂြိုလ်မှ မြေကြီးနမူနာကို ကမ္ဘာ့မြေသို့ ယူဆောင်လာရန် စေလွှတ်သည့် ယာဉ်လည်းဖြစ်သည်။ ကမ္ဘာမြေ၏ ဂြိုလ်ပတ်လမ်းအတွင်းရှိနေသော Phobos အာကာသယဉ်အား ယခုအခါ ကျွမ်းကျင် သူတို့က မားစ်ဂြိုလ်သို့သွားရာ လမ်းကြောင်းပေါ် ရောက်ရှိစေရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ Phobos-Grunt ယာဉ်၏ ဂြိုလ်အချင်းချင်း လေ့လာရေးအစီအစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသော အစီအစဉ်ဖြစ်ပြီး ယခုကဲ့သလို့ မအောင်မမြင်ဖြစ်မှုက ရုရျားအာကာသ အေဂျင်စီအတွက် အရှက်ရစရာ ဖြစ်စေမည့် ကြီးမားသော ထိုးနှက်မှုလည်း ဖြစ်သည်။

Ref: AFP/KH