အမေရိကန်ပြည်ထောင်စုတွင် လွန်ခဲ့သည့်နှစ်က မူဆလင် ဆန့်ကျင်မုန်းတီးသည့် ရာဇဝတ်ပြစ်မှုများ ရာခိုင်နှုန်း ၅၀ နီးပါးတိုးပွားလာခဲ့ကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၏ အဆိုအရ သိရသည်။ ကိန်းဂဏန်းများတွင် ဖော်ပြချက်အရ မူဆလင် ဆန့်ကျင်မုန်းတီးမှုကို အရင်းခံ၍ ပေါ်ပေါက်လာသော ပြစ်မှုများမှာ ၂၀၀၉ ခုနှစ်က ၁၀၇မှုရှိရာမှ လွန်ခဲ့သည့်နှစ်တွင် ါအမှု ၁၆၀အထိ တိုးပွားလာကြောင်း တွေ့ရှိရသည်။ ဂျူးဆန့်ကျင်မုန်းတီးမှုကို အရင်းခံကာ ပေါ်ပေါက်သည့် ရာဇဝတ်ပြစ်မှုမှာမူ ၂၀၀၉ခုနှစ်က ၉၃၁မှုရှိရာမှ လွန်ခဲ့သည့် နှစ်တွင် ၈၈၇မှုသို့ ကျဆင်းလာခဲ့သည်ဟု ဆိုသည်။ ကတ်သိုလစ်ဆန့်ကျင် မုန်းတီးမှုကြောင့် ဖြစ်ပွားသော ရာဇဝတ်ပြစ်မှုမှာ ၅၁မှုအထိ တိုးပွားလာခဲ့သည်ဟု ဆိုသည်။ FBI ၏ အချက်အလက်များတွင် ဖော်ပြချက်အရ မုန်းတီးမှုကြောင့် ပေါ်ပေါက်လာသော ပြစ်မှု စုစုပေါင်းမှာ လွန်ခဲ့သည့် နှစ်က ၆၆၂၈မှုရှိခဲ့ရာ ၄၇ ဒသမ ၃ ရာခိုင်နှုန်းမှာ လူမျိုးရေးနှင့် ဆက်နွှယ်ပြီး ရာခိုင်နှုန်း ၂၀မှာ ဘာသာရေးနှင့် ဆက်နွှယ်နေသည်ဟု ဆိုသည်။ မုန်းတီးမှုကြောင့် ပေါ်ပေါက်လာသော ပြစ်မှုအရေအတွက် ကိန်းဂဏန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေး အဓိက ဆိုင်ရာ အဖွဲ့အစည်းက တုန်လှုပ်ချောက်ချားဖွယ်ရာ အရေအတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် မုန်းတီးမှုကြောင့် ဖြစ်ပွားသော ပြစ်မှုများ ကျဆင်းခဲပြီး ၂၀၁၀ပြည့်နှစ်တွင် ပြည်လည်တိုးပွားလာခြင်းကို သိရသည့်အတွက် စိတ်ပူပန်ဖွယ်ရာ ဖြစ်ကြောင်း ပြစ်မှုလျော့ပါး တိုက်ဖျက်ရေး အုပ်စုမှ ညွှန်မှူး မစ္စတာ ပေါလ်လီချင်ဒါက ပြောကြားခဲ့သည်။ တိုးပွားလည်သည့် ပြစ်မှုအရေအတွက်တွင် မူဆလင် ဆန့်ကျင့်မုန်းတီးမှုကြောင့် ဖြစ်ပွားသော ပြစ်မှုမှာ သိသိသာသာ တိုးပွားလာခဲ့ကြောင်း လူ့အခွင့်အရေး ဓိက အဖွဲ့က အခြားသော မုန်းတီးမှုကြောင့် ပေါ်ပေါက်လာသော ပြစ်မှုများကဲ့သို့ မူဆလင်ဆန့်ကျင် မုန်းတီးမှုမှ ပေါ်ပေါက်လာသော ပြစ်မှုများ မဖြစ်စေရန် ထိန်းသိမ်းမှုပြုခဲ့ကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို တုံ့ပြန်မှု ပြုရန် သုံးသပ်ရမည် ဖြစ်ကြောင်း အမေရိကန် အစိုးအနေဖြင့် ထိုသို့သော စော်ကားကျူးလွန်မှုမျိုးများကို ပိုမိုရင်ဆိုင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မစ္စတာလီဂျင်ဒါက ပြောကြားခဲ့သည်။
Ref: STRAITS TIMES/KH

