အဆိုတော် ပတ်ဂျောင်ဟွန်း နှင့် သရုပ်ဆောင် ဂျန်ဂျွန်ဆွတ် တို့အား ဆိုးလ်မြို့တွင် ကျင်းပမည့် နျူးကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲ အား လာမည့်နှစ် မတ်လတွင် ကျင်းပမည် ဖြစ်သည်။ ပတ်ဂျောင်ဟွန်း နှင့် ဂျန်ဂျွန်ဆွတ် တို့အား ဂုဏ်ထူးဆောင် သံတမန် အဖြစ် ခန့်အပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်နေ့က နိုင်ငံခြား ရေးရာနှင့် ကုန်သွယ်ရေး ဌာန ၌ ကျင်းပသွားခဲ့ကြောင်း သိရသည်။ နိုင်ငံခြားရေးရာ နှင့် ကုန်သွယ်ရေးဌာန ဝန်ကြီး ကင်ဆမ်ဟွမ်က သူတို့နှစ်ဦးအား ဂုဏ်ထူးဆောင် သံတမန်များ အဖြစ် ခန့်အပ်သွားရန် နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်ဟု သိရသည်။ အဆိုတော် ပတ်ဂျောင်ဟွန်းသည် နျူးကလီးယား လုံခြုံရေးထိပ်သီး ဆွေးနွေးပွဲ အတွက် ရေးစပ် သီကုံး ထားသော Peace Song အမည်ရှိ တေးသီချင်းအား အင်္ဂလိပ် နှင့် ကိုရီးယား နှစ်ဘာသာ စလုံး ဖြင့် သီဆို ဖျော်ဖြေသွား မည်ဖြစ်သည်ဟု ဆိုသည်။
- ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး
- နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
- ကျပ်နှစ်သိန်းတန်ဂျီအက်(စ်) အမ်ဖုန်းများကိုရန်ကုန်မြို့နယ် ၆ မြို့နယ်တွင် မေ ၁၈ စရောင်းမည်
- Dr Mrs Marilyn Waring က ကုန်သည်စက်မှုအသင်းချုပ်အတွက် မေ ၁၉ တွင်ဟောပြောပွဲကျင်းပမည်
- ရန်ကုန်မြို့တော် ရေးပေးဝေရေးစနစ် ဂျပန်မစ်ဆူဘီရှီ အကူညီဖြင့်ဆောင်ရွက်မည်

