» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



နျူကလီးယား လက်နက်များအား ခွဲခွာ နှုတ်ဆက်ခြင်း

ymg3

လွန်ခဲ့သည့် ၂၅ နှစ်လောက်က ဖြစ်သည်။ ကျွန်တော် နှင့် ရော်နယ်ရေဂင် တို့သည် အိုက်စလန် နိုင်ငံ  ရေကျာဗစ် မြို့တွင် နျူကလီးယား လက်နက် လျှော့ချရေးနှင့် ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးမှု ပြုခဲ့ကြသည်။ ကျွန်တော်တို့က အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့တွင်ရှိ ကြောက်မက်ဖွယ်ရာ နျူကလီးယား လက်နက်တိုက်များမှ နျူကလီးယားလက် နက်များကို ၂၀၀ဝပြည့်နှစ်တွင် အဆုံးစွန် လျှော့ချသွားရန် အလေးထား ဆွေးနွေးခဲ့ကြခြင်း လည်းဖြစ်သည်။ ကျွန်တော်တို့တွင် မတူခြားနားသော သဘောကွဲလွဲမှုများ ရှိနေသော်လည်း ယဉ်ကျေးသော နိုင်ငံများအနေဖြင့် မိမိတို့၏လုံခြုံရေး အရေးကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ဖြစ်သည့် ရက်စက်ကြမ်းကြုတ်သော လက်နက်များကို လုပ်ဆောင်ရန် မသင့်ကြောင်းဟူသော ခိုင်မာသည့် ခံယူချက် များကိုမူ မျှဝေနိုင်ခဲ့ကြသည်။ ရေကျာဗစ်တွင် ကျွန်တော်တို့၏ ဆွေးနွေးမှုမှာ ရည်မှန်းချက် အထွတ်အထိပ်ရောက် သည်အထိ ပေါက်မြောက် အောင်မြင်ခြင်း မရှိခဲ့သော် ငြားလည်း လုံခြုံဘေးကင်းသော ကမ္ဘာကြီး၏လိုအပ်ချက်အတွက် အခရာကျသော အချိုးအကွေ့တစ်ခုဟုတော့ ဆိုနိုင်ပါသည်။ ကျွန်တော်တို့၏ တွေ့ဆုံဆွေးနွေးပွဲမှ နျူကလီးယားလက်နက် ဖယ်ရှား ရှင်းလင်းရေးဟူသော မက်ကို ကမ္ဘာကြီးအား မျှဝေအသိပေး နိုင်ခဲ့မည်ဆိုပါက လာမည့် ကာလများအတွင်း လက်နက် စွန့်လွှတ်ရေးအတွက် ခိုင်မာသော ဆုံးဖြတ်ချက်များကို ချမှတ်လာ နိုင်စရာရှိမည်ဖြစ်ပါသည်။ နျူကလီးယား လက်နက်စွန့်လွှတ်ရေးနှင့်ပတ်သက်၍ သုံးသပ်ဝေဖန်သူတို့၏ တင်ပြချက် များမှာ လက်တွေ့ မဆန်လှသကဲ့သို့ ဘေးအန္တရာယ်များ လှသော အဆိုးရွားဆုံး စိတ်ကူးယဉ် အိပ်မက်များလည်း ဖြစ်ပါသည်။ သူတို့က စစ်အေးခေတ်၏ ရှည်ကြာသော ငြိမ်းချမ်းရေးကို နျူကလီးယား လက်နက် အဟန့်အတား အားဖြင့် အဓိကစစ်ပွဲများကို တွန်းလှန်ဖယ်ရှားသည့် သက်သေ အထောက်အထား အဖြစ် ညွှန်းဆိုခဲ့ကြသည်။ နျူကလီးယား လက်နက်များနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က အမိန့်ပေးစေခိုင်းသည်ဆိုခြင်းကို ကျွန်တော့် အနေဖြင့် အခိုင်အမာ ငြင်းဆိုပါသည်။ နျူကလီးယား အဟန့်အတားက ငြိမ်းချမ်းရေး အတွက် အမြဲတစေအခိုင် အမာအာမခံ ပေးနိုင်မည်မဟုတ်ပါ။ နျူကလီးယားလက် နက်စွန့်လွှတ်ရေးကို မဖြစ်မနေ လုပ်ဆောင်ရမည့် အစီအစဉ်အဖြစ် အဆိုပြုမှုမအောင်မမြင်ဖြစ်ပါက အမေရိကန် ပြည်ထောင်စု၊ ရုရှားနိုင်ငံနှင့် ကျန်သည့် နျူကလီးယား လက်နက်ရှိသော နိုင်ငံများအနေဖြင့် အနာဂတ်တွင် နျူကလီးယား စွန့်လွှတ်ရေးကို ဆက်လက် ပျက်ကွက်မြဲ ပျက်ကွက်နေမည်ဖြစ်ပြီး မလွှဲမရှောင်သာဆိုသလို နျူကလီးယား လက်နက်များကို အသုံးပြု လာဖွယ်ရာရှိ နေပါသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က ဂျော့ပီရှူ၊ ဝီလျံဂျေ ပယ်ရီ၊ ဟင်နရီကစ်ဆင်းဂျား၊ ဆမ်နမ်နှင့် ကျွန်တော် အပါအဝင် အခြားသူတို့က နျူကလီးယားလက်နက်အား အဟန့်အတားအဖြစ် စွဲကိုင်ခြင်းသည် ယုံကြည်စိတ်ချရ မှုနည်းပါး၍ နျူကလီးယား လက်နက်ပိုင်ဆိုင်သော နိုင်ငံအရေအတွက်ကို တိုးပွားလာ စေသည့် အနုတ်လကၡဏာ

ကို ဖြစ်ပေါ်လာစေမည်ဟု ထောက်ပြခဲ့ကြသည်။ လက်ဦးမှုရယူ သည့်စစ်ပွဲကို တားဆီးခြင်း သို့မဟုတ် ထိရောက် သော အရေးယူ ပိတ်ဆို့မှု ပြုခြင်းကသာ နျူကလီးယား လက်နက်စွန့်လွှတ်ရေးတွင် စစ်မှန်သောဆောင်ရွက်မှု မျိုးဖြစ်သည်။ ထိုသို့သော ဆောင်ရွက်မှုမျိုးကသာ နိုင်ငံများအကြားမှ အပြန်အလှန် လုံခြုံရေးကို ခင်းကျင်း နိုင်မည်ဖြစ်သည်။ ရေကျာဗစ်တွင် အပြန်အလှန် နားလည် သဘောပေါက်မှုနှင့် ယုံကြည်မှုကို တည်ဆောက်နိုင်ခြင်းက သမိုင်းဝင် သဘောတူ စာချုပ်နှစ်ရပ်ကို ရေးထိုးနိုင်ရန် လမ်းခင်းပေးခဲ့ခြင်းဖြစ်ပါသည်။ ၁၉၈ရခုနှစ်တွင် ဥရောပ၏ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုပြုနေသည့် တာလတ်ပစ် ဒုံးကျည်များကို ဖျက်သိမ်းသည့် စာချုပ်တစ်ရပ်ချုပ် ဆိုနိုင်ခဲ့သကဲ့သို့ ၁၉၉၁ခုနှစ်တွင် အမေရိကန်ပြည်ထောင် စုနှင့် ဆိုဗီယက် ပြည်ထောင်စုတို့က ဖောင်းပွနေသော နျူကလီးယား လက်နက်များကို လျှော့ချစေမည့် ပထမဦး ဆုံး မဟာဗျူဟာ မြောက်လက်နက် လျှော့ချရေး သဘောတူ စာချုပ်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါသည်။ သို့ရာတွင် နျူကလီးယား လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး တို့အတွက် တိုးတက်မှုအလားအလာများမှာမူ မှေးမှိန် နေဆဲပင်ရှိပါသည်။ ရေကျာဗစ် လက်နက် ဖျက်သိမ်းရေး ဆွေးနွေးပြောဆိုမှု မှရရှိသော သင်ခန်းစာအရ လက်နက်ဖျက်သိမ်းရေး နှင့်ပတ်သက်၍ သဘော တူညီမှုပြုရေးမှာ ခက်ခဲ ကြမ်းတမ်းမှု များရှိနေ ခြင်းဖြစ်သည်။  အပြန်အလှန် ဆက်နွှယ်နေသော ပြဿနာများအား ဆက်စပ်ခင်းကျင်းခြင်း အားဖြင့် အထိန်းအချုပ်မဲ့နေသော လက်နက်ပြိုင်ဆိုင်မှု တွင် သင့်တင့်မျှတမှုရှိရန်လိုအပ်ကြောင်း ယုံကြည်မှုနှင့် နားလည်သဘောပေါက်မှုကို ကျွန်တော်တို့က တည်ဆောက်ခဲ့ ကြခြင်းဖြစ်သည်။ ပြန်ပြောင်းရှုမျှော်မှုအရ စစ်အေးခေတ်အဆုံးသတ်ကြောင်း ထုတ်ပြန်ကြေညာ မှုတွင် ကမ္ဘာလုံးဆိုင်ရာထိန်းချုပ်မှုနှင့် စည်းရုံးမှုနှင့်ပတ် သက်သည့် စီစဉ်ဆောင်ရွက်မှု  များတွင် ရှုပ်ထွေးမှုများ ရှိလာခဲ့ပါသည်။ နျူကလီးယား လက်နက်နိုင်ငံများအနေ ဖြင့် ၁၉၆၈ခုနှစ် လက်နက် မပြန့်ပွားရေး သဘောတူစာချုပ်၏ သတ်မှတ် ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်း သင့်သကဲ့သို့ လက်နက် ဖျက်သိမ်းရေး အတွက် သဘောရိုးဖြင့် ညှိနှိုင်း ဆွေးနွေးမှုများကို ပြန်လည် စတင်သင့်ပါသည်။ ကမ္ဘာကြီးတွင် နျူကလီးယားလက်နက်တည် ဆောက်ရန် ငွေကြေး ရင်းနှီးမြှုပ်နှံမှု ပြုလာသည့် နိုင်ငံများ ယခင်ကထက် ပိုမိုများလာခြင်းက လက်နက်မပြန့်ပွားရေးကို ထိန်းချုပ်ရေးအတွက် ကြိုးပမ်းနေသော သံတမန် များ ကျင့်ဝတ် ကောင်းမှုနှင့် သံတမန် ပရိယာယ်ကြွယ်ဝ စွာဖြင့် အကျိုးသင့် အကြောင်းသင့် ဆွေးနွေးမှုပြုရမည် လည်းဖြစ်သည်။ ကမ္ဘာတစ်လွှားတွင် နျူကလီးယားလက် နက်ဖျက်သိမ်းရေး၏ လေးနက်သော အစီအစဉ် ကသာလျှင် ကမ္ဘာလုံးဆိုင်ရာ အများ သဘောဆန္ဒနှင့် ကိုက်ညီမှုရှိရန် လိုအပ်သည့် လက်ခံယုံကြည်မှုနှင့် အာ မခံမှုကို အထောက်အပံ့ ပြုနိုင်မည်ဖြစ်သည်။

ယနေ့ခေတ်ကမ္ဘာကြီးကို ကြည့်လျှင် အလွန်အမင်း စစ်မက်ပြုလိုသည့် အသွင်သဏ္ဌာန်ရှိနေဆဲဖြစ်သည်။ ယနေ့ခေတ်၏ စီးပွားရေးတွင် နျူကလီးယား လက်နက်များမှာ ရွံ့ရှာဖွယ်ရာငွေတွင်းများဖြစ်လာပါသည်

ယနေ့ခေတ် ခေါင်းဆောင်များတွင်  ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအစီအစဉ်၏ အရေး ပါဆုံး အချက်ဖြစ်သည့်  နျူကလီးယား လက်နက်ဖျက် သိမ်းရေးနှင့်ပတ်သက်၍ လိုအပ်သည့်ယုံကြည်မှုကို တည်ဆောက်ရန် အတွက်  ရဲရင့်မှု နှင့် အမြော်အမြင်ရှိမှု ကင်းမဲ့နေပုံ ရသည်။ ရှနိုဘိုင်း ကပ်ဘေးက ကျွန်တော်တို့ အားနျူကလီးယား နှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ရန် တွန်းအားပေးစေ့ဆော်ခဲ့ပါသည်။ လက်ရှိ ကာလတွင် စီးပွားရေး ကျဆင်းမှုနှင့် ဂျပန်နိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို အရည်ပျော်ကျမှုတို့က အလားတူ တုံ့ပြန်မှုမျိုးကို အဘယ်ကြောင့် မပြုခဲ့ကြသနည်း။ အမေရိကန် ပြည်ထောင်စုအတွက် ပထမဦးဆုံးလုပ်ဆောင် ရမည့်အရာမှာ ၁၉၉၆ခုနှစ် နျူကလီးယား စမ်းသပ်မှုတား မြစ်သည့် သဘောတူစာချုပ် (CTBT)ကို အတည်ပြု လက်မှတ် ရေးထိုးရန်ဖြစ်သည်။  နျူးကလီးယား မပြန့်ပွားရေးနှင့် နျူကလီးယား စစ်ပွဲရှောင်လွှဲရေး တို့အတွက် ထိုစာချုပ်မှာ အရေးပါကြောင်း သမ္မတ ဘားရက်အိုဘားမား က သဘောတူ ထောက်ခံခဲ့ပါသည်။ အပြောအဟော ကောင်းလှသည့် အိုဘားမားအနေဖြင့် အမေရိက၏ CTBT သတ်မှတ်ပြဋ္ဌာန်းချက်အပေါ် လိုက်နာစောင့် ထိန်းကြောင်း တရားဝင် အတည်ပြု ရန်အတွက်  အထက်လွှတ်တော်ကို ဆွဲဆောင်စည်းရုံးမှုပြုရမည့် အချိန်လည်း  ဖြစ်သည်။ အမေရိက၏ ရှေ့ဆောင် လမ်းပြလုပ်ဆောင် မှုက တရုတ်၊ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီရန်၊ အစ္စရေး၊ မြောက်ကိုရီးယားနှင့် ပါကစ္စတန်တို့ကဲ့သို့ တင်းခံနေသော သဘောထားရှိသည့် နိုင်ငံများကိုလည်း မဖြစ်မနေ လုပ်ဆောင် လာစေမည်ဖြစ်သည်။ ထိုသို့လုပ် ဆောင်ခြင်း အားဖြင့် ကမ္ဘာ့မည်သည့် ဒေသဝန်းကျင် တွင်မဆို နျူကလီးယား စမ်းသပ်မှုပြုခြင်းမှ တားဆီးမှုပြုနိုင်ရန် နီးစပ်လာ စေမည်လည်း ဖြစ်သည်။ မည်သည့် ဒေသဝန်းကျင် မဆိုဟူသည်မှာ လေထု၊ ပင်လယ်ရေအောက်၊ အာကာသနှင့် မြေအောက်စသည်ဖြင့် အားလုံးအကျုံးဝင်မည်ဖြစ်ပါသည်။ ဒုတိယ အဆင့်အနေဖြင့် အမေရိကန်ပြည် ထောင်စုနှင့် ရုရှားနိုင်ငံတို့က ပိုမိုထိရောက်သော လက်နက်လျှော့ချရေး သဘောတူညီမှု အသစ်တစ်ရပ်ကို စတင်ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုအဆင့်က ဒုံးကျည်ကာ ကွယ်ရေးအပေါ် ကန့်သတ်မှု ပြုခြင်းနှင့်လည်း ဆက်စပ်မှုပြုနေရမည်ဖြစ်သည်။ နျူကလီးယားစွမ်းအင်ထုတ်လုပ် နိုင်သော ပစ္စည်းများ ဖြတ်တောက်ရေး သဘောတူစာချုပ် (FMCT) နှင့်ပတ်သက်၍ နိုင်ငံပေါင်းစုံပါဝင်သော ပြောဆိုဆွေးနွေးမှုမှာ ကာလရှည်ကြာရပ်တန့်နေခဲ့ပါသည်။ အောင်မြင်မှု ရှိနေသောဒုတိယအကြိမ်မြောက် နျူကလီး ယားလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကိုမူ လာမည့်နှစ်တွင် ဆိုးလ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ထိုထိပ်သီးဆွေးနွေးပွဲက အန္တရာယ်ရှိသော နျူကလီးယား ဆိုင်ရာပစ္စည်း များ ဘေးကင်း လုံခြုံမှုရှိရေးကို အထောက်အကူပြုစေ မည်ဖြစ်သည်။ ယင်းသည် နျူကလီးယား၊ ဓာတုနှင့် ဇီဝ လက်နက်ကဲ့သို့သော လူအမြောက်အမြား သေစေနိုင်သည့် လက်နက်များ အားလုံး လျော့ပါးရေးနှင့် လုံခြုံရေးတို့ အတွက် ရည်စူး လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ ယနေ့ခေတ် ကမ္ဘာကြီးကိုကြည့်လျှင် အလွန် အမင်းစစ်မက်ပြုလိုသည့် အသွင်သဏ္ဌာန်ရှိနေဆဲဖြစ် သည်။ ယနေ့ခေတ်၏စီးပွားရေးတွင် နျူကလီးယား လက်နက်များမှာ ရွံ့ရှာဖွယ်ရာ ငွေတွင်းများ ဖြစ်လာပါသည်။ အကယ်၍ စီးပွားရေးပြဿနာများ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက အမေရိကန်ပြည်ထောင်စု၊ ရုရှားနှင့် အခြားသော နျူကလီးယား လက်နက်ပိုင်ဆိုင်သည့် နိုင်ငံများ အနေဖြင့် နိုင်ငံပေါင်းစုံပါဝင်သော နျူကလီးယားလက်နက် လျှော့ချ ရေးကို ကုလသ မဂ္ဂ ညီလာခံ ကဲ့သို့သော  နေရာများတွင် အမိအရလုပ်ဆောင်သင့်ပါသည်။ သို့ရာတွင် အစဉ်အလာစစ်တပ်များ ကြီးထွား သထက်ကြီးထွားလာခြင်းက အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာ့ နေရာအနှံ့အပြားတွင် ကြီးမားသော စစ်တပ်များကို ဖြန့်ကြက်ချထားလာနိုင်ဖွယ်ရှိနေခြင်းကိုလည်း ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုသို့သောအခြေအနေက တစ်ကမ္ဘာလုံး အတိုင်းအတာအရ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်နှင့် စစ်တပ်အင်အား လျှော့ချရေးတို့ကိုလည်း ထည့်သွင်းစဉ်း စားရမည်ဖြစ်သည်။ တစ်ခါတုန်းက အမေရိကန်သမ္မတဂျွန်အက်ဖ် ကနေဒီက ဤသို့သတိပေးခဲ့သည်။ ''လူတိုင်းလူတိုင်း သည် သေးမျှင်သောကြိုးလေးဖြင့် ချည်နှောင်ချိတ်ဆွဲ ထားသော နျူကလီးယားဓားသွားအောက်တွင် ရှိနေ ကြသည်။ ထိုကြိုးမျှင်လေးက အချိန်မရွေးပြတ်တောက် ၍ လူတိုင်းအား နျူကလီးယားဓားသွားအောက်တွင် အသက်ပျောက်စေမည်ဖြစ်သည်''ဟု ဂျွန်အက်ဖ်ကနေဒီ  က ဤသို့ပင်ဆိုခဲ့ပါသည်။ နှစ်ပေါင်း ၅ဝထက်မနည်း ဓားကိုချည်ထားသော ကြိုးမျှင်လေး၏ ပြတ်တောက်မည့်  အရေးမှ မည်သို့ပြင်ဆင်ရမည်ကို နိုင်ငံရေးခေါင်းဆောင် တို့က ဆွေးနွေးငြင်းခုံမှုပြုနေခဲ့ကြသည်။ နျူကလီးယား ဓားသွားအောက်က လူသားတို့ကလည်း ထိုကြိုးမျှင်လေး မည်သည့်အချိန်တွင် ပြတ်တောက်သွားမလဲဟူ၍ စိုးရိမ် တကြီးစောင့်ကြည့်နေခဲ့ကြသည်။ ရေကျာဗစ်ထိပ်သီး ဆွေးနွေးပွဲမှရရှိခဲ့သော သင်ခန်းစာအရ ဆေးမီးတိုနည်း ဖြင့်ပြုရုံဖြင့် လုံလောက်မှုမရှိကြောင်း ကျွန်တော်တို့အား နမူနာပြသခဲ့ပြီးဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့် ၂၅နှစ်ခန့် က နျူကလီးယားလက်နက် နိဂုံးချုပ်အဆုံးသတ်ရေး အတွက် ကျွန်တော်တို့၏ကြိုးပမ်းမှုသည် ပြတိုက်ထဲရှိ ကျွန်ရောင်းကျွန်ဝယ်ပြုသည့်ခေတ်က ခြေထိတ်လက် ထိတ်များနှင့် ကြီးကျယ်သောစစ်ပွဲများမှ အဆိပ်ဓာတ် ငွေ့များကဲ့သို့ ရှေးအတိတ်ကာလက အရိုင်းဆန်သော ရက်စက်ကြမ်းကြုတ်မှုများ၏ ပြယုဂ်အဖြစ် သက်သေ ထူနိုင်မည်ဖြစ်ပါသည်။