» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အစိုးရသစ် မူဝါဒများနှင့် ဒီမိုကရေစီ ရှေ့ခရီး ဘယ်လိုနှင်မလဲ

ဒီနေ့ ခြောက်ဆယ် ပတ်ဝန်းကျင်တန်းတွေ အကုန်လုံးသည် တစ်ချိန်က စနစ်တစ်ခုရဲ့ သားကောင်ချည်းပဲ။ ထောင်ထဲ ဝင်ရတဲ့သူနဲ့ ထောင်ထဲ မဝင်ရတဲ့သူ ဒါပဲကွာတယ်။ သားကောင် ဖြစ်ခဲ့တာတော့ အမှန်ပဲ။ ပြောရလို့ရှိရင် အဲဒါတွေက ငါတို့ မင်းတို့ကြောင့် သားကောင် ဖြစ်ရတယ်ဆိုတဲ့ အတိတ်က ကိစ္စရပ်တွေ ယူလာခဲ့မယ် ဆိုလို့ရှိရင်တော့ အနာဂတ် မျိုးဆက်တွေ အတွက်ကို ဘယ်လိုလှပတဲ့ ပန်းချီကား တစ်ချပ်အနေနဲ့ ရေးလို့ရမှာတုန်း။ သေချာတာ တစ်ခုက လုပ်ချင်တာနဲ့လုပ်သင့်တာကို သေသေချာချာ ခွဲခြားသိဖို့လိုမယ်

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်တွင်း ပြည်ပ မီဒီယာများတွင် နိုင်ငံတော် သမ္မတကြီး၏ ဒုတိယအကြိမ်မြောက် အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့် ပေးပြီးနောက် ထွက်ပေါ်လသည့် မချင့်မရဲ အသံများသည် လက်ရှိ တည်ဆဲအစိုးရ၊ ဒီမိုကရေစီအစိုးရသစ်အတွက် အောင်မြင်မှုများကြားမှ ပြောစရာ အကြောင်းအရာ တစ်ခုအဖြစ် ဖန်လာသည်။အစိုးရသစ် စတက်ကတည်းက အရှိန်အဟုန်ပြင်းပြင်းဖြင့် ယခင့် ယခင် အစိုးရ လက်ထက်များနှင့်မတူ မမျှော်လင့်ခဲ့သည့် ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင် သော်ငြားလည်း ပြီးခဲ့သည့် အကျဉ်းသား လွတ်မြောက်ရေးတွင် အများပြည်သူ မျှော်လင့်ထားသကဲ့သို့သော အခြေအနေမျိုး အထိ ရောက်ရှိ မလာသေးသည့်အတွက် စဉ်းစားစရာ ဖြစ်လာခဲ့သည်။ယင်းသို့သော အခြေအနေ အရပ်ရပ်ကို နိုင်ငံတော် သမ္မတကြီး၏ အကြံပေး အဖွဲ့ဝင်များ နိုင်ငံရေးကို အစဉ်တစိုက် လေ့လာသူများက အစိုးရသစ်၏ လက်ရှိ သွားနေသော နိုင်ငံရေး လမ်းကြောင်းနှင့် ဖြစ်ပေါ်ပြောင်းလဲနေသည့် အကျိုးရလဒ်များပေါ် မူတည်၍ တစ်ပြိုင်နက်တည်းဆိုသလို အစိုးရသစ်၏ သွားနေသော အနေအထား အရှိန်အဟုန်ကို ဝေဖန်ဆွေးနွေးမှုများ လေ့လာ သုံးသပ်မှုများ ရှိလာခဲ့သည်။

ဦးဆုံး နိုင်ငံတော် သမ္မတကြီး၏ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဆရာကိုကိုလှိုင်က ယခု အခြေအနေသည် ဒီမိုကရေစီ အပြောင်းအလဲကာလ ဖြစ်သည့်အတွက် ဖြစ်ရိုးဖြစ်စဉ် ပုံမှန် ဖြစ်ရပ်သာဖြစ်ကြောင်း အစိုးရသစ်အနေဖြင့် လက်ရှိ အရှိန်အဟုန်ကို ပြင်ပ စိန်ခေါ်မှုများနှင့် ကမ္ဘာကြီး၏ သွားနေသည့် နိုင်ငံရေး လမ်းကြောင်းများပေါ်တွင် မူတည်ကြောင်း ပြောကြားခဲ့သည်မှာ ‘‘လူတွေက အပြောင်းအလဲကို မကြုံခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ အပြောင်းအလဲကို မြန်မြန်ဆန်ဆန် ဟောဟောဒိုင်းဒိုင်း ဖြစ်ချင်တာပေါ့။ သို့သော်လည်းပဲ အပြောင်းအလဲဆိုတာ ပြောဖို့ကလွယ်တယ်။ ဒါပေမဲ့ အမြဲတမ်းလိုလို ဆောင်ရွက်ရတာမှာ linear Progression လို့ခေါ်တဲ့ မျဉ်းဖြောင့်အတိုင်း တိုးတက်ဖို့ဆိုတာ ဖြစ်ချင်မှလဲ ဖြစ်မယ်။ ကမ္ဘာ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ကြည့်ရတာမှာ အမြဲတမ်းလိုလို မျဉ်းဖြောင့်တိုင်းတော့ သွားလို့ မရဘူး။ လက်တွေ့မှာလည်းဒီလိုပဲ။ နိုင်ငံ တစ်နိုင်ငံမှာလဲ ဒီလိုပဲ မျဉ်းဖြောင့် အတိုင်း သွားလေ့ မရှိပါဘူး။ အဲဒီတော့ လူတွေ မျှော်လင့် မထားတာ ဖြစ်လာတာလဲ ရှိတယ်၊ မျှော်လင့် ထားတာ ဖြစ်မလာတာလဲ ရှိတာပဲ။ဒါ ဘယ်ပေါ် မူတည်လဲ ဆိုတော့ အစိုးရ တစ်ရပ် အနေနဲ့၊ နိုင်ငံတစ်ခု အနေနဲ့ တွေ့ကြုံ နေရတဲ့ လမ်းကြောင်းက ပံ့ပိုးမှု နည်းတဲ့ အခြေအနေလဲ ရှိမယ်၊ တချို့ နေရာတွေ ကျတော့ စိန်ခေါ်မှုတွေ ရှိနေတာလဲ ရှိမယ်။ ဒါတွေက အတွင်းမှာလဲ ရှိနိုင်တယ်။အပြင်မှာလဲ ရှိနိုင်တယ်။ ကမ္ဘာကြီးက သွားနေတဲ့ လမ်းကြောင်းမှာလဲ အများကြီး မူတည်တယ်’’ ဟုဖြစ်သည်။

အစိုးရသစ် တက်ခဲ့သည်မှာ ယခုဆိုလျှင် ခြောက်လမျှ အချိန် အတိုင်းအတာ ရှိပြီဖြစ်သည်။ စီးပွားရေး ကဏ္ဍတွင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် အခွန်အတုတ်များ လျှော့ချ ပေးခဲ့ခြင်း၊ လုပ်ထုံး လုပ်နည်း အချို့ကို ဖြေလျှော့ ပေးခဲ့ခြင်း၊ ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲသည့် မူဝါဒ အချို့ကို ချမှတ်ခဲ့သည်။ လူမှုရေး ဆောင်ရွက်မှုအပိုင်း အနေဖြင့် မူလတန်း ပညာရေးကို အခမဲ့ ပညာရေး စနစ်ဖြင့် ပြောင်းလဲ ဆောင်ရွက် ပေးခဲ့သည်။ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး အစီအစဉ်များကို မူဝါဒ ချမှတ် ဆောင်ရွက်ခဲ့သည်။ သက်ကြီး အိုမင်းမစွမ်း နိုင်ငံ့ဝန်ထမ်းများအား တိုးမြှင့် ပင်စင်လစာများကို ခံစားခွင့် ပြုခဲ့သည်။နိုင်ငံရေး ကဏ္ဍအနေဖြင့် ကြည့်မည် ဆိုလျှင်လည်း နိုင်ငံတော်တွင် အုပ်ချုပ်ရေးအာဏာ အမြင့်ဆုံးအာဏာ ရရှိထားသည့် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အကြီးအကဲ ဦးသိန်းစိန်သည် မှတ်ပုံမတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တိုးတက် အောင်မြင်သော ခြေလှမ်းများအဖြစ် တွေ့ဆုံ ဆွေးနွေးမှု ပြုနိုင်ခဲ့သည်။ ယင်းအပြင် အစဉ်တစိုက် ယခင် ကတည်းက တောင်းဆို လာခဲ့သည့် အကျဉ်းသား လွတ်မြောက်ရေးကို အစိုးရသည် ဆောင်ရွက်ခဲ့ရာ ယခု အကြိမ်ဆိုလျှင် ဒုတိယအကြိမ် ရှိသွားပြီ ဖြစ်သည်။ ထိုသို့ အစိုးရသစ် တက်ပြီး မျှော်လင့်မထားသော ပြုပြင် ပြောင်းလဲ လုပ်ရပ်များနှင့် အကောင်းဘက်သို့ ဦးတည်သော မူဝါဒများကြောင့် ယခင်က မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ထားရှိခဲ့သည့် သံသယများ မယုံကြည်မှုများသည် တစ်စစ လျော့ပါးလာ နေသည်ကို တွေ့လာရသည်။ အမေရိကန်၊အီးယူ အစရှိသည့် နိုင်ငံများ၏ သဘောထားများသည် ပြုပြင် ပြောင်းလဲမှုများ ရှိလာခဲ့သလို ၎င်းတို့၏ အကူအညီများ ပြန်လည် ပေးရမည်ကို သဘောပေါက် နားလည် လာကြသည်ကို တွေ့ရသည်။ ယင်းသို့သော အခြေအနေသည် အစိုးရသစ်အတွက် တာထွက်စ အရှိန်ကောင်းစ အခြေအနေကို မျက်ဝါးထင်ထင် တွေ့မြင် လိုက်ရသော်လည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေသူများ ယခု ဒုတိယအကြိမ် နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင် မပါဝင်လာမှုသည် မချင့်မရဲ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ Identification တွေက မှားနေတယ်။ တချို့က နှစ်ထောင်ပြောတယ်။ အနောက်နိုင်ငံတွေ ပြောကြတာက မဟုတ်ဘူး တစ်ထောင်ကျော် ပြောတယ်။တချို့ကြတော့လည်း ရှစ်ရာပြောတယ်။ အဲဒီတော့ ကိုယ်တွေလဲ ဘယ်ဟာက နိုင်ငံရေး နောက်ခံရှိတဲ့ အကျဉ်းသား၊ ဘယ်ဟာက နိုင်ငံရေး နောက်ခံမရှိတဲ့ အကျဉ်းသား ဆိုပြီး ကိုယ်ကိုယ်တိုင်က နီးစပ်မှု မရှိတဲ့အတွက်ကြောင့် မလို့ မသိနိုင်ဘူး။အဲဒီတော့ နိုင်ငံရေး အကျဉ်းသားလို့ အမည်ပဲ တပ်တပ်၊ နိုင်ငံရေး နောက်ခံရှိတဲ့ သူများလိုပဲ အမည်တပ်တပ် အဲ့ဒါ အရေအတွက် ဘယ်လောက်လဲ ဆိုတာ ကိုယ်တို့က မသိဘူး။ဟိုးအရင်ကတည်းက ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေကိုး။ သို့သော်လည်း တစ်ခုက နားလည်ဖို့ ကောင်းတာက သမ္မတကြီးက သူ့လက်ထက်မှာတော့ အကောင်းဆုံး လုပ်နေတယ်။ ဥပမာအားဖြင့် မိဘလက်ထက်က အကြွေးတင်သွားခဲ့တယ်၊သူ ပြန်ဆပ်ပေးရတယ် ဆိုတဲ့သဘောရှိတယ်။ အဲ့ဒါလေးကို နားလည် ပေးရင်တော့ ပိုကောင်းတာပေါ့။ အကုန်လုံးက တွန်းအားလေးတွေ ဖြစ်သွားတာပေါ့။ အားလုံး ညီညီညာညာလေးနဲ့ Same Direction နဲ့တွန်းပေးရင် ပိုကောင်းမယ်။တစ်ဖက်မှာက ကိုယ့်တို့ဆီမှာက ဘာတွေ ကွဲပြားခြားနားပြီး မသိကြလဲဆိုရင် အခုဆိုရင် သက်တမ်း လေးငါးခြောက်လ အတွင်းမှာ အရင် ကိစ္စရပ်တွေကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ် ဆိုတာ နည်းနည်းလေး သိတယ်ဆိုရင် စိတ်တိုင်း မကျပေမယ့် ဖြေသာတဲ့ အနေအထားမှာ ရှိမယ်ဆိုတဲ့ နိုင်ငံတော် သမ္မတကြီး၏ စီးပွားရေး အကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က သုံးသပ်ပြောသည်။

ယင်းကို လက်ရှိ အာဏာရ အစိုးရပါတီကြီး ပြည်ခိုင်ဖြိုးပါတီနှင့် ပြိုင်ဘက် မဲဆန္ဒနယ် ဒုတိယ အများဆုံး ပြိုင်ဆိုင်နိင်ခဲ့သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဗဟို အလုပ်အမှုဆောင် ဦးဟန်ရွှေက ဤသို့ ရှုမြင်သည်။ ‘‘ဦးသိန်းစိန် အစိုးရ တက်လာတဲ့ အခါမှာ ပြည်သူတွေကို သူတို့ရဲ့ ပေါ်လစီ မိန့်ခွန်းပေး တယ်။ တက်နိုင်သလောက် ကြိုးစားပြီး လည်းလုပ်နေတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ဆုံ ဆွေးနွေးမှု တွေလုပ် လာတယ်။ အဲ့ဒီတွေ့ဆုံမှုတွေ ကိုလဲ သဘောထား ကြေညာချက်တွေ ထုတ်ပြန်လာ တယ်။အန်အယ်လ်ဒီ အပေါ်လဲ ထားရှိတဲ့ သဘောထားတွေ ပြောင်းလာတယ်။ ပြည်သူ့ပင်စင်တွေ တိုးပေးလာတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး တော့လဲ ဆွေးနွေးပွဲတွေ ၊စာတမ်းဖတ်ပွဲ တွေလုပ်လာတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲနွမ်းပါးမှု လျော့ပါးရေး တွေလုပ်လာတယ်။ ကျွန်တော်တို့ပါတီကတော့ ဒါတွေကိုအပြုသဘောဆောင် အမြင်နဲ့ပဲကြိုဆိုပါတယ် ’’ဟုပြောသည်။ အလားတူ မြန်မာ့နိုင်ငံရေး ကို အစဉ်တစိုက် လေ့လာနေသူ သတင်းစာ ဆရာဆရာ မောင်ဝံသကလည်း ‘‘အခုအစိုးရ ကတော့ မြစ်ဆုံ ကိစ္စ တွေ ဆိုလဲ အရင်အစိုးရ တုန်းက ဆိုရင်လုပ်ခဲ့တယ်။ အခုအစိုးရမှာ သူ့သက်တမ်းမှာတော့ ဆက်မလုပ်ဘဲ ရပ်သွားမယ်လို့ ပြောခဲ့တယ်။ အခုအစိုးရက ပြည်သူ့လူထုရဲ့ဆန္ဒကို အခြေခံတယ်။ ဒါတွေက အရင်အစိုးရ တွေနဲ့ ကွဲပြားခြားနား သွားပြီလေ။ အခုဆိုရင် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးသလို ဒီမိုကရေစီနိုင်ငံ လို လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ ထုတ်ဖော် ရေးသားခွင့်များ ၊လွတ်လပ်စွာ ကိုးကွယ်ခွင့် ဒီလိုဒီမိုကရေစီရဲ့ အနှစ်သာရ တွေကို ဒါတွေကို ရှေ့ဆက်ပြီး အကောင်အထည် ဖော်သွားရမယ် ’’ဟု ပြောသည်။ ထိုသို့ဆိုလျှင် အားလျော့သွားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဝါဒ အပေါ်တွင် ပြညသူများ အနေဖြင့် မည်သို့ သဘောထား အမြင်များ ရှိသင့်သည်၊ အစိုးရကလဲ မည်သို့မူဝါဒရေးရာ ဆိုင်ရာ ပြောင်းလဲမှုများ ကိုဖော် ဆောင်သင့် သည်ဆိုသည်မှာ ခေတ်ပြောင်း ဒီမိုကရေစီ ကျင့်သုံးစ နုနယ်စ မြန်မာနိုင်ငံ အတွက် အတော်များများ ပင်အခက်အခဲ ရှိနေပေလိမ့်မည်။ ထိုသို့ ဝေခွဲ မရသော အခြေအနေ အရပ်ရပ်ကို အထက်ပါပုဂ္ဂိုလ်ကြီးများ ကရှုမြင် သဘောထား ကြပြန်သည်မှလည်း . . .  ‘‘အကျဉ်းသားလွတ်ပေးတဲ့ကိစ္စမှာလွှတ်မယ့်လွှတ်ပေးတော့လဲ

အများကြီး လွှတ်ပေး လိုက်ပေါ့ ဆိုတာ မျိုး ပြည်သူတွေ ထဲမှာ ရှိပါတယ်။ စာရင်းအရ နှစ်ထောင် ရှိတယ်။ အခု နှစ်ရာ လွတ်တယ်။ ဒါမဖြစ် သင့်ဘူး ပြောတာ ရှိတယ်။ ဒီနှစ်ထောင် ဆိုတာ ဘယ်သူ ကရေတွက် ထားတာလဲ။ ဒါဘယ်လောက်ခိုင်လုံမှု ရှိမလဲ။ လူတွေ စဉ်းစားကြပေါ့ အခုလွှတ် ပေးတဲ့ အရေအတွက် ထဲမှာ ဘာပြောပြော အရင်ကထက် စာရင် အရေအတွက် ကများ လာတယ် ပေါ့နော်။ စဉ်းစားဖို့ လိုမယ် ထင်ပါတယ်။ သမ္မတကြီးရဲ့ စတာထွက်ကတည်း ကမိန့်ခွန်း တွေ ကြည့်လိုက်ရင် သမ္မတကြီးအနေနဲ့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းတဲ့အတိုင်း၊ နိုင်ငံတော် ကနေ လိုလားတဲ့အတိုင်း ခေတ်မီ ဖွံ့ဖြိုး တိုးတက်ပြီး တော့ ဒီမိုကရေစီနိုင်ငံ ရောက်အောင် သွားမယ် ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒ အပြည့်ရှိပါတယ်။ ဒါကြောင့် သူ့လုပ်ရပ်တွေ ကြည့်ရင် ရဲဝံ့တဲ့ လုပ်ရပ်တွေ ပြောရမှာပေါ့။ တော်ရုံတန်ရုံ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် ဆုံးဖြတ်ဖို့ ခက်ခဲမယ့် ကိစ္စတွေ သူအများကြီး လုပ်ခဲ့တယ်။  ဒေါ်စုနဲ့ တွေ့ခဲ့တာ တွေ၊ ဧရာဝတီလို လုပ်ရပ်တွေ ကြည့်ရင် ရဲဝံ့စွာ လုပ်သွားလို့ ချီးကျူးရတယ်’ ’ဟု ဦးကိုကိုလှိုင် ကပြောသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဟန်ရွှေက ‘‘ပြည်သူတွေ လေးစားယုံကြည်တဲ့ အစိုးရဖြစ်ဖို့၊ နိုင်ငံတကာကလဲ အသိအမှတ်ပြုဖို့ ဆိုရင် လုပ်ငန်းကြီး (၄)ရပ်ကို အကောင်အထည် ဖော် ဆောင်ရွက် သွားရမယ်ထင်တယ်။ (၁)ဒီမိုကရေစီအရေး၊ (၂)လူ့အခွင့်အရေး၊ (၃)အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့စည်းလုံးညီညွတ်ရေး၊ (၄)ဖွံ့ဖြိုးတိုးတက်ရေး တွေကိုလုပ်ဆောင်ရပါမယ်။ဒီမိုကရေစီ အရေးမှာ ဖွဲ့စည်းပုံ ရှိလာပြီ၊ လွှတ်တော် ရှိလာပြီ၊ ဒါတွေ

ဟာ ဒီမိုကရေစီရေး ကို ဖော်ဆောင် လာတာပဲ။ ဒါကို ဦးသိန်းစိန် အစိုးရက အလေးထား ရမယ်။ မသွေမဖည်ဘဲ  တောင့်တင်း မှန်ကန် အောင် နိုင်ငံတကာ ကသတ်မှတ်တဲ့ စံနဲ့ကိုက်ညီအောင် ၊နိုင်ငံတကာ ကနေပြီး ဒီမိုကရေစီ လမ်းကြောင်း ကိုသွား နေတယ် ဆိုတာ လက်ခံအောင်၊ ယုံကြည်အောင် ကိုယ့်နိုင်ငံနဲ့ သင့်တော်တဲ့ စံနှုန်းတွေ ထားပြီး လုပ်ရမယ်။ လူ့အခွင့်အရေး ဆိုလဲ ပြည်တွင်း ပြည်ပက အမျိုးမျိုး ပြောနေကြတယ်။

ပြောင်းလဲလာပြီ၊ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ကလေးစစ်သားတွေ ရှိ နေတယ် ဆိုတာလဲ ပြောနေကြတယ်။ အခုဆိုရင် လူ့အခွင့်အရေး ကော်မရှင် ပေါ်လာပြီ၊ ဒါလည်း ကောင်းတဲ့ အချက်ပဲ။ ဖွဲစည်းပုံ အခြေခံမူ အခွင့်အရေးတွေ ရှိတယ်။ လွှတ်တော်ကလဲ ဥပဒေတွေ ပြဋ္ဌာန်းလာတယ်။ အကောင်အထည် ပေါ်အောင် လုပ်လာဖို့ပဲ လိုတယ်။ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ကတိုင်းပြည် အတွက်မ ရှိမဖြစ် လိုအပ်ချက်ပဲ။ အင်န်အယ်လ်ဒီ အပေါ် သဘောထား တွေပြောင်းလာတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့လဲ တွေ့ဆုံ ဆွေးနွေးမှု တွေလုပ်လာတယ်။ သဘောထားတွေ ကြေညာလာတယ်။ အခုလဲ ယုံကြည်ချက် ကြောင့် အကျဉ်းသားတွေ ကိုလွှတ်ပေးတယ်။ အရင် တစ်ခေါက် လွှတ်ပေးတဲ့ တစ်သောင်းကျော် နဲ့ကွာတယ်။ အရင်က၂ဝ၄(က)နဲ့ လွှတ်တာ ၊အခုလွှတ်တာ က၂ဝ၄(ခ)နဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ပြုလိုက်တာ။ မတူဘူး။ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ပါလာတယ်။  နောက်ထပ် လဲ ထပ်လွှတ် အောင် တိုက်တွန်း သွားရမယ်။ အခုက ဦးသိန်းစိန် အစိုးရက ခြောက်လပဲ ရှိသေးတယ်။ သူတို့ ဆက်လွှတ် ပေးချင်တဲ့ ဆန္ဒတွေ ရှိအောင် တော့ ဝိုင်းဝန်း ကြိုးပမ်း သွားရမယ်။  နောက် တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီး ကေအင်န်ယူ ၊ကေအိုင်အေ နဲ့လဲဖွဲ့စည်းပုံ ရှိတဲ့အခါ တိုင်းရင်းသားတွေ နဲ့အပြစ်အခတ်ရပ်စဲရေး တွေ အမြန်ဆုံး ပပျောက်အောင် လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးနည်းလမ်းကို အများဆုံး အသုံးပြုဖို့ လိုအပ်တယ်။ နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့အခါမှာ အာသိသ ဆန္ဒရှိဖို့ လိုပါတယ်။ တကယ်လဲ အောင်မြင်အောင် လုပ်မယ် ဆိုတဲ့ ယုံကြည်ချက် ရှိဖို့လိုတယ်။ တစ်ဖက်သတ် ဆုပ်ကိုင်မှုတွေ လျော့ဖို့ လိုပါတယ်။ အဲ့ဒါမှ အောင်မြင် ပါမယ်။ အထက်က အရေးကိစ္ စသုံးခုလုပ် လာတာနဲ့ အမျှဖွံ့ဖြိုး တိုးတက်ရေး ကလိုက်လာ မှာပါ။ အခု အခြေအနေက မြေစမ်း ခရမ်းပျိုး လုပ်နေတာ တွေ့ရတယ်’’ ဟု သုံးသပ် ပြောသည်။ ပြည်သူများ အနေဖြင့် အစိုးရသစ် ၏နိုင်ငံရေး၊ အုပ်ချုပ်ရေး ၊စီးပွားရေး၊ လူမှုရေးယန္တရားမောင်းနှင်မှု အရှိန်ကို မတန့်မရပ် စေရန် ပါဝင်သင့် ကြောင်း နိုင်ငံတော် သမ္မတကြီး၏ စီးပွားရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က ‘‘ပြန်ပြီးတော့ နောက်ကြောင်းမလှည့်တဲ့ Change မျိုးနဲ့ အစိုးရအနေနဲ့ သွားနေတာ သေချာတယ်။ အဲဒီတော့ Interms of Speed  နဲ့ပြောမယ်ဆိုရင် အလျင်နှုန်းနဲ့ပြောမယ်ဆိုရင် ပြီးခဲ့တဲ့သုံးလလောက်မှာရှိတဲ့ very good ပဲ။ ဘယ်သူမှကို မမျှော် လင့် တဲ့ အလျင်နှုန်း နဲ့ပြုပြင် ပြောင်းလဲမှု တွေ လုပ်သွားတယ်။ ဆိုတော့ ဥပမာပြောရရင် အင်န်အယ်လ်ဒီ သူတို့ ပထမ သတ်မှတ်ထားတာ ရက်လွန်မယ် ဆိုလို့ရှိရင် မှတ်ပုံတင် လို့မရဘူး ပြောတယ်။ အခု ဘာပဲပြောပြော ဒါကိုစဉ်းစားပြီး တော့ မှတ်ပုံတင်ခွင့် ကိုပြန်ပေးထားတယ်။ အဲ့ဒါဘာလဲ ဆိုရင် အမျိုးသား ရင်ကြားစေ့ရေး ကို တကယ့် စိတ်ဆန္ဒမရှိဘဲနဲ့ အဲ့ဒီလောက်အထိ ဘယ်စဉ်းစားမလဲ။ အဲ့ဒီအနေအထား ကြည့်လို့ရှိ ရင်တစ်ဖက်က အကောင်းဘက် အနေအထား ဘယ်လောက် သွားလဲ ဆိုတာ ကြည့်လို့ရတယ်။ ပြောလို့ရတာ တစ်ခုက ပြန်ပြီးတော့ နောက် ကြောင်း ပြန်လှည့်သွား လို့မရတဲ့ ပြောင်းလဲမှု မျိုးနဲ့သွားနေတယ်။ ပြည်သူတွေ အနေနဲ့ ကတော့ တစ်ချိန်တုန်း နာတာတွေ သာတာ တွေ ရှိနိုင် ကောင်းတယ်။ အဲ့ဒီနာတာတွေ သာတာတွေ ထားခဲ့ပြီး တော့ အနာဂတ် မျိုးဆက်သစ်တွေ အတွက်ကို ဘာလုပ်သင့် သလဲဆိုတာပဲ စဉ်းစားဖို့ ကောင်းတယ်။ လုပ်ချင်တာက တစ်မျိုး ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ လုပ်သင့်တာက တစ်နည်းဖြစ်ကောင်းဖြစ်နေလိမ့်မယ်။အဲတော့ဒီနေ့ခြောက်ဆယ်ပတ်ဝန်းကျင်တန်းတွေအကုန်လုံးသည်တစ်ချိန်က

စနစ် တစ်ခုရဲ့ သားကောင် ချည်းပဲ။ ထောင်ထဲ ဝင်ရတဲ့သူ နဲ့ ထောင် ထဲမဝင်ရတဲ့ သူဒါပဲ ကွာတယ်။ သားကောင် ဖြစ်ခဲ့တာ တော့အမှန်ပဲ။ ပြောရလို့ရှိရင် အဲဒါတွေက ငါတို့ မင်းတို့ ကြောင့် သားကောင် ဖြစ်ရတယ်ဆို တဲ့ အတိတ်က ကိစ္စရပ်တွေ ယူလာခဲ့မယ် ဆိုလို့ ရှိရင် တော့ အနာဂတ် မျိုးဆက် တွေ အတွက် ကို ဘယ်လို လှပတဲ့ ပန်းချီကား တစ်ချပ် အနေနဲ့ ရေးလို့ သေချာတာတစ်ခု သေသေချာချာ ခွဲခြား သိဖို့လိုမယ် ’’ဟု ချပြ ပြောဆိုသည် ။နိုင်ငံတော် သမ္မတကြီး ၏နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ၏အမြင်ကမူ ‘‘အကျဉ်းသား ကိစ္စမှာ ဒီကိစ္စ ကတစ်ရက် တစ်မနက် ထဲပြီး သွားမယ့် ကိစ္စလဲ မဟုတ်ပါဘူး။ တချို့ကျတော့ လဲ ဒီတစ်ခုပြီး နောက်တစ်ခု တင်ပြတာ တွေရှိတယ်။ တောင်းဆိုတာ တွေရှိတယ်။ ဂိုးသွင်းမှ ဂိုးပေါက် လိုက်ပြောင်းတာ မျိုးမလုပ်သင့်တော့ ဘူးပြောတာမျိုးလဲ ရှိတယ်။ အစိုးရကို ထောက်ခံဖို့မဟုတ်ဘူး။ လမ်းမှားတာ ရှိနိုင်တယ်။ ဒါကို ထောက်ပြဖို့ လမ်းကြောင်းတွေ ရှိပါတယ်။ မီဒီယာတွေ အပါအဝင် ပေါ့။ အကုန်လုံး ပါဝင်ပြီး ကောင်းအောင် လုပ်စေချင် တယ်’’ဟု သုံးသပ် ပြောသည်။ အများပြည်သူ၏ အစိုးရအပေါ် ယုံကြည်မှု ရှိရန် လိုမည် ဖြစ်သည်။ နိုင်ငံတကာ၏ သုံးသပ် ရှုမြင်မှုများ ထက်ပြည်တွင်း ပြည်သူ တစ်ရပ်လုံး၏ အစိုးရသစ် အပေါ် အလေးထား အာရုံစိုက်မှု ကယုံကြည်မှုပင် ဖြစ် မည်ဖြစ်သည်။ ယင်းသို့ ယုံကြည်မှု ကို နောက် အစိုးရသစ် မည်သို့ တည် ဆောက် သွားသင့် သည် ကိုလည်း ဆရာ ဒေါက်တာ နေဇင်လတ် က ဖြည့်စွက် ရှင်းလင်းပြောသည်။ ‘‘လူတွေ က ပြောတာ ကတော့ ယုံကြည်မှု တည်ဆောက် တယ်ပေါ့။

ယုံကြည်မှု တည်ဆောက် တာမှာ နံပါတ်(၁) လူပုဂ္ဂိုလ် ယုံကြည်သွား တာကလဲ ယုံကြည်မှု တည်ဆောက်ပြီး သားဖြစ်တယ် ။အဲဒီတော့ လူပုဂ္ဂိုလ်လို့ ပြောတာမှာ ကိုယ်တို့က ဥညန ျွှပေကကြည့်တာပဲ များနေတယ်။ ခက်တာက ပြောနေတာ တွေက တစ်ဖက်တည်း လုပ်ရပ်တွေ  ပြောနေ ဆိုနေတဲ့ အသံတွေ ၊စဉ်းစားနေတဲ့ အသံတွေပဲ ကြားနေရတယ်။ တခြားတစ်ဖက် ကရော လုပ်ပြဖို့ မရှိဘူးလား။ သတိထားကြည့်ပါ။ ခင်ဗျားတို့ လုပ်တာ ကျေနပ်ဖွယ်ရာ မရှိဘူး၊ မပြည့်စုံဘူး ပြောတယ်။ ကဲတခြားတစ်ဖက် ွှမကျအမ လုပ်ရဖူးလား၊ လုပ်ပြတာ မျိုးမရှိရဖူးလား။ အဲဒါကိုယ်တို့က ကျော် ကျော်သွား နေရတယ် ငြူအေနမေူ မဖြစ်ဖူးဖြစ်နေ တယ်။ တစ်ဖက်ကလဲ ပံ့ပိုးမှု အားလေး ရှိလာရင် တော့ ယုံကြည်မှု တည်ဆောက် တာလေး တော့ ကောင်းလာပြီ ပေါ့။ ကိုယ်တို့က သတိထား ကြည့်လိုက်ရင် တစ်ဖက်တည်း ရဲ့လုပ်ရပ်တွေ ကိုပဲလူတွေ ဝေဖန် နေကြတယ်။နိုင်ငံတကာမှာက အရင်လို ံမေိ ွှသညနနဲ့ မလာတော့ဘူး။ ှသ်အ ွှသညန တွေနဲ့ သွားနေပြီ။ ဏသျငအငလနူပ ပြောနေပြီ ၊နြါအေငလန ဆိုတာ မရှိ တော့ဘူး။ သံတမန်တွေ ကိုယ်တိုင်က ရှိတယ်။ အဖွဲ့အစည်း အသီးသီးက ရှိတယ်။ ကိုယ်တို့လူမျိုးက ဒါလေးကို ဗစစမနခငအေန ပိုလုပ်ပေးလိုက်မယ် ဆိုရင် တစ်ဖက်မှာ အင်အားတစ်ခု ပိုရှိသွားတာပေါ့။ အရွေ့လေး တွေပိုကောင်း လာမှာပေါ့။ ဘယ်ဘက်က ဖြစ်ဖြစ်ပေါ့။ တစ်ဖက်ကိုပဲ ဃမငအငခငဖန လုပ်နေတာ ထက်စာလို့ရှိရင် တစ်ဖက်ကရော  ွှမကျအကြငိူငညါ ဆိုတာ နှစ်ဖက်စလုံး လုပ်ပြရမယ့်ကိစ္စ။ အခုဟာက နှစ်ဖက်စလုံး လုပ်ပြရမယ့် ကိစ္စရပ်မှာ တစ်ဖက်တည်း မှာပဲ ကြည့်ပြီး တော့ ဝေဖန်နေ သလိုဖြစ်နေတယ်’ ဟုသုံးသပ် ပြောသည်။ ယင်းကိုပင် သတင်းစာဆရာ ဆရာမောင်ဝံသ ကလည်း ‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးသလိုပေါ့။ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့လဲ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက် သင့်တယ်။ မူဝါဒ ချမှတ်တဲ့ အခါမှာလဲ ကျွမ်းကျင်သူတွေနဲ့ သေချာ တိုင်ပင်ပြီး ပုံဖော် သင့်တယ်။ ဒီအပေါ်မှာ လိုအပ်တဲ့ ဥပဒေတွေ ပြုသင့်တာ ပြုဖို့၊ အလုပ်ရုံဆွေး နွေးပွဲ တွေ လုပ်သွား ဖို့လိုပါတယ်။ ဒီအချိန်မှာ တော့ပညာရှင် တွေရဲ့ စကားတွေ ပိုနားထောင် လာတာ တွေ့ရတယ်။ မူဝါဒတွေ ချမှတ်တဲ့ အခါမှာ ပညာရေး၊ ကျန်းမာရေး နဲ့ပတ်သက်တာ တွေကို ပြုပြင် ပြောင်းလဲရေး၊ ဘယ်လိုပြုပြင် ပြောင်းလဲ နိုင်မလဲ ဆိုတာ တွေကို နှီးနှောဖ လှယ်ပွဲ တွေ လုပ်သင့်တယ်။ ဒါက အဓိက အရင်းအမြစ်ပါ’’ဟု ဖြည့်စွက် ပြောသည် ။ မြန်မာနိုင်ငံရေးသည်ဒီမိုကရေစီခေတ်ပြောင်းစနစ်ပြောင်းကိုနှစ် ပေါင်း၆ဝကျော်ကွာဝေးခဲ့သည့်နောက်ပြန်လည်ရှင်သန်ထွန်းကားလာခဲ့သည်။ အစစ အရာရာ နိမ့်ကျခဲ့သည် ၊ကျန်ရစ် ခဲ့သည် များသည် ယခု အစိုးရသစ် လက်ထက်တွင် တာဝန်များ စုပုံ ကျရောက် လာခဲ့သည်။ ထိုသို့သော အခြေအနေ အရပ်ရပ် သည် အာဏာရ သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ် အတွက် ယူတတ်လျှင် စိန်ခေါ်မှုများ ကြားမှနိုင်ငံ ရေး အမြတ် အစွန်းများ စွာရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် တည်ဆဲ အစိုးရသစ် အနေဖြင့် လာမည့် နိုင်ငံရေး အပြောင်းအလဲ မူဝါဒများတွင် လကရ်သှိ ာွ းနေသည ့်အရနှိအ်ဟနု ေ် ကာင်းများ ကို မြှင့်တင်ဖို့ သာ လိုအပ် မည် ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။