» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကျင်းပမည်

မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ၂၀၁၂ခုနှစ် ဇန်နဝါရီ ၉ရက်မှ ၁၃ရက်အထိ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံတွင် ကျန်းမာရေး သုတေသန စာတမ်းဖတ်ပွဲ ကျန်းမာရေးသုတေသန ပိုစတာပြပွဲနှင့် ကျန်းမာရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ဆေးပစ္စည်းကိရိယာပြခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

''ဒီညီလာခံကြီးမှာ ဂျပန်နိုင်ငံက ပညာရှင်တွေလဲ လာရောက်ပြီး စာတမ်းဖတ်မှာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှ ပညာရှင်တွေနဲ့ NGO အဖွဲ့အစည်းတွေ အပါအဝင် ဆေးဝါးကုမ္ပဏီတွေ၊ ဓာတ်ခွဲခန်းကိရိယာနဲ့ ဓာတုပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေ၊ ပြည်တွင်းပြည်ပပုဂ္ဂလိက ဆေးရုံတွေ၊ ဓာတ်ခွဲ ခန်းတွေနဲ့ ဆေးခန်းတွေကိုလဲ ညီလာခံကြီးမှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်''ဟု ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ တာဝန် ရှိသူတစ်ဦးကဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံကျန်းမာ ရေးဆိုင်ရာသုတေသနညီလာခံကြီးတွင် သုတေသနစာတမ်း တင်သွင်းလိုသူများ အနေဖြင့် စာတမ်းအပြည့်အစုံ ကို ၂၀၁၁ခုနှစ် နိုဝင်ဘာ ၃ဝရက်နောက်ဆုံးထား၍ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာ ပြည်)၊ အမှတ်(၅)၊ ဇီဝကလမ်း၊ ဒဂုံစာတိုက်-၁၁၁၉၁ ရန်ကုန်မြို့သို့ ပေးပို့နိုင်ကြောင်း သိရသည်။