» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အာနန္ဒာရည်ညွှန်း ဓမ္မစာကြည့်တိုက်နှင့် ဝိပဿနာဓမ္မသင်တန်းခန်းမနေရာ ငှားရမ်းအသုံးပြုခွင့် လှူဒါန်းလိုသူများကို IDF ဖိတ်ခေါ်

အာနန္ဒာ ရည်ညွှန်း ဓမ္မစာကြည့်တိုက်နှင့် ဝိပဿနာ ဓမ္မသင်တန်းခန်းမကို ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ရန်အတွက် အာဝါသဒါနအိမ် သို့မဟုတ် တိုက်ခန်း သို့မဟုတ် မြေကွက် နေရာ ငှားရမ်းအသုံးပြုခွင့် အလှူရှင်များကို အပြည်ပြည်ဆိုင်ရာ ဓမ္မစက္ကဖောင်ဒေးရှင်း(IDF)က ဖိတ်ခေါ်လျက်ရှိ ကြောင်း သိရသည်။

ဗုဒ္ဓဓမ္မစာပေပြုစုသူတွေ၊ စာတမ်းပြုစုသူတွေ၊ သာသနာပြုတက္ကသိုလ်တွေက သင်တန်းသားတွေ၊ ဗုဒ္ဓစာပေလေ့လာ သူတွေ မှီငြမ်းကိုးကား လေ့လာနိုင်ဖို့အတွက် လွန်ခဲ့တဲ့သုံး နှစ်လောက်ကတည်း ကစပြီး စီစဉ်ခဲ့တာပါ။ ဒါပေမဲ့ နေရာ အခက်အခဲကြောင့် IDF ရုံးချုပ်နေရာ ဇိနမာန်အောင် ဘုရားလမ်း၊ သာကေတမြို့နယ်မှာပဲ ယာယီစာကြည့်တိုက် ဖွင့်ခဲ့ရတာပါ။ အခု နေရာပြောင်းရွှေ့ ဖွင့်လှစ်ရမှာဖြစ်တဲ့ အတွက် ဓမ္မစာကြည့်တိုက်နဲ့ ဓမ္မသင်တန်းများကို အတည် တကျဖွင့်လှစ်နိုင်ဖို့ နေရာလိုနေပါတယ်။ နေရာလှူဒါန်း လိုသူတွေအတွက် ဖိတ်ခေါ်ပါတယ်ဟု IDF အကျိုးတော် ဆောင်ချုပ် ဓမ္မစက္ကဦးမောင်မောင်က ပြောသည်။

အဆိုပါ ဓမ္မစာကြည့်တိုက်နှင့် ဝိပဿနာဓမ္မသင်တန်း ခန်းမဖွင့်လှစ်နိုင်ရန် နေရာငှားရမ်း အသုံးပြုခွင့် လှူဒါန်းလိုသူများ အနေဖြင့် IDF ရုံးချုပ်(ဝ၉၅၁၂၇၃၃ဝ၊ ဝ၁၅၆၅၄၇၂၊ ဝ၁၅၆၅၁၄၉၊ ဝ၉၅၁၇ဝ၄ဝ၃)တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။