» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



သစ်တော ကြိုးဝိုင်းအတွင်း သစ်စက်တည်၍ သစ်ခိုးထုတ်သူ နှစ်ဦးအား ထောင်ကိုးနှစ်ချမှတ်

 စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် ဖီလေးကျေးရွာ အနီး သစ်တော ကြိုးဝိုင်းအကွက် အမှတ် (၆)တွင် သစ်ခွဲစက်များ တည်ထောင်၍ သစ်များ ခိုးထုတ်နေသူနှစ်ဦးအား ဝန်းသို မြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ကိုးနှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကသာခရိုင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ဦးစီးဌာနနှင့် ဝန်းသိုမြို့နယ် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဦးစီး ဌာနတို့ပူးပေါင်း၍ ဧပြီ ၈ ရက်တွင် ဝန်းသို မြို့နယ်အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ ဖီလေးကျေးရွာအနီး သစ်တောကြိုးဝိုင်း အကွက် အမှတ်(၆)အတွင်းသို့ ကွင်းဆင်း စစ်ဆေး ကြည့်ရှုရာ သစ်စက်မောင်းနှင်ပြီး ခုတ်လှဲထားသော သစ်လုံးများကို ခွဲစိတ် နေသူ ရခိုင်ပြည်နယ် မြေပုံမြို့နေသန်းဝင်း (၃၅)နှစ်နှင့် ဘူးသီး တောင်မြို့နယ်နေ အောင်ကျော်လှိုင်(၃၂)နှစ် တို့အား ၎င်းတို့နှင့်အတူ အင်ဂျင် စက်တစ်လုံး၊ လွှဝိုင်းကြီးတစ်ခု၊ သစ်စက်တွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများ၊ ကျွန်းသစ် ၂၃လုံး၊ ၆ဒသမ၃၉ တန်၊ ကာလတန်ဖိုး ကျပ် ၅၇၅၁၀၀ တို့ အားသက်သေများ နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဝန်းသိုမြို့နယ်ရဲစခန်းမှ (ပ) ၃၉/၂၀၁၁၊ သစ်တောအက်ဥပဒေပုဒ်မ ၄၃(က)/၄၂ (ဂ)အရ အမှုဖွင့်အရေးယူခဲ့ရာ အဆိုပါတရားခံနှစ် ဦး၏ထွက်ဆိုချက်အရ သစ်စက်ပိုင်ရှင်ဝန်း သိုမြို့ ရွှေဝင်း သီတာရပ်ကွက်နေ ကျော်မြင့် သည် ထွက်ပြေး တိမ်းရှောင်နေ၍ တရားခံ ပြေးအဖြစ် အမှုဖွင့်လိုက်သည်။ ဆက်လက်၍ ဝန်းသိုမြို့နယ်ရဲစခန်းမှ မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့လိုက်ရာ ပြစ်မှု ကြီးအမှတ် ၆၁/၂၀၁၁ဖြင့် လက်ခံကြားနာ စစ်ဆေး၍ စက်တင်ဘာ ၁၈ရက်တွင် သစ်တော ဥပဒေပုဒ်မ ၄၃၉(က)အရ အလုပ် နှင့်ထောင်ဒဏ် ခုနစ်နှစ်ဖြင့်လည်းကောင်း၊ သစ်တောဥပဒေပုဒ်မ ၄၂(ဂ)အရ အလုပ် နှင့် ထောင်ဒဏ် နှစ်နှစ်ပြစ်ဒဏ် များကိုလည်း သီးခြားစီကျခံစေရန် အမိန့်ချမှတ် လိုက်သည်။