မကွေးတိုင်းဒေသကြီးရှိ ရေဘေးသင့် ပြည်သူများအတွက် ထူးဖောင်ဒေးရှင်းက ကျပ်သိန်း ၂၃၇ဝတန်းရှိ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အလှူငွေများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၉ရက်နှင့် ၂ဝရက်များတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ပေါက်၊ မြိုင်နှင့် ဆိတ်ဖြူမြို့နယ်တို့ရှိရေဘေးသင့် ပြည်သူများအတွက် ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၂၅ရက်က ကျပ်သိန်း ၁ဝဝတန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးဝါး၊ ခေါက်ဆွဲခြောက်များနှင့် အလှူငွေကျပ်သိန်း ၂၇ဝကိုလည်းကောင်း၊ ရေမြောပျက်စီးခဲ့သည့် နေအိမ်များပြန်လည်ဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း ၂ဝဝဝကိုလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

