» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



Google က ဒစ်ဂျစ်တယ် တေးဂီတ စတိုးဖွင့်

Google က Apple ၏ iTune နှင့် Amazon ၏ အွန်လိုင်း အရောင်းဆိုင်တို့ကို တိုက်ရိုက်စိန်ခေါ်မှုအဖြစ် ဒစ်ဂျစ်တယ်တေး ဂီတစတိုးကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ Google ၏ ဒစ်ဂျစ်တယ် တေးဂီတ စတိုးတွင် တေးသီချင်းပေါင်း ၁၃ သန်း ကျော်ခန့် ရရှိနိုင်မည်ဖြစ်ပြီး Android ဈေးကွက်နှင့် ပေါင်းစည်းမှုပြုသွားမည် ဖြစ်သည်။ ဒစ်ဂျစ်တယ်တေးသီချင်းများအား Android ဈေးကွက်ရှိ အင်တာနက်ပေါ်တါင် သိုလှောင်ထားသော ဝက်ဘ်ဆိုက်ကို အသုံးပြု၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Android စနစ်သုံး စမတ်ဖုန်းများနှင့် တက်ဘလက်ကွန်ပျူတာအထိ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

g-music.jpg


Google ကုမ္ပဏီက အဓိက ရီကော့ဒင်းကုမ္ပဏီများဖြစ်သည့် Universal၊ EMI နှင့် Sony Music တို့နှင့် သဘောတူ စာချုပ်ခဲ့ပြီး Coldplay၊ ရှာကီးရာ နှင့် ရိုလင်းစတုန်းတို့နှင့်အတူ တေးဂီတစတိုး စတင်ဖွင့်လှစ်မှု အခမ်းအနားကို ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ Google တေးဂီတစတိုးက လွတ်လပ်သော တေးဂီတ ပညာရှင်များကိုလည်း သူတို့၏ တေးသီချင်းများအား သူတို့သတ်မှတ်သည့် ဈေးနှုန်းဖြင့် ရောင်းချခွင့်ပေးသွားမည် ဖြစ်ပြီး ရောင်းချမှုမှ ဝေစု ရာခိုင်နှုန်း ၂၀ ကို ရယူသွားမည်ဖြစ်သည်ဟု ဆိုသည်။ အလားတူပင် နေ့စဉ် ဝယ်ယူနားဆင်သည့် ဖောက်သည်တို့ကိုလည်း သီချင်းတစ်ပုဒ် အခမဲ့လက်ဆောင် ပေးသွားမည်ဖြစ်သည်ဟု သိရသည်။