» ဟိုတယ်စီမံကိန်းများ တိုင်းနှင့် ပြည်နယ် ၈ခုတွင်အကောင်အထည် ဖော်ဆောင်ရွက်သွား မည်: ပြည်ပဧည့်သည်များ တည်း ခိုမှုအ... http://t.co/A88ItlXA 2012-02-23 03:37 » မြန်မာနိုင်ငံ၏ လူဦးရေ သန်းခေါင်စာရင်းကောက်ခံရန်အတွက် ကျပ်ဘီလီယံ ၃ဒသမ ၆ သုံးစွဲမည်: မြန်မာနိုင်ငံ၏ လူဦးရေ သန်းခ... http://t.co/DoQLxeZ7 2012-02-23 03:05 » သိမ်ကြီးဈေး တွင် မြေအောက် ကေဘယ်ကြိုး ဝါယာရှော့ဖြစ်ပွား: ဝါယာရှော့ ဖြစ်ပွားခဲ့မှုသည် ၁၀နာရီခွဲခန့် က စတင်ဖြစ်ပွ... http://t.co/L5I95bZI 2012-02-23 01:32 » ရန်ကုန်မီဒီယာဂရု(ပ်) ဇန်နဝါရီလအတွက် လပတ်အစည်းအဝေးကျင်းပ: ရန်ကုန်မီဒီယာဂရု(ပ်)၏ ဇန်နဝါရီလအတွက် လပတ်အစည်းအဝေးကို... http://t.co/hVrhuQvK 2012-02-23 10:58 » Cartoon Program Vol:9: ကာတွန်း ကိုမိုးရဲ့လက်ရာ http://t.co/TtsGLt4u 2012-02-22 10:38



အောက်ပြုတ်ကျတဲ့ အပေါ်ကား

carမြန်မာနိုင်ငံသို့ နိုဝင်ဘာ ၅ရက်တွင် ကားအသစ်များ စတင် ရောက်ရှိလာပြီ ဖြစ်သည်။ နိုဝင်ဘာ ၇ ရက်မှ စတင်၍ ကားများကို စာရွက်စာတမ်း အချက်အလက် ပြည့်စုံပါက ကားများ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ပြန် ကြေညာထားသည်။ကားအသစ်များ ရောက်လာသလို 'ဈ' အက္ခရာ ကားများကိုလည်း နိုဝင်ဘာ ၈ရက်တွင် လာရောက် အပ်နှံနိုင်ကြောင်း ဂျာနယ်အချို့တွင် ဖော်ပြပါရှိသည်။ တစ်ဆက်တည်းမှာပင် 'ဈ' ကားအဟောင်းများမှာ ရောင်းဈေး ဝယ်ဈေး သိန်း ၁၀ဝ ကျော်ထိ ပေါက်ဈေး ရှိနေသည်။ထိုအချိန်တွင် ယခင် ပြည်တွင်းကားဈေးကွက် အဟောင်းရှိ အပေါ်ကား ဈေးကွက်ကြီးမှ ကားဈေးများမှာလည်း ဘယ်သို့နည်း ... ဘယ်လိုနည်း...။

''အခုရောက်လာတဲ့ ရွှေငါး  ၂.၅G တစ်စီး ရောင်းလိုက်တာသိန်း ၄၁ဝနဲ့ အလုပ်ဖြစ်သွားတယ်။ အခုရောက်လာတဲ့ ကားအသစ် ၁၀ဝ ကျော်ထဲမှာ အစီး ၈ဝလောက်က ရွှေငါးတွေချည်းပဲ။ အရင်က ဒီမှာရှိတဲ့ ၄ဂ/ စီးရီးတွေကိုရော ဘယ်လောက်စျေးပဲ ရှိတော့မယ်ဆိုတာ စဉ်းစားကြည့်ပါ။ အရင်က သိန်း ၁၂၀၀ နဲ့ဝယ်ရတာကို မပြောနဲ့တော့။

ကျွန်တော်ထင်တယ် အဲဒီကားတွေက သိန်း ၃၀၀ ပတ်လည်မှာပဲ ရှိလိမ့်မယ်။ သုံးဆလောက်တော့ ထိုးကျသွားတယ်။ ဒါ ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ လက်ဝယ်ရှိထားတဲ့ သူတွေကိုတော့ နစ်နာစေချင်လို့ မဟုတ်ပါဘူး''ဟု ကားဈေးကွက်တွင် ဝယ်ရောင်းပြုလုပ်သူ ကိုမင်းသီဟက ပြောသည်။ယခင် မိုဒယ်မြင့် ကားများတစ်စီးတွင် မိုဒယ်တစ်ခုအကွာကို သိန်း ၄၀၊ သိန်း ၅၀ ပေါက်ခဲ့သော်လည်း ယခုကားသွင်းခွင့် ရရှိမှုများကြောင့် မိုဒယ် အနိမ့်အမြင့် အကွာ လေးငါးသိန်းသာ ကွာဟမှု ရှိလာကြောင်း သိရသည်။

''အရင်ကရှိတဲ့ ရွှေငါး ၄ဂ/ စီးရီးက ၃၀၀ ပတ်လည်ဆိုရင် ခုရောက်နေတဲ့ ရွှေငါး ၆ဂ/  စီးရီးတွေဆို ၃၅ဝနဲ့ ၄၅ဝမှာ ပေါက်နေတယ်။ အခု ၄ဂ/စီးရီးတွေက ဒီမှာ တစ်နှစ်ခွဲ စီးပြီးသားတွေ။ ဟိုကရောက်လာတဲ့ ၆ဂ/ စီးရီးတွေက အသစ်တွေလေ။ ဒါပဲ ပေးစီးကြတော့မှာပေါ့''ဟု ဟံသာဝတီ ကားဈေးကွက်မှ  ဦးမြတ်အောင်က ပြောသည်။

''ကားအသစ်တွေ ရောက်လာရင် ဈေးကွက် လုံးဝ ပြောင်းသွားမယ်။ ကားအသစ်တွေ ရောက်လာတဲ့အတွက် မြန်မာပြည်က ဂရိတ်တစ်ခု ရလာပြီ။ ဈေးတန်းတွေ အနေနဲ့ ၁၀ဝလောက် ဆင်းသွားရင် ၂၀ဝကျော်သုံးမယ်။

သိန်း ၁၀ဝကျော်ဆိုရင်လဲ ကားပြခန်းတွေမှာ လိုက်ကြည့်ပြီး ဝယ်နိုင်တယ်။ ပွဲစားစကားလဲ ယုံစရာမလိုတော့ဘူး။ တကယ်လို့ သူတို့ လုပ်ပေးရင်လဲ ဘော်ဒါကြေးလောက်ပဲ ပေးရတော့မယ်''ဟု ကားဝယ်ရောင်း ကျွမ်းကျင်သူ ကိုအောင်ကျော်က ပြောသည်။