» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဓမ္မမှတ်စု

ဩကာသမူသစ်

 

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ ကံသုံးပါးတို့တွင် တစ်ပါးပါးသောကံကို ပြစ်မှားကျူးလွန်မိသည်ရှိသော ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား ရတနာ သံဃာရတနာ ဤရတနာမြတ်သုံးပါး အပေါင်းကို အရိုအသေ အလေးအမြတ် လက် အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ ပါ၏ အရှင်ဘုရား။ ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန် တော့ရသော ကုသိုလ်ကံစေတနာတို့ကြောင့် အပါယ်လေးပါး ကပ်သုံးပါး ပ်ပြစ်ရှစ်ပါး ရန်သူ မျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျသနတရား ငါးပါးတု့ိမှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗÁာန်တရားတော် မြတ်ကို ရပါလို၏အရှင်ဘုရား။ (ဗုဒ္ဓဘာသာ သင်ခန်းစာ ဆရာလက်စွဲ ၁၉၅၂)။ ယင်းဩကာသမူသစ်ကိုပင် ထပ်မံအဓိပ္ဋာယ်ဖွင့်ဆိုသည့်အနေဖြင့် အောက်ဖော်ပြပါ အများသုံး ဩကာသမူသစ်ကို ပြုပြင်ရေးသားခဲ့ကြပြန်သည်။

အများသုံး ဩကာသ

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ သဗÁဒေါသ ခပ်သိမ်း သောအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရား ရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏အရှင်ဘုရား။ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျသနတရား ငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗÁာန်တရား တော်မြတ်ကို ရပါလို၏ အရှင်ဘုရား။ ထို့နောက် မဟာစည်ဆရာတော်ဘုရား ကြီးသည် ပိုမိုပြည့်စုံသော ဩကာသကန်တော့ ခန်းကို ရေးသားခဲ့ပြန်သည်။

မဟာစည် ဩကာသ

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံတည်းဟူသော အပြစ် ခပ်သိမ်း ပပျောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမဂင်္လာ ဖြစ်ပါစေခြင်းအကျိုးငှာ ဘုရားရတနာ တရား ရတနာ သံဃာရတနာတည်းဟူသော ရတနာ မြတ်သုံးပါး ဆရာသမားတို့ကို အရိုအသေလက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။ ကန်တော့ရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ဝိပတ္တိတရားလေးပါး ဗျသနတရားငါးပါး အနာမျိုး ကိုးဆယ့်ခြောက်ပါး မိစ္ဆာဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးတို့မှအခါ ခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗÁာန်တရားတော်မြတ်ကို လျင်မြန်စွာရပါလို၏ အရှင်ဘုရား။ မွန်လူမျိုးတို့သည် ရတနာသုံးပါး ဆရာသမား မိဘတို့အား ကန်တော့ရာ၌ ပါဠိဘာသာ ဖြင့် ရွတ်ဆိုကန်တော့ကြသည်။