» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ကမ္ဘောဒီးယားတွင် ကျင်းပမည့် ဘောလုံးပြိုင်ပွဲသို့ မြန်မာ ဉာဏ်ရည်မမီ သူများ ဝင်ရောက် ယှဉ်ပြိုင်မည်

 

ကမ္ဘောဒီးယားနိုင်ငံတွင် ယခုလအတွင်း ကျင်းပမည့် Indo-china Special Olympic Football ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ဉာဏ်ရည်မမီသူများ အသင်းမှ သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲသို့ပါဝင်ယှဉ်ပြိုင်ရန် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ဖတ်ကြားလာခြင်း ဖြစ်ကာ နိုဝင်ဘာ ၁၈ရက်မှ ၂ဝရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

''သွားရောက်ယှဉ်ပြိုင်မယ့် ကလေးတွေကို ရွေးချယ်ပြီးပါပြီ။ ဒီပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ အနေနဲ့ အခုမှ ပထမဆုံး အကြိမ်သွားပြိုင်တာပါ။ ဒီပြိုင်ပွဲ ကနေ ကလေးတွေ အတွက် အတွေ့အကြုံကောင်း တွေ ရရှိနှိင်မှာပါ။'' ဟု မြန်မာနိုင်ငံဉာဏ်ရည်မမီသူများ အားကစားအဖွဲ့ ဥက္ကဋ္ဌဗိုလ်မှူးကြီးမျိုးမြင့်(ငြိမ်း)က ပြောသည်။

ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အားကစားသမား ခြောက်ဦး ရွေးချယ်ပြီး ဖြစ်ကြောင်း သိရသည်။

''ဒီလို နိုင်ငံတကာပွဲတွေ ဝင်နိုင်ဖို့အတွက် က ပြည်တွင်းမှာလုပ်တဲ့ ပြိုင်ပွဲတွေမှာ စံချိန်ကောင်းတဲ့ သူတွေကို ပြန်ရွေးချယ်ပြီး ပြိုင်ပွဲဝင်စေတာ ဖြစ်ပါတယ်''ဟု ယင်းက ထပ်မံပြောသည်။ နိုဝင်ဘာ ၁၅ရက် နှင့် ၁၆ရက် တို့ တွင်လည်း မြန်မာနိုင်ငံ ဉာဏ်ရည်မမီသူများ၏ ပြေးခုန်ပစ်နှင့် ဘိုချီ ဘောလုံးပစ် အားကစားပြိုင်ပွဲများအား သုဝဏ္ဏအား ကစားဝင်း ၌ကျင်းပမည် ဖြစ်ကာ ပြည်နယ် နှင့် တိုင်းဒေသ ကြီး အသီး သီး ရှိ အားကစားသမား ၃၀ဝကျော် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။