» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဗြိတိန်လူငယ် တစ်သန်းကျော် အလုပ်လက်မဲ့ ဖြစ်လျက်ရှိ

ဗြိတိန်နိုင်ငံတွင် အလုပ်လက်မဲ့ လူငယ်အရေအတွက် တစ်သန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။ အလုပ်လက်မဲ့ လူငယ်များ တိုးပွားလာမှုနှင့် ပတ်သက်၍ အစိုးရက လေ့ကျင့် သင်ကြားရေး အစီအစဉ်သစ်များတွင် ပေါင်သန်း ၂၅၀ ခန့်တိုက်ရိုက် ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်ကို ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။

ခန့်မှန်းချက်အရ ဗြိတိန်လူမျိုး ၂ဝ ဒသမ ၆ ရာခိုင်နှုန်းသည် အချိန်ပြည့် ပညာသင်ကြားရသည့် အနေအထားတွင် မရှိဘဲ အသက် (၁၆) နှစ်မှ (၂၄) နှစ်ကြားရှိ အရွယ်များမှာ အလုပ်လက်မဲ့ ဖြစ်လျက်ရှိကြောင်း အမျိုးသား စာရင်းအင်းရုံး၏ အဆိုအရ သိရသည်။

ib-1.jpg

 ယခုအခါ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ညွန့်ပေါင်း အစိုးရအဖွဲ့က ကုမ္ပဏီများအား အလုပ်သင်များ ပိုမို ခေါ်ယူ ခန့်ထားရေးအတွက် ပေါင်သန်း ၂၅ဝ ပံ့ပိုးပေးသွားမည့် အစီအစဉ်ကို ထုတ်ဖော် ကြေညာခဲ့ကြောင်း သိရသည်။

 ကုမ္ပဏီများ အနေဖြင့် ပံ့ပိုး ထောက်ပံ့ငွေများကို အသုံးပြု၍ လုပ်ငန်းလိုအပ်ချက်နှင့် သင့်လျော်မည့် လုပ်ငန်းခွင်ဆိုင်ရာ သင်တန်းများကို ဖန်တီးရာတွင် ကြိုးပမ်းနိုင်မည် ဖြစ်သကဲ့သို့ သူတို့၏ ကိုယ်ပိုင် ငွေကြေးများကိုလည်း ဆက်လက် ရင်းနှီးမြှုပ်နှံလာမည်ဟု မျှော်လင့်ကြောင်း သိရသည်။

 ထိုအစီအစဉ်မှာ ဘဏ္ဍာရေးဝန်ကြီး ဂျော့အော့စဘွန်း၏ ဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ပြီး မစ္စတာ အော့စဘွန်းကို ယခုလတွင် အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အား ပြောကြားသွားမည် ဖြစ်သည်။

 အလုပ်လက်မဲ့ ဗြိတိန် လူငယ်အရေအတွက်မှာ ၁၉၉၂ ခုနှစ်နှင့် နှိုင်းစာပါက အမြင့်ဆုံး ပမာဏသို့ ရောက်ရှိနေကြောင်း တွေ့ရှိရသည်။ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအတော်များများတွင် စီးပွားရေး ရုန်းကန်နေရမှုနှင့် အစိုးရ၏ ခြိုးခြံချွေတာမှု အစီအစဉ်များကြောင့် အလုပ်လက်မဲ့ လူငယ်အရေအတွက် မြင့်တက်နေခြင်းလည်း ဖြစ်သည်။

လူငယ်များအနေဖြင့် အလုပ်လက်မဲ့ အရေအတွက် မြင့်တက်နေခြင်းက မျိုးဆက်သစ် လူငယ်များအတွက် အလုပ်အကိုင် ရှာဖွေရာတွင် ရေရှည် အခက်အခဲတစ်ရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း စီးပွားရေး ပညာရှင်တို့က ပြောကြားခဲ့ကြောင်း သိရသည်။

Ref : Reuters/KH