» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဗြိတိန် အားကစားဝန်ကြီးက ဘလတ္တာအား ရာထူးမှ နှုတ်ထွက်ရန် တောင်းဆို

is-b.jpg

 

ဗြိတိန်အားကစားဝန်ကြီး ဟုဂျ်ရောဘတ်ဆန်နှင့် အင်္ဂလန်နိုင်ငံ ကြေးစား ဘောလုံးအားကစားအဖွဲ့အစည်း၏ အလုပ်အမှုဆောင် အကြီးအကဲ ဂေါ်ဒွန်တေလာတို့က လူမျိုးရေးဝါဒနှင့်ပတ်သက်၍ ပြောဆိုမှုအတွက် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာအား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

အသက် (၇၅)နှစ် အရွယ်ရှိ မစ္စတာ ဘလတ္တာမှာ သူ၏ လူမျိုးကြီးဝါဒနှင့် ပတ်သက်သည့် မှတ်ချက်စကားကြောင့် အကြီးအကျယ် ပြစ်တင်ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ မစ္စတာဘလတ္တာက ရုပ်မြင်သံကြား အင်တာဗျူး နှစ်ခုတွင် ဘောလုံး အားကစားတွင် လူမျိုးကြီးဝါဒ မရှိကြောင်း၊ အားကစားကွင်းအတွင်း လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် ထိပ်တိုက်ရင်ဆိုင်ရသော မည်သည့် အားကစားသမားမဆို ကစားပွဲအပြီးတွင် သူတို့၏ သဘောထားကွဲလွဲမှုကို ပြေငြိမ်း၍ လက်ဆွဲနှုတ်ဆက်မှု ပြုသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ၏ မှတ်ချက်စကားက  ဗြိတိန်နိုင်ငံတွင် သိသာ ထင်ရှားသော လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်သည့် အရေးကိစ္စကို ကိုင်တွယ် ဖြေရှင်းနေရသည့်အတွက် အုတ်အုတ်ကျက်ကျက် ဖြစ်စေခဲ့သည်ဟု ဆိုသည်။

 

 ဘီဘီစီ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ကြေးစား ဘောလုံး အားကစားသမားများ အဖွဲ့အစည်း၏ အလုပ် အမှုဆောင် အကြီးအကဲ ဂေါ်ဒွန်တေလာက ပြောကြားရာတွင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တွင် အဖွဲ့ဝင်နိုင်ငံ ၂၀၀ ရှိကြောင်း၊ ထိုအဖွဲ့ဝင် နိုင်ငံများ၏ နောက်ခံအကြောင်း၊ အသားရောင်၊ ယဉ်ကျေးမှု နှင့် အယူဝါဒတို့မှာ မတူ ခြားနားမှုရှိရာ  အဖွဲ့ချုပ် ဥက္ကဋ္ဌတစ်ဦးက လူမျိုးရေး ခွဲခြားဝါဒနှင့် ပတ်သက်၍ ပြောကြားခြင်းမှာ ဆီလျော်မှု မရှိကြောင်း၊ ထိုသို့ ပြောကြားမှုအတွက် သူ့အနေဖြင့် ရာထူးမှ ဆင်းပေးခြင်းမှလွဲ၍ အခြားမရှိကြောင်း ပြောကြားခဲ့သည်။

Ref: Reuters