» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အာရှမဟာမိတ်များကို ကူညီပံ့ပိုးပေးမည်ဟု ကလင်တန်ကဆို

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန် ပြည်ထောင်စု၏ အချက်အချာကျသော မဟာမိတ်များနှင့် နှောင်ဖွဲ့မှုကို အထောက်အကန် ပြုသည့်အနေဖြင့် ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့အတွက် ပံ့ပိုးကူညီမှု ထပ်မံပေးရန် ထုတ်ဖော် ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ပြည်ထောင်စုက အာရှအပေါ် အသစ်ပြန်လည် အာရုံစူးစိုက်မှုအဖြစ် မစ္စစ်ကလင်တန်သည် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာပြီးနောက် ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။

မစ္စစ်ကလင်တန်က ဖိလစ်ပိုင်သမ္မတ အကွီနိုနှင့်အတူ တောင်တရုတ်ပင်လယ် အငြင်းပွားမှု အရေးကိစ္စကို တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံအား ဖျက်သင်္ဘောတစ်စင်း ပေးခဲ့ပြီးနောက် ဒုတိယတစ်စင်းကို ထပ်မံ ပေးရန်အတွက် ဆွေးနွေးမှု ပြုသွားမည်ဖြစ်သည်။

 ထို့ပြင် တောင်တရုတ်ပင်လယ်၌ ပူးပေါင်း ဆောင်ရွက်မှုကို အဆင့်တိုးပွား ဆောင်ရွက်နိုင်မည့် နည်းလမ်းကိုလည်း ရှာဖွေသွားမည် ဖြစ်ကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အမေရိကန်ပြည်ထောင်စု အနေဖြင့် တောင်တရုတ်ပင်လယ်နှင့် ပတ်သက်သည့် တင်းမာမှုများကို သွေးထိုးနေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့ အပါအဝင် အခြားသော နိုင်ငံများနှင့် အချင်းများလျက် ရှိနေခြင်းဖြစ်သည်။

မစ္စစ်ကလင်တန်နှင့် သမ္မတ ဘားရတ်အိုဘားမားတို့က အာရှ-ပစိဖိတ် ဒေသအပေါ် အာရုံစူးစိုက်မှု အသစ်ကို ပြုရန် သန္နိဋ္ဌာန် ချထားကြပြီး အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးနှင့် လုံခြုံရေး နှစ်ရပ်စလုံးအတွက် အရေးပါသော ဒေသတွင်း အရေးပါသော အဖွဲ့အစည်းများ ထူထောင်ရေးကို အကူအညီပေးရန် လိုလားလျက် ရှိနေခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက မစ္စစ်ကလင်တန် အနေဖြင့် ရေလွှမ်းမိုးမှု ပြဿနာများ အရေးဖြင့် ဒုက္ခများနေသော ထိုင်းနိုင်ငံအား ပံ့ပိုးကူညီမှု အမြောက်အမြား ပေးသွားမည်ဖြစ်သကဲ့သို့ ထိုင်းနိုင်ငံအား အမေရိက၏ သက်တမ်းအကြာဆုံး အာရှ မဟာမိတ်ဟောင်း တစ်နိုင်ငံအနေဖြင့် အများပြည်သူအား လက်ကမ်းသွားရန် မျှော်လင့်လျက် ရှိသည်ဟု ပြောကြားခဲ့သည်။

Ref : AFP/KH