» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



အာဆီယံထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ မြန်မာသို့ လာ၍ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့်တွေ့ဆုံမည်

မြန်မာနိုင်ငံတွင်ရင်းနှီး မြှုပ်နှံမှုများ အရှိန်အဟုန်မြင့်  ဆောင်ရွက် နိုင်ရန်အတွက်  အာဆီယံထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်များ(Asean Business Club )မှ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက် မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများမှ ထိပ်တန်း  စီးပွားရေး လုပ်ငန်းရှင် ၃ဝ ကျော်ပါဝင်သောအဆိုပါအဖွဲ့ သည် ဖေဖော်ဝါရီ၆ရက် တွင်မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ် ပြီးမြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ မြန်မာနိုင်ငံကုန်သည် ကြီးများ နှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ များ အပါအဝင်ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အာဆီယံ စီးပွားရေးလုပ်ငန်းစုကနေပြီး တော့ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် လာတာပါ။ ကျွန်တော်တို့အဖွဲ့ထဲမှာတော့  အာဆီယံ၁ဝနိုင်ငံကထိပ် တန်း စီးပွားရေး လုပ်ငန်းရှင် ၃ဝကျော် လောက်ပါမယ်'' ဟု အဆိုပါစီးပွား ရေးလုပ်ငန်းစု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် CIMB ASEAN RESEARCH INSTITUTE မှ Chief Executive Officer John Pang ကပြောသည်။ ယင်း အာဆီယံ စီးပွား ရေးလုပ်ငန်းစု အနေဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့လည် ၁ နာရီတွင် UMFCCI မှတာဝန်ရှိသူများ နှင့်တွေ့ဆုံပြီး နေလည် ၃  နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ မည်ဖြစ်ကာ ဖေဖော်ဝါရီ ၇ ရက် တွင် မြန်မာ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင်နှင့် တွေ့ဆုံပြီး နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှု  ဆိုင်ရာ ဥပဒေ များနှင့် နိုင်ငံတကာရင်းနှီး မြှပ်နှံမှုများ ကိုအလေးထား ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

''အခုမြန်မာနိုင်ငံစီးပွား ရေးလုပ်ငန်းတွေပွင့်လင်းလာပြီ ဆိုတော့အမေရိကန်နဲ့အီးယူနိုင်ငံ တွေကလာပြီးတော့ရင်းနှီးမြှပ်နှံမှု တွေမလုပ်ခင်မှာအာဆီယံဒေသ တွင်းနိုင်ငံအချင်းချင်းစီးပွားရေးလုပ် ငန်းတွေတွဲဖက်လုပ်ကိုင်နိုင်ဖို့အ တွက် အရင်ဦးဆုံး ဝင်လာတဲ့သဘော ပါ '' ဟု Ever Flow River ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်နိုင်ဦး  ကပြောသည်။

''Asean Business Club စီးပွားရေး လုပ်ငန်းစု ကအာဆီယံမှာတော့ ထိပ်တန်းစီးပွား ရေးလုပ်ငန်းရှင်တွေကြီးဖွဲ့စည်းထား တဲ့အဖွဲ့အစည်းတစ်ခုပဲ။သူတို့သာ ဝင်လာရင်လည်း  ဒေသတွင်းစီးပွား ရေးလုပ်ငန်း တွေကအများကြီးဖွံ့ ဖြိုးလာ နိုင်မယ်။ သူတို့ဆီမှာကဏ္ဍ အစုံက လုပ်ငန်းရှင်တွေပါဝင်တဲ့ အတွက်မြန်မာနိုင်ငံရဲ့  စီးပွားရေး ကဏ္ဍ အစုံမှာ  လည်းဖွံ့ဖြိုးလာနိုင် မယ်'' ဟု ပြည်တွင်းထိပ်တန်း  စီးပွား ရေးလုပ်ငန်း ရှင်ကြီးတစ်ဦးကပြော  သည်။

Asean Business Club စီးပွားရေးလုပ်ငန်းစုနှင့်အတူ အာဆီယံဒေသတွင်းမှာယင်းနှင့်ပတ်သတ်သည့် မီဒီယာများနှင့်သတင်း ဌာနများ ပါလိုက်ပါလာမည်ဖြစ် ကြောင်းသိရသည်။