» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ပင်စင်စောင့်ရင်း သေဆုံးကြသွားကြသူများပင် ရှိပါပြီ

 

နိုင်ငံတော်သမ္မတကြီးသည် လူသားချင်းစာနာ မေတ္တာထောက်ထား၍ (၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ရက် မှစ၍) ဝန်ထမ်းဟောင်း တစ်ဖြစ်လဲ၊ ခေတ်ဟောင်း ပင်စင်စားကို ယခုလတ်တလော ပင်စင်ယူသည့် ပင်စင်ခံစားရသည့် သူများနှင့် တစ်ပြေးညီခံစား ကြရစေရန် တိုးမြှင့်ပင်စင် ကိုခွင့်ပြုသည် ဖြစ်၍ များစွာကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါသည်။

ယခုအခါတိုးမြှင့် ပင်စင်ခံစားခွင့်သက်တမ်း သုံးလတိုင်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထုတ်ယူခွင့်ရသူ အရေအတွက်မှာ လွန်စွာနည်းပါး လျက်ရှိသည်။ ဥပမာ- ယခင်အခါက မြန်မာ့စီးပွားရေး    ဘဏ်များတွင် ပင်စင်ခံစားခွင့်ရ၍ ထုတ်ယူသူ အရေအတွက်မှာ ၁၀၀၀ ဝန်းကျင်ရှိခဲ့ကြသည်။ ယခုအခါ တိုးမြှင့် ပင်စင်ထုတ်ယူရာတွင် ဘဏ်တစ်ခုစီ၌ ထုတ်ခွင့်ရဦးရေမှာ ၆၀၊ ၇၀ သာရှိသေးသဖြင့် ၇၀/၁၀၀၀၊ ၇/၁၀၀၊ ၇ ရာခိုင်နှုန်းဖြစ်၍ ကျန် ၉၃၀/၁၀၀၀၊ ၉၃/၁၀၀၊ ၉၃  ရာခိုင်နှုန်းမှာ ထုတ်ခွင့်မြရသေးပါ။ ထိုစံနှုန်းအတိုင်းသွားပါက နောက်ထပ် ၁၀ လ တိုင်သည် တစ်နှစ်တိုင်သည် စောင့်ဆိုင်းကြရမလို ဖြစ်နေပါသည်။

နိုင်ငံတော် သမ္မတကြီးက ‘‘ဝန်ထမ်းအချင်းချင်း စာနာထောက်ထားသော အားဖြင့် ဆောလျင်စွာ ဆောင်ရွက်ပေးကြပါ’’ ဟု ရှေးဦးမဆွကပင် ညွှန်ကြားခဲ့သလို စက်တင်ဘာ ၂၇ ရက်ကလည်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြှင့်ဆွေ ကလည်း ယင်းသို့ကြန့်ကြာမှု အပေါ်(သက်ဆိုင်ရာများ ကိုခေါ်ယူ၍) ညှိနှိုင်းဆောင်ရွက်ပေးကြောင်း၊ မြန်မာ့ရုပ်မြင်သံကြား နှင့် နေ့စဉ်ထုတ်သတင်းစာများ ၌ ကြားနာဖတ်ရှုခဲ့ရပါ၍ များစွာအားတက်သမှု ရှိကြရပါသည်။

အမှန်မှာ တိုးမြှင့်ပင်စင် ခံစားကြရမည့်အနေနှင့် သက်ကြီးရွယ်အိုများ၊ အိုမင်းမစွမ်း ဖြစ်နေသူများ၊ နာမကျန်းဖြစ်နေသူများသာ၊ ဖြစ်ကြပြီး အသက်အရွယ်အရ အချိန်အခမရွေး သေဆုံးသွားနိုင်သူများ ဖြစ်ရာ အချို့လည်း ပင်စင်စောင့်ဆိုင်းရင်း သေဆုံးသွားသူတွေပင် ရှိနေကြပါပြီ။

တိုးမြှင့်ပင်စင် တွက်ချက်ပုံ ဇယားလျှောက်လွှာများကို မြို့နယ်အဆင့် အနေဖြင့် ထိုလ(ဇူလိုင်လ) ၂၀ ရက် အတွင်းကပင် တိုင်းအဆင့်သို့ တင်ပြခဲ့ကြသော်လည်း တိုင်းအဆင့်၌ လျှောက်လွှာများ် စုပုံရောက်ရှိပြီး ‘‘ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်း’’ ဖြစ်နေရော့သလား မသိတော့ပါ။