ကရင်မလင် အကြီးအကဲ အဖြစ် ဗလာဒီမာ ပူတင် ပြန်လာတော့ မည်ဟု ဆိုသည်။ ရုရှား နိုင်ငံတွင် ထိုသို့ ပင် သတင်းထွက်ပေါ်နေခဲ့သည်။ ဘာပဲဖြစ်ဖြစ် ရုရှားနိုင်ငံကတော့ တည်တည်ငြိမ်ငြိမ် အေးအေး ဆေးဆေး သမ္မတ ဒီမီထရီ မက်ဗီဒက် ကလည်း ပြုံးပျော်ကျေနပ်စွာ ပင် သူ့လက်ထဲက သရဖူကို ဝန်ကြီး ချုပ်ပူတင်ထံ လွှဲပြောင်းပေးမည်သာ ဖြစ်သည်။ သို့ရာတွင် အပြန်အလှန် အားဖြင့် သူကလည်း ဝန်ကြီးချုပ် နေရာကို ရယူသွားမည် ဖြစ်သည်။ တကယ်တမ်း တွင် ရုရှားနိုင်ငံ နှင့် အခြားနေရာမှလူများကမူ ထိုရွေးကောက်ပွဲ တစ်ခု အနေ နှင့် သာမြင်ပြီး ကျေနပ်ပျော်ရွှင်မှု ရှိနေမည် မဟုတ်ပါ။ သို့ရာတွင် အပြိုင်အဆိုင် ယှဉ်ပြိုင်ကြမည် ဆိုလျှင် လည်း ပူတင်ပင် အနိုင်ရရှိသွားမည် သာဖြစ်သည်။ ရရှား လူမျိုး အများစုက ပူတင်ကို ကြိုက်နှစ်သက်ကြသည်။ သူတို့က ကြံ့ခိုင်သန်စွမ်းသည့် သမ္မတတစ်ဦးကို လိုလားကြခြင်းဖြစ်သည်။ ပူတင်က ကျားကျား လျားလျားရှိသည်။ ကျန်းမာကြံ့ခိုင်သည်။ ပြီးတော့ ညှို့ဓာတ်အပြည့်ရှိသူ ဖြစ်သည်။
ပူတင်ကို ဆန့်ကျင်ကန့်ကွက် သူရှိမည်ဆိုလျှင်ပင် ထိုသူတို့မှာ နိုင်ငံရေး စနစ်အပြင်ဘက်မှ လူများသာဖြစ်လိမ့်မည်။ လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့် ပြုခြင်းဖြင့် ပူတင်ကျရှုံးသွား လိမ့်မည် မဟုတ်ပါ။ တစ်ခုတော့ ရှိသည်။ လွတ်လပ်စွာ ဝေဖန် ပြောဆိုမှုကတော့ ကရင်မလင် အာဏာပိုင်တို့ကို ချောက်ချောက် ချားချား ဖြစ်စေလိမ့်မည်။ ထိုသို့သော အခြေအနေ နှင့် ကြုံလာခဲ့လျှင် သူတို့က ပြန်လည်ပြင်ဆင် မှုတွေကို ပြုလာလိမ့်မည်။ ပြန်လည်ပြင်ဆင်မှု ပြုမည့် နည်းလမ်းကလည်း တစ်ခုဘဲ ရှိသည်။ ထိုနည်းလမ်းမှာ ၂၀၀၀ပြည့်နှစ်က ကရင်မလင်ကို ပထမ ဦးဆုံးအကြိမ် ပူတင်ဝင်ရောက် လာခဲ့စဉ် အချိန်က ကျင့်သုံးခဲ့သည့် နည်းလမ်းသာဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အတွင်း ဒီမိုကရေစီ အရေး နှင့် ပတ်သက်၍ ပရမ်းပတာဖြစ်နေမှု များကို ပူတင် ကိုင်တွယ်ရှင်းလင်းခဲ့သည့် နည်းလမ်းကိုသာ ကျင့်သုံး မည်ဖြစ်သည်။ ပူတင် မက်ဗီဒက် နှစ်ဦးတည်း ချုပ်ကိုင်ထားသည့်ခေတ် ကုန်ဆုံးသွားမလား ဟု မေးလာခဲ့လျှင် အဖြေကရှင်းသည်။ မက်ဗီဒက် က သူ၏စီနီယာ ရဲဘော်ရဲဘက်ကြီးကို သစ္စာဖောက်မည် မဟုတ်ပါ။ သမ္မတနေရာကို ပူတင်ထံ လွှဲပြောင်းပေးပြီး သူကတော့ ဝန်ကြီးချုပ်နေရာကို ပြန်ပြောင်းနေမည်သာဖြစ်သည်။ ထိုအတိုင်းဆိုလျှင် ရုရှားနိုင်ငံတွင် အာဏာခွဲဝေပေးမှု နည်းနည်းလေးမျှ မရှိဘူးလားဟု ဆိုစရာရှိသည်။ ပြောရမည် ဆိုလျှင် မက်ဗီဒက် သည် ပူတင်၏ အစိတ်အပိုင်း တစ်ခုသာဖြစ်သည်။ ပူတင်ကလည်း သူနှင့် မက်ဗီဒက်သာလျှင် ရုရှားနိုင်ငံ ၏ ပမာနကျသူများ အဖြစ် ရှုမြင်ထားသည်။ မက်ဗီဒက်တွင် စိတ်ကောင်းစေတနာကောင်း အချို့ ရှိနေသည်ကတော့ အမှန်ပင်ဖြစ်သည်။ မည်သို့ဆိုစေ စာမျက်နှာကတော့ တစ်ဖက်ကိုလှန် ရတော့မည်။
စနေနေ့သည် ခါတိုင်းနေ့များ ကဲ့သို့ပင် နေ့တစ်နေ့ကို အစပြုလာခဲ့သည်။ ကျွန်တော်က ခြောက်နှစ် အရွယ် ကျွန်တော့် သမီးလေး မာယာကို သွားဆရာဝန်ထံ ခေါ်သွားခဲ့သည်။ သမီးငယ် ၏ ငယ်သွားများ နေရာတွင် သွားများ ပြန်လည်ထွက်လာရေး နှင့် ပတ်သက်၍ ဆရာဝန်၏ စစ်ဆေးမှုကို ခံယူရန်ဖြစ်သည်။ နောက်တော့ ကျွန်တော်တို့ ကစားကွင်း ကိုသွားကြသည်။ နေ့လယ်ဘက် ရောက်တော့ ကျွန်တော် နားလည်သဘောပေါက်ရခဲ့သည်။ ကျွန်တော်တို့ ပူတင်ကို နောက်တစ်ကြိမ် ပြန်၇ခဲ့တာပဲဖြစ်သည်။ ကျွန်တော်၏ မိတ်ဆွေ တစ်ဦးတစ်ယောက် ကမျှ ကျွန်တော့်ထံ ဖုန်းခေါ် ဆိုခဲ့ ကြခြင်းမရှိပါ။ ပူတင်သမ္မတဖြစ်ခြင်းသည် သူတို့အတွက် သတင်းမဟုတ်ဆိုသည့် အဓိပ္ပာယ်ဆောင် ခြင်းသာဖြစ်သည်။ တစ်ခုသော နွေရာ သီတုန်းက ကျွန်တော်တို့ကြား ခဲ့ရသည့် သတင်းတစ်ပုဒ်ရှိသည်။ ကြားခဲ့ရသည့် သတင်းက ဤသို့ဖြစ်သည်။ ပူတင် နှင့် မက်ဗီဒက် တို့ မော်စကို မြို့ပြင်ဘက် စက်ဘီးစီး ထွက်ခဲ့ကြသည်။ အပြန်တွင် မက်ဗီဒက်၏ မျက်နှာက မသက်မသာ နှင့် စိတ်ရှုပ်ထွေးနေပုံရနေသည် ဟုဆိုသည်။ အဲဒီတုန်းက ဘာတွေ ဖြစ်ခဲ့ကြသလဲ။ အားလုံးက သိချင်ခဲ့ကြသည်။ အမှန်ပဲဖြစ်သည်။ တစ်ခုခု ဖြစ်လာမလား ဟူ၍ အားလုံးက ဆက်လက်စောင့်ကြည့်ခဲ့ကြသည်။ ပူတင်၏ စိတ်ရင်းက ရုရှား နိုင်ငံကြီးကို နောက်ထပ် ၁၂ နှစ် သယ်ပိုးချင်စိတ် မရှိဟု တွေးထင်ခဲ့ကြသည်။ နောက်ထပ် ၁၂နှစ် နိုင်ငံအကျိုးကို သယ်ပိုးနေရခြင်း က လောင်စာဆီ အပြည့်တင် ဆောင်ထားသော ကားကြီးကို မောင်းနှင် နေရသလို ဖြစ်မည်။ မောင်းနှင်နေရသည့် ကားကြီး က အလွန်လေးလံ၍ ထိန်းရသိမ်းရခက်လှသည်။ သို့ရာတွင် ထိုကားကြီးကို သူသာကိုင်တွယ် မောင်းနှင်ခြင်းမပြုလျှင် မောင်းနှင် နိုင်မည့် သူမရှိဟု ပူတင်က ကောက်ချက်ချခဲ့သည်။ မည်သို့ဆိုစေ ကားကြီးက ဆီစော်နံဟောင်နေ ပေမဲ့ အာဏာကတော့ ချိုမြိန်လှသည်။
ပူတင်မက်ဗီဒက် နှစ်ဦးတည်း ချုပ်ကိုင်ထားသည့် ခေတ်ကုန်ဆုံး သွားမလား ဟု မေးလာခဲ့လျှင် အဖြေက ရှင်းသည်။ မက်ဗီဒက်က သူ၏စီနီယာ ရဲဘော်ရဲဘက် ကြီးကို သစ္စာဖောက် သည် မဟုတ်။ သမ္မနေရာကို ပူတင်ထံ လွှဲပြောင်းပေးပြီး သူကတော့ ဝန်ကြီးချုပ် နေရာကို ပြန်ပြောင်း နေမည်သာ ဖြစ်သည်။
သည့်နောက်တော့ တစ်ခုခု ဖြစ်မလားဟူ၍ စောင့်ဆိုင်းနေသူတစ်ဦး တစ်ယောက်မျှ မရှိတော့။ ထိုသို့ ဖြစ်၇သည့် အကြောင်းကလည်း ရှိသည်။ လွန်ခဲ့သည့် နှစ် နှစ်ကျော်လောက် ရုရှားနိုင်ငံကြီး ကို အကြွင်းမဲ့ တန်ဖိုးများဆီ တွန်းရွှေ့ ဖို့ကြိုးပမ်းရန် မက်ဗီဒက် က ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဖြစ်ရန်မှာလည်း ရုရှားနိုင်ငံအတွက် လိုအပ်နေခဲ့သည်။ ဒီတော့ ရွှေ့ပေါ့၊ မက်ဗီဒက် က ရုရှားတွေ ချီတက်ဟု ဆိုသည်။ မက်ဗီဒက်က ရုရှားနိုင်ငံ ခေတ်မီတိုးတက် ရေးကို အဆိုပြုသည့် ပြစ်မှုဆိုင်ရာ တရားစီရင်ရေး စနစ်ကို ရှုတ်ချသည်။ အနောက် နိုင်ငံ မဟာမိတ် တို့ ၏ လစ်ဗျား နိုင်ငံအရေး ယူမှုတွင် ပူးပေါင်း ခဲ့သည်။ ပြီးတော့ … ပြီးတော့။
မည်သို့ဆိုစေ ပူတင်ကတော့ နံပါတ်တစ်နေရာတွင် ရှိနေမည်သာဖြစ်သည်။ သူက တစ်မူထူးခြား သူဖြစ်သည်။ သူ၏ လူနေမှု ဘ၀ဟန်ပန်တွင် ဥရောပ သားဟန် အပြည့်ရှိသူဖြစ်သည်။ ယင်းသည်ပင် အားတက်ဖွယ်ရာဖြစ်သည်။ အလားတူပင် သူ၏ ရုရှားဖြူ လှုပ်ရှားမှု ပြန်လည် မြှင့် တင် ပေးခြင်း နှင့် စတာလင်ဝါဒီ တို့၏ ဖိနှိပ်ချုပ်ချယ်မှုကို ပြစ်တင် ရှုတ်ချခြင်း တို့ကလည်း အားတက်ဖွယ်ရာ ဖြစ်သည်။ သို့ရာတွင် သူ၏ ဆိုဗီယက် ရုရှား နိုင်ငံတော်ကြီးကို အောက်မေ့ လွမ်းဆွတ်နေဆဲရှိ ခြင်းကမှု စိတ်ပျက်အားလျော့ စရာဖြစ်သည်။ မက်ဗီဒက် နှင့် မတူသည် ကတော့ ပူတင်သည် ဥရောပဘက်မရွေ့ဘဲ ရုရှားနိုင်ငံကို ဦးဆောင်သွားဖွယ်ရှိနေခြင်း ဖြစ်သည်။ သူက ဗင်နီဇွဲလား နှင့် အတူ တတိယလမ်းတွင် ဝေ့ဝိုက်နေ မည်လည်းဖြစ်သည်။
ပူတင်သည် ရုရှား လူမျိုးအားလုံး ၏ ရာခိုင်နှုန်း ၈၀ ထက် ပိုမို၍ လွတ်လပ်စွာ တွေးခေါ် မြော်မြင်သူဖြစ်သည်။ ရုရှား လူမျိုးတို့က သူ့ထက်ပိုမို၍ အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်ကာ သူစိမ်းကြောက်သူများဖြစ်သည်။ ပူတင်သည် အခြေခံအားဖြင့် အလွန်ဆင်းရဲသော နိုင်ငံတွင်းမှ အနုတ် သဘောဆောင်သော ခံစားမှုများကို ဆန့်ကျင်သည့် အကာအရံဒိုင်းတစ်ခု ဖြစ်သည်။ ကျွန်တော် တို့ အတွက် တော်လှန်ရေးဆိုသည်ကို လိုအပ်မည်မဟုတ် ပါ။ ရုရှား နိုင်ငံတွင် လွတ်လပ်စွာတွေးခေါ် သူတို့က ကရင်မလင် နှင့် မည်ကဲ့သို့ ဆက်ဆံ၇မည်ကို သိရှိခြင်းမရှိခဲ့ကြပါ။ ထိုသို့သော အကြောင်းတရား ကြောင့် ရုရှားကို သူတို့ စွန့်ခွာခဲ့ကြသည်။ ပြီးတော့ အနောက်ကို ပြေးဝင်ခိုလှုံ ခဲ့ကြသည်။
နောက်ဆုံးတော့ တစ်ခုခု ဖြစ်လာလေမလားဟူသော မျှော်လင့်ချက်များ အဆုံးသတ်ခဲ့ပြီဆိုလျှင် လက်တွေ့ သဘောတရားအပေါ် တည်သော နိုင်ငံရေး ကိုဖြစ်တည်ခွင့် ပေး၇မည်သာ ဖြစ်ပါသည်။ ပူတင်သော မိမိလူမျိုး အကျိုး ပဓာနထားသည့် နိုင်ငံရေးအမြင် ရှိသူ ဖြစ်ပါက ကောင်းလေစွ ဟုမြင်မိပါသည်။ ကျွန်တော် တို့အနေဖြင့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ပူတင်ပေးခဲ့သော ကိုယ်ပိုင်လွတ်လပ် ခွင့်များကို ဆက်လက်ဖက်တွယ်ထား နေရဦးမည်ဆို လျှင်လည်း အဆိုးကြီး တော့မဟုတ် သေးပါ။ မည်သို့ဆိုစေ နိုင်ငံ၏ စိတ်ဓာတ်ကတော့ နိမ့်ပါး နေဆဲပင်ရှိပါသည်။ အဂတိ လိုက်စားမှု ဟူသည် ဘ၀နေ ထိုင်မှုနည်းလမ်းတွင် ဟီရိဩတ္တပတရား ကင်းမဲ့ မှုဖြစ်လာခဲ့ပါသည်။ ရန်လိုမှုများကလည်း ဟိုနေရာ သည်နေရာတွင် မပြတ်ရှိနေခဲ့သည်။ ရုရှား နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှာ ထက် အဆ ၂၀ ခန့် တိုက်ခိုက်သတ်ဖြတ်မှုများရှိနေကြောင်း ကွန်မြူနစ်ပါတီ အကြီးအကဲ ဂျင်နာဒီဇူကာနော့ဗ်က ထုတ်ဖော်ေပြာကြားခဲ့ပါသည်။ များမကြမီ ကာလအတွင်းမှာ ပင် ရုရှားတို့သည် အာဏာ နှင့် ဘာသာတရားပေါင်းစည်းထားသော အီရန်ကဲ့သို့သော အတွေး အမြင် သဘော တရားရှိရာ ကူးပြောင်းလာဖွယ်ရာရှိနေပါသည်။ ထိုသို့သော အနေအထား၏ နောက်ဆက်တွြ အကျိုးဆက်များကို မျှော်တွေးမှန်းဆ နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ကတော့ အရှေ့အယာတိုလာများကို လိုအပ်ခြင်း မရှိပါ။ ပူတင်သည်သာ မိမိလူမျိုး မကျိုး မျှော်ဝါဒီ တစ်ဦး အဖြစ် ဆက်လက် တည်တံ့စေလိုပါသည်။ မိတ်ဆွေ များထံမှ ကျွန်တော့်ကို ဖုန်းခေါ် ဆိုခဲ့ခြင်း မရှိပါ။ ပူတင်သမ္မတက ဖြစ်ခြင်းသည် သူတို့အတွက် သတင်းမဟုတ်ဟူသည့် သဘောပင်ဖြစ်ပါသည်။

