အမှတ်တမဲ့ပုံရိပ်များကို အရည်အသွေး ကောင်းမွန်သော အမှတ်တရပုံတွေအဖြစ် ပြောင်းလဲပေးမယ့် Cannon EOS Series နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Canon Showroom ဖုန်း ၂၄၃၀၃၆၊ ၂၄၃၀၃၇၊ ၂၄၆ရ၄၄၊ ၂၄၀၃၃၂ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။
ပုံထွက်အားကောင်းတဲ့ EOS 5D Mark II
ဒီကင်မရာရဲ့ထူးခြားချက်ကတော့ ISO RANGE up to 25600 ရရှိထားပြီး 21.1 Mega Pixels CMOS ပါတဲ့ အတွက် ထွက်လာတဲ့ ပုံရိပ်တွေက ကြည်လင်စိုပြည်စေပါတယ်။ ဗီဒီယိုလည်း ရိုက်ကူးနိုင်သလို EOS Intergreated Cleaning System ပါဝင်ပြီး 3.0” VGA LCD live View ပါဝင်တဲ့အတွက် ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာတွေ အကြိုက်တွေ့နေကြပါတယ်။ ကင်မရာရဲ့ မှန်ဘီလူးအား EF24-105mm Lens ပါဝင်ပါတယ်။ဈေးနှုန်းက ကန်ဒေါ်လာ ၃၃၅၀ ဖြစ်ပါတယ်။
ကင်မရာမှတိုက်ရိုက်ဓါတ်ပုံထုတ်နိုင်သော Cannon Photo Printer Pixma Pro 9000 Mark II
ဒီ Printer ရဲ့အားသာချက်က ကင်မရာမှဓါတ်ပုံကို ကွန်ပျူတာမပါဘဲ တိုက်ရိုက်ထုတ်နိုင်ပါတယ်။ ကာလာ ရှစ်ရောင်ပါဝင်ပြီး 4” x 6” photo borderless 25sec, 2way paper feeder, CD/DVD Label Printing တို့ပါဝင်ပါတယ်။ ဈေးနှုန်း ကန်ဒေါ်လာ ၅၅၀ နဲ့ Cannon Showroom များတွင် ဝယ်ယူနိုင်ပါတယ်။
ဘေးဘက်မှာ Screen ပါတဲ့ EOS 60D
ဒီကင်မရာမှာတော့ ဘေးဘက်က Screen 3.0” LCD Vari-angle ပါဝင်ပြီး မှန်ဘီလူးအား EF 18-135mm Lens ပါဝင်ပါတယ်။ 18Mega Pixels APS-C CMOS ပါတဲ့အတွက် ပုံထွက်ကြည်လင်ပါတယ်။ ဈေးနှုန်းကန်ဒေါ်လာ ၁၄၈၀ နဲ့ ဝယ်ယူနိုင်ပါတယ်။
ဓါတ်ပုံတွေကိုချက်ချင်း ပြန်ကြည့်နိုင်မယ့် Cannon SELPHY
ရိုက်ကူမယ့် ကင်မရာကို ကွန်ပျူတာနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဓာတ်ပုံတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဖြူရောင်ကင်မရာ Box လေးဖြစ်ပြီး ပုံတွေကိုလည်း တိုက်ရိုက်ထုတ်နိုင်ပါတယ်။ ဈေးနှုန်းကန်ဒေါ်လာ ၂၄၀ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
လေ့လာရေးခရီးသွားသူများလိုအပ်လာမယ့် ကင်မရာမှန်ဘီလူး
လေ့လာရေး၊ ရှာဖွေရေးနှင့် သုတေသနပြုလုပ်မှုများကို မှတ်တမ်းတင်ရာတွင်လိုအပ်လာမယ့် ကင်မရာမှန်ဘီလူးလေးမျိုးရှိပါတယ် (၁) EFS 55-250mm f/4.0-5.6USM ကို ဈေးနှုန်းကန်ဒေါ်လာ ၂၈၅၊ (၂) EF 18-135mm f/3.5-5.6 IS USM ကိုဈေးနှုန်းကန်ဒေါ်လာ ၅၅၅၊ (၃) EFS 28-135mm f/3.5-5.6 IS USM ကို ဈေးနှုန်းကန်ဒေါ်လာ ၆၀၀၊ (၄) EFS 24-105mm f/4.0L IS USM ကို ဈေးနှုန်း ကန်ဒေါ်လာ ၁၄၃၀ နဲ့ Cannon Show room တွင် ဝယ်ယူရရှိနိုင်ပါသည်။

