» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ပဉ္စမအကြိမ်မြောက် Family Fun Fair ပွဲတွင် သိန်းသုံးဆယ်တန်ဖိုးရှိ အိုင်တီပစ္စည်းများ ကံစမ်းမဲဖောက်ပေးမည်

အင်းယားလိတ် ဟိုတယ်တွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် Family Fun Fair ပွဲတွင် ကလေးငယ်များအတွက် ယနေ့ ခေတ်စားနေသော iPad 2, iPod Touch များကို ရရှိစေမည့် IT ပစ္စည်းများနှင့် ကျပ်သိန်း ၃၀ဖိုး လက်ဆောင် ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတွင် Family Fun Fair မန်ဘာ အဖွဲ့ဝင် ကလေးငယ်များအတွက် ပြိုင်ပွဲများစွာ ကျင်းပပေးပြီး ဆုလက်ဆောင်များကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ Family Fun Fair တွင် မန်ဘာအဖွဲ့ဝင် စုစုပေါင်း ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။

“ဒီနှစ်မှာ ထူးခြားတာက ဂိမ်းကစားတာတွေ ထည့်ထားပါတယ်။ ကံစမ်းမဲ အစီအစဉ်ကတော့ IT ပစ္စည်းလေးတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲကို လာရောက်ကြမယ့် Family Fun Fair ပွဲ မန်ဘာအဖွဲ့ဝင် ကလေးငယ် မိသားစုတိုင်း ရနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ (1) iPad 2, (2) iPod Touch (3) TV 22” (4) Camera 5Pcs နှင့် ကျပ်သိန်း ၃၀ဖိုး လက်ဆောင်ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးသွားမှာပါ။ ဂိမ်းပြိုင်ပွဲဝင်တွေအတွက် ဆုတံဆိပ်နဲ့ လက်ဆောင်ပစ္စည်းတွေ ပေးမှာ ဖြစ်ပါတယ်” ဟု Do-Re-Mi Family Club မှ ဒေါ်ယုမီက ပြောသည်။

အဆိုပါပွဲတွင် ပါဝင်နိုင်ရန် မန်ဘာ လာရောက် ဝင်ထားနိုင်ကြောင်း သိရသည်။

“မန်ဘာဝင်လိုသူတွေက မန်ဘာကြေး ၁၅၀၀ နဲ့ အဖွဲ့ဝင်နိုင်ပါတယ်။ မန်ဘာကြေးတွေကို မိဘမဲ့ ကလေးတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်” ဟု Appeton မှ ဒေါက်တာ နန်းရွေအိမ်စည်က ပြောသည်။

ထို့ပြင် ပုံပြောပြိုင်ပွဲ မြန်မာလေးနှစ်မှ ငါးနှစ်နှင့် - အင်္ဂလိပ်၊ ငါးနှစ်မှ ခုနစ်နှစ်)၊ အကပဒေသာ၊ မျက်လှည့်၊ ကံစမ်းမဲဖောက်ပွဲများကို ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို ကုမ္ပဏီကြီးခုနှစ်ခုက ပူးပေါင်း၍ ကလေးငယ်များ ပျော်ရွင်စေရန်၊ ပေါင်းသင်း ဆက်ဆံတတ်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှု ရှိစေရန်၊ ကိုယ်ရည်ကိုယ်သွေး ထုတ်ဖော် ပြသနိုင်ရန်၊ ရည်ရွယ်၍ ဒီဇင်ဘာ ၃ရက်တွင် အင်းလျားလိတ် ဟိုတယ်၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။