» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ငါးပေါင်းမှုန့် တရုတ်သို့ တရားဝင် ပို့မည်

တရုတ်နိုင်ငံသို့ ငါးပေါင်းမှုန့်ကို တရားဝင် တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။ယင်းသို့ တရားဝင် တင်ပို့နိုင်ရန်အတွက် တရုတ်နိုင်ငံမှ အင်စပက်တာများ လာရောက်စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။'' Fish Meal တရုတ်နိုင်ငံကို တရားဝင် တင်ပို့ခွင့် ရရှိရေး ဆောင်ရွက်နေပါတယ်။ တရုတ်က အင်စပက်တာတွေက Fish Meal စက်ရုံများကို စစ်ဆေးခဲ့ပါတယ်''ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောသည်။

တရုတ်အင်စပက်တာများက ရန်ကုန်၊ မြိတ်နှင့် ဘိုကလေးရှိ Fish Meal စက်ရုံ ခြောက်ရုံကို လာရောက် စစ်ဆေးခဲ့ပြီး အကြံပြုချက်များ ပေးခဲ့ကြောင်း သိရသည်။

 အကြံပြုချက်များတွင် ကုန်ကြမ်းအရည်အသွေး လတ်ဆတ်ရန်နှင့် သန့်ရှင်းမှု ရှိစေရန် Label တွင် ပြည့်ပြည့်စုံစုံ ဖော်ပြရန် အကြံပြုထားသည်ဟု သိရသည်။

'' Fish Meal ကို တရားဝင် တင်ပို့ခွင့်ရအောင် လုပ်တာ ကောင်းပါတယ်။ ခုချိန်မှာ စက်ရုံ ခြောက်ရုံပဲရှိပါတယ်။ တရားဝင် တင်ပို့ခွင့် ရတဲ့အခါ စက်ရုံတွေ ထပ်မံ ပေါ်ပေါက် လာနိုင်တဲ့အတွက် သယံဇာတ ဆုံးရှုံးနိုင်လို့ စိစစ်ပြီးမှသာ ခွင့်ပြုဖို့ အကြံပြုလိုပါတယ်''ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

Fish Meal တရားဝင် တင်ပို့ခွင့် ရရှိရန် ငါးလုပ်ငန်း ဦးစီးဌာန၊ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းနှင့် စက်ရုံပိုင်ရှင်များမှ ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။