» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



တောင်တွင်းကြီး ယင်းမလည်ချောင်းတွင် လူတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မ ရဲစခန်း၏ အရှေ့တောင်ဘက် လေးမိုင်ခန့် အကွာ ယင်းမ လည်ချောင်းတွင် အမည်မသိ လူတစ်ဦး ရေနစ်သေဆုံး နေကြောင်း သိရ သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် မွန်းတည့် ၁၂နာရီက ရဲအုပ်စခန်းမှူး စန်းအောင်သည် ရဲစခန်း၌ တာဝန် ထမ်းဆောင် နေစဉ် တောင်တွင်းကြီးမြို့ သီလရွာ ကျေး ရွာ အုပ်ချုပ်ရေးမှူး ဦးစိန်အောင်၊ ရာအိမ် မှူး ဦးစိုးလွင် တို့ရောက်ရှိလာပြီး သီလရွာ ကျေးရွာ၏ အနောက်တောင်ဘက် ယင်းမ လည်ချောင်း ရေလယ်ဆောင်စပ်တွင် လူတစ်ဦး ရေနစ်သေဆုံး နေကြောင်း သတင်း ပေးပို့ချက်အရ တောင်တွင်းကြီးမြို့မ ရဲစခန်းမှ ရဲအုပ်စခန်းမှူး စန်းအောင်ဦးစီး သော ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့်အတူ သွားရောက်စုံစမ်းစစ် ဆေးရာ သေဆုံးသူမှာ ဥသျှစ်ကုန်းကျေးရွာနေ ဦးမြင့် ၃၅နှစ် (ဘ)ဦးကျော်ဖြစ် ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းသည် ပြင်ပ ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ နှာခေါင်းနှင့် ပါးစပ်မှ အမြှုပ်များထွက်၍ ရေ နစ်သေဆုံးနေကြောင်း တွေ့ရှိရသည်။ အဆိုပါရေနစ် သေဆုံးနေသူအား ရဲဆေး စာနှင့်အတူ တောင်တွင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ အောက်တိုဘာ ၅ရက် ညနေ ၃နာရီခွဲ၌ ပို့အပ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်အား တောင်တွင်းကြီး မြို့မရဲစခန်းက သေမှုသေခင်း အမှတ် စဉ် ၁၀/၂၀၁၁ဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် ရဲအုပ်စခန်းမှူး စန်းအောင်က စုံစမ်းထောက်လှမ်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။