နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းဆိုင်ရာ လူသားအရင်း အမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ သင်တန်းများ၊ ပြင်သစ်ဘာသာ စကားပြော သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ပြင်သစ်နိုင်ငံမှ ပညာရပ်ဆိုင် ရာဟောပြောပို့ ချရေး အကူအညီ များနှင့် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာများ၊ ခရီးသွား လုပ်ငန်း၌ ဧည့်သည်များ ပိုမိုလာရောက် ရေးကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ဆိုင်ရာ ပြင်သစ် သမ္မတ နိုင်ငံသံ အမတ်ကြီး H.E.Mr Thierry MATHOU တို့ အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့။
မြန်မာ-ဂျပန် စီးပွားရေးလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံ ၏ တိုးတက်ပြောင်းလဲမှု အခြေအနေများကို ပိုမိုသိရှိ စေရေးအတွက် ဂျပန်နိုင်ငံသံရုံးက ကြီးမှူး၍ Japan Chamber of Commerce Yangon နှင့် အသင်းချုပ်တို့ တွေ့ဆုံဆွေးနွေး ပွဲပြုလုပ်ရေး တို့ကို ဆွေးနွေးရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင် နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးမှ သံမှူးကြီး Mr.Ichiro MARUYAMA တို့ အောက်တိုဘာ ၄ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့။
စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များ၊ အခွန်စီမံခန့် ခွဲရေးနှင့် ဘဏ်လုပ်ငန်း များ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး၊ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် ထိရောက် ထက်မြက်စေရေး စသည့်ကဏ္ဍ အသီးသီး တွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) အရှေ့တောင်အာရှနှင့် ပစိဖိတ်ဌာန ညွှန်ကြားရေးမှူး Mr.Kensuke Fukawa တို့ အောက်တိုဘာ ၁၀ ရက် တွင် နေပြည်တော် ၌ တွေ့ဆုံခဲ့။
နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု တို့နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် နော်ဝေးနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး H.E.Mr.Espen Barth Eide တို့ အောက်တိုဘာ ၇-ရက်တွင် နေပြည်တော် ၌ တွေ့ဆုံခဲ့။

