» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



MNL လိဂ်ဘောလုံးပြိုင်ပွဲတွင် တရားဝင်လောင်းကစားဒိုင် ဖွင့်လှစ်ရန် လတ်တလော မဖြစ်နိုင်သေး

MNL လိဂ်ဘောလုံးပြိုင်ပွဲတွင် ဘွတ်ကီတရားဝင်လောင်းကစားဒိုင် ဖွင့်လှစ်ရန် လတ်တလောတွင် လေ့လာဆဲသာဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

MNL လိဂ်ပြိုင်ပွဲဝင်အသင်းများ ပုံမှန်လည်ပတ်နိုင်စေရေးအတွက် ၎င်းတရားဝင်လောင်းကစား ဘောလုံးဒိုင်းများကို ဖွင့်လှစ်ရန် နိုင်ငံခြားဘောလုံးလိဂ်များသို့လည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

‘‘ဘွတ်ကီ တရားဝင် ဘောလုံး လောင်းကစားဒိုင်ကို ဖွင့်လှစ်ဖို့ စိတ်ကူး ရှိခဲ့ပါတယ်။ စင်ကာမူမှာရှိတဲ့ လိဂ်တွေကို သွားကြည့်ပြီး လေ့လာ ခဲ့ပါတယ်။ ဒီမှာက fair play တွေမရှိမှုတွေကြောင့် ကျွန်တော်တို့ရဲ့ကစားသမားတွေ၊ နည်းပြတွေ၊ ဒိုင်တွေ ထောင်ထဲဝင်သွား ရပါလိမ့်မယ်။ ဒါကြောင့် လတ်တလောတော့ မဖြစ်နိုင်သေးပါဘူး’’ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

ထိုသို့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဘွတ်ကီတရားဝင် လောင်းကစားဒိုင်ဖွင့်လှစ်နိုင်ရန် နိုင်ငံခြားမှ ကုမ္ပဏီများကိုခေါ်ယူ၍လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

‘‘ကျွန်တော် စင်ကာပူကို သွားရောက် လေ့လာခဲ့တဲ့အပြင် ဟိုက လူတွေကလဲ ဒီကိုလာပြီး ပြုလုပ်ဖို့ ဆွေးနွေး တိုင်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Legal ထက် Illegal တွေက ပိုပြီးတော့ လုပ်လာမှုတွေကလဲ ရှိနိုင်တော့ ကျွန်တော်တို့ အချိန်ကာလ တစ်ခုကို စောင့်ရပါအုံးမယ်’’ ဟု ယင်းက ထပ်မံရှင်းပြသည်။

မြန်မာနေရှင်နယ်လိဂ် စတင်ကျင်းပချိန်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့လက်အောက်တွင် ထားရှိပြီး ဘွတ်ကီတရားဝင် ဘောလုံး လောင်းကစားဒိုင်ကို ဖွင့်လှစ်ရန် စီစဉ်ခဲ့ဖူးကြောင်း သိရသည်။

pnnwin@yangonmedia.com