» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



MITSUBISHI ပရိုဂျက်တာ

Projector.jpg

နည်းပညာသစ် သုံးထားသော Projector များကို MITSUBISHI Electric ကုမ္ပဏီမှ ရှော့ပင်းစင်တာများတွင် ပစ္စည်းများ ကြော်ငြာနိုင်ရန် ရည်ရွယ် ပြသသွားကြောင်း သိရသည်။ အဆိုပါ ပရောဂျက်တာများကို မြန်မာ့ နည်းပညာနှင့် သတင်းအချက်အလက် ပြပွဲတွင် DLPTM Systems ပါဝင်ပြီး မှန်ပြားပေါ်တွင် ထိုးပြီး ပြသရာ တီဗွီ အကြီးစားကဲ့သို့ မြင်တွေ့ရကြောင်း သိရသည်။

''ကျွန်တော်တို့ မစ်ဆူဘီရှီက ဒီအယ်လ်ပီ စနစ် သုံးထားတဲ့အတွက် ပရောဂျက်တာကို ကွန်ပျူတာနဲ့ ချိတ်ဆက် အသုံးပြုနိုင်ရုံတင်မကဘူး။ ဒီဗွီဒီတွေနဲ့လဲ ချိတ်ပြီး သုံးနိုင်ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ပရောဂျက်တာရဲ့ ဈေးနှုန်းက ကျပ် ၁၁သိန်း ဖြစ်ပါတယ်။ ပြပွဲမှာ ပြထားတဲ့ မှန်ပြားက နှစ်မီတာ ကျော်ကျော် ကျယ်ပါတယ်။

မှန်ပြားကို စတစ်ကာနဲ့ ကပ်ထားပြီး ပရောဂျက်တာ ထိုးပြတာ တီဗွီ အကြီးစား ကြည့်ရသလိုပါပဲ။ မှန်ပြားတွေကိုလဲ ရောင်းပါတယ်''ဟု မစ်ဆူဘီရှီက တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်း မှန်ပြားပေါ်တွင် ပရောဂျက်တာ ထိုးပြသော စနစ်ကို အခြား ပရောဂျက်တာများနှင့် မပြသနိုင်ဘဲ DLPTM Systems သုံးထားသော ပရောဂျက်တာ များနှင့်သာ အသုံးပြု ပြသနိုင်ကြောင်း သိရသည်။

ပရောဂျက်တာများသည် လုပ်ဆောင်ချက်များပေါ် မူတည်၍ ဈေးနှုန်းမှာ အနည်းဆုံး ကျပ် လေးသိန်းမှ သိန်း ၄ဝထိ ရှိကြောင်း သိရသည်။ အဆိုပါ မြန်မာ့ နည်းပညာနှင့် သတင်းအချက်အလက် ပြပွဲကို အောက်တိုဘာ ၂ဝရက်မှ ၂၃ရက်ထိ တပ်မတော် ခန်းမတွင် ပြသခဲ့ကြောင်း သိရသည်။

အသေးစိတ် သိလိုပါက အမှတ် ၁၃၇၊၁၃၉၊ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ် ဖုန်း-၂၀၂၁၁၇ လိုင်းခွဲ (၅)သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။