» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ပရိတ်သတ်သုံးသောင်းဝင်ဆံသည့် ဇဗ္ဗူသီရီဘောလုံးကွင်းပွဲကြည့်စင်များ တည်ဆောက်မှုပြီးစီးတော့မည်

ပရိတ်သတ် သုံးသောင်းဝင်ဆံသည့် နေပြည်တော် ဇဗ္ဗူသီရီဘောလုံးကွင်း၏ ပွဲကြည့်စင်မှာ တည်ဆောက်မှုအပြီးသတ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ထိုသို့ ပွဲကြည့်စင်များ အပြီးသတ်ထားသော်လည်း ကွင်းမြေအနေအထားမှာ ပုံမှန်အတိုင်းသာ ရှိသေးပြီး ပွဲကြည့်စင်၏ အတွင်းပိုင်း များတွင် အကြမ်းထည်များသာ ပြုလုပ်ပြီးစီးလျက်ရှိကြောင်း တွေ့ရှိရသည်။

‘‘ဘောလုံးပွဲကြည့်စင်က သုံးထပ်ပါ။ ဓာတ်လှေကားပါမယ်။ တစ်ခန်းမှာ သုံးဦးနားနိုင်တဲ့ ဘောလုံးသမား နားနေခန်း ၁၈ခန်း ပါဝင်ပါတယ်။ ကွင်းပွဲကြည့်စင်တွေကတော့ လေးဘက်စလုံး အကြမ်းထည်ပြီးစီးနေပါပြီ’’ ဟု မတ်(စ်)မြန်မာကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Name

အဆိုပါဘောလုံးကွင်းရှိ အထပ်သုံးထပ်တွင် မြေညီထပ်၌ အခန်းပေါင်း (၈၅)ခန်း၊ ပထမထပ်၌ အခန်းပေါင်း (၄၄)ခန်း၊ ဒုတိယထပ်၌ အခန်းပေါင်း (၁၆)ခန်း ပါဝင်ကြောင်း၊ ပရိတ်သတ်သုံးသောင်းဆံ့ကွင်းဖြစ်ပြီး အမိုးများ ပတ်လည်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

‘‘မိုးတွင်းတုန်းက ကွင်းစီမံကိန်းကို ခဏနားထားခဲ့တယ်လို့ပြောတယ်။ ဘာလို့လဲဆိုတာတော့ မသိဘူး။ ခုမှ ပြန်စတင်တာပါ’’ ဟု အဆိုပါကွင်းမှ အလုပ်သမား တစ်ဦးက ပြောသည်။

ဇဗ္ဗူသီရီဘောလုံးကွင်းကို လာမည့် ၂၀၁၃မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှဆီးဂိမ်းအမီတွင် အပြီးစီး တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။