» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ထီလတ်မှတ် အတုဖြင့် ဆုငွေလာထုတ်သူ အဖမ်းခံရ

fake-lottery

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ရှိ ရွှေမြန်မာ မင်္ဂလာရွှေမောင်း မုံရွာအထူး ထီဆိုင်ကြီးတွင် အောက်တိုဘာ ရရက်၊ နံနက် ၁၁နာရီခွဲခန့်က အသက် (၆၀)အရွယ် လူတစ် ယောက်နှင့် (၃၀)အရွယ် လူတစ်ယောက် တို့ ခြေကျင်လာကြပြီး ထီလက်မှတ် ပြသကာ ''ပေါက်တယ် လို့ပြောတယ်။ အကြောင်း လာမကြားသေးလို့ ဇလုပ်ရွာကပါ။ ဘာဆုပေါက်လဲမသိဘူး။ ဂဏန်းခြောက်လုံးတူ အက္ခရာလွဲ ဆယ်သိန်း ဆုပေါက်တယ် ထင် တယ်။ တိုက်ပေးစမ်း''ဟုပြော၍ လာရောက် ပြသရောင်းချရာ ဆိုင်ရှင်က စစ်ဆေးကြည့် ရာတွင် အက္ခရာနှင့်ဂဏန်းအချို့မှာ ပြင် ထားသည်ကို တွေ့ရသဖြင့် သက်ဆိုင်ရာ သို့ အကြောင်းကြား၍ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ''လက်မှတ်ကို စစ်ကြည့်တဲ့အခါ ထီလက်မှတ်က ရွှေမြန်မာချစ်ကြည်ရေးနှင့် ကမ္ဘာသစ်သုံးစောင် ထူးရှယ်ကတ်ဖြစ်ပြီး ပါတဲ့ထီလက်မှတ်က နှစ်စောင်ထဲ၊ အက္ခရာ လွဲ ဂဏန်းတူ အမြွှာ အမျိုးအစား နှစ်စောင် ဖြစ်တယ်။ သုံးစောင်ထူးရှယ်ဆို သုံးစောင် လုံး အက္ခရာတူပြီး ရှေ့ဂဏန်းငါးလုံးတူ နောက်ဂဏန်းတစ်လုံးလွဲဖြစ်ရမယ်။ သူတို့ ဟာက သုံးစောင်ပြောပေမယ့် နှစ်စောင် တည်းသာ ပါတာရယ်။ အက္ခရာလွဲဂဏန်း ခြောက်လုံးတူ အမြွှာ အမျိုးအစားထီဖြစ် နေတယ်။ ဒါက ထီလောကသားတွေပဲသိတာ။ နောက်ပြီး နေရောင်မှာ ကြည့်တဲ့အခါ နောက်ဂဏန်းမှာ  စာရွက် ပိုအရာနှစ်ခု တွေ့တယ်။ မှန်ဘီလူးနဲ့ထပ်ကြည့်တယ်။ တစ်စောင်က ရှေ့ဆုံးနဲ့နောက်ဆုံး ဂဏန်းနှစ်ခုပြင်တယ်။ တစ်စောင်က ရှေ့အက္ခရာ ရယ် ထိပ်စီးဂဏန်းရယ် ပြင်ထားတာ တွေ့တယ်။ ခေါက်ကြည့်လိုက်တဲ့အခါမှာ ကပ်ထားတာ ပေါ်လွင်သွားတယ်။ ပြီးတော့ သူတို့ အမူအရာ တွေကပျက်နေတယ်။ ဒါကြောင့် ပြင်ထားတာအတုဆိုပြီး သက်ဆိုင်ရာကို အကြောင်းကြားမယ်ပြောတော့ မင်း မဝယ်ရင်နေ လက်မှတ်ပြန်ပေးဆိုပြီး မပေးတော့ ထွက်ပြေးကြတယ်။ ဆိုင်က လူတွေက လိုက်ဖမ်းကြတယ်''ဟု အဆိုပါ ထီဆိုင်ပိုင်ရှင်က ပြောသည်။ ထွက်ပြေးသူ နှစ်ယောက်တွင် အသက် (၆၀)အရွယ် ကသာမှတ်ပုံတင် ကိုင်ဆောင်ထားသူ တစ်ယောက်သာ ဖမ်း မိသည်ဟု သိရသည်။ ထိုသူမှာ မန္တလေးမှ လာပြီး မုံရွာမြို့ဇလုပ်ရွာသို့ သွားမည်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ရန်ကုန်မှ လာကြောင်း ပြောဆိုသည်။ အဆိုပါလူများသည် မုံရွာ မြို့ရှိ ထီဆိုင်များသို့ ယင်းလက်မှတ်အား လှည့်လည် ရောင်းချခဲ့သော်လည်း ဆုကြေး ငွေများခြင်း၊ မိမိတို့ထီဆိုင်မှ ပေါက်မဲမဟုတ် ခြင်းတို့ကြောင့် ဝယ်ယူခြင်းမရှိခဲ့ကြောင်း သိရသည်။ လာရောက် လိမ်လည်သော လက်မှတ်များမှာ အောက်တိုဘာ ၁ရက် တွင် ဖွင့်လှစ်ခဲ့သော (၂၇၃)ကြိမ်မြောက် လက်မှတ်ဖြစ်ပြီး ဍ- ၉၉၁၇၁၉ နှင့် ပ-၉၉၁၇၁၉ တို့ဖြစ်သည်။ ယခင်ကလည်း ကလေးဝ-ကလေးမြို့နှင့် ရေဦး-မုံရွာမြို့များရှိ ထီဆိုင်များ တွင် ယင်းကဲ့သို့ ဖြတ်ညှပ် ကပ်နည်းများ ဖြင့် လာရောက် ရောင်းချခဲ့ခြင်းများရှိခဲ့ကြောင်း၊ ထိုစဉ်က လာရောက် ရောင်းချသူများကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ကြောင်း၊ တစ်သိန်း၊ နှစ်သိန်းစသော ဆုကြေး အသေးစားများ သာ လိမ်လည်ကြပြီး ယခုအချိန်တွင် ဆယ်ဂဏန်းအထိ လိမ်လည်လာကြကြောင်း ထီဆိုင် အသိုင်းအဝိုင်းမှ သိရသည်။ ''ခုလုပ်လာတာတွေက တော် တော်ပီပြင်လာတယ်။ နယ်က ထီဆိုင် သေးသေးလေးတွေဆို သေချာမစစ်ရင် ခံရနိုင်တယ်။ အဖွဲ့နဲ့ဆင်းပြီး ဒါမျိုးလုပ် တယ်လို့ယူဆရတယ်။ ၂၀၀၉တုန်းက မုံရွာ အထက်ပိုင်း မြို့နယ်တွေမှာဖြစ်ခဲ့ပြီး ခုပြန် ပေါ်လာတယ်''ဟု ထီအရောင်းဆိုင်များ က ဆိုသည်။  အဆိုပါပြစ်မှုကျူးလွန်သူများ အား မုံရွာအမှတ်(၁) ရဲစခန်းမှ (ပ) ၅၆၈/ ၂၀၁၁ ပုဒ်မ-၄၂၀/၄၆၈ဖြင့် အမှုဖွင့်စစ် ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။