» NLD ပါတီ ပြန်လည်ဖွဲ့စည်းရန် ညီလာခံ ခေါ်ယူကျင်းပမည်: NLD ပါတီအလုပ်အမှု ဆောင် အဖွဲ့ပြန်လည်  ရွေးကောက်တင်မြှောက် ... http://t.co/ijCm5YKF 2012-05-18 02:50 » အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်မှ မြန်မာနိုင်ငံတွင် အမေရိ ကန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ... http://t.co/Jb4S4z3g 2012-05-18 02:19 » ရှမ်းလမ်းစျေး(ခ) ဂွစျေး မီးလောင် ကျပ်သိန်းပေါင်း သုံးရာကျော် ဆုံးရှုံး: စမ်းချောင်းမြို့နယ် ကျွန်းတော မြောက်ရပ... http://t.co/NGLsnpji 2012-05-18 11:13 » နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့: မန္တလေးမြို့ မဟာအောင်မ... http://t.co/okQSTdWY 2012-05-17 11:52 » လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စ မှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ: ဧရာဝတီတိုင်... http://t.co/tSAc7zWZ 2012-05-17 08:16



ဒေါ်လာ၄၀၀၀ တန်ဖိုးရှိ အားကစားနှင့် ကာယပညာဆိုင်ရာ လမ်းညွှန် စာအုပ် လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံတွင် ပထမဆုံးပြုစုသည့် ဒေါ်လာ၄၀၀၀ တန်ဖိုးရှိအားကစားနှင့် ကာယပညာဆိုင်ရာ လမ်းညွှန်စာအုပ်များအား KOICA မှ အားကားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာအုပ်ကို ကိုရီးယားစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ Ms.Lee Kyoung Hee (မြန်မာအမည် ဒေါ်ထားထားစံ) က ပြုစုထားခြင်း ဖြစ်ပြီး ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး၊ အပြေးပြိုင်၊ ရေကူး၊ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ဂျူဒို၊ အလေးမ၊ ရှူတင်နှင့် မြားပစ်စသည့် အားကစား ၁၁မျိုးအတွက် လိုအပ်သည့်အားကစား နည်းစနစ်များ ထည့်သွင်းပြုစုထားကြောင်း သိရသည်။

‘‘အားကာသိပ္ပံမှ နည်းပြတွေဟာ မိမိတို့ရဲ့ အတွေ့အကြုံအလျောက် သင်တန်းသားတွေကို လေ့ကျင့်ပေးတဲ့အခါ မှန်ကန်တဲ့ အားကစားနည်းပညာပိုင်းမှာ အားနည်းနေတဲ့အတွက် လိုအပ်ချက်လေးတွေ တွေ့ရပါတယ်။ ကျွန်မအနေနဲ့ ဒီစာအုပ်တွေကို ရေးသားပြီး တကယ်လိုအပ်နေတဲံ အခြေခံအားကစားနဲ့ ကာယပညာနည်းစနစ်တွေကို နည်းပြတွေကို ဖြန့်ဝေပေးမှာဖြစ်ပြီး သူတို့မှ တစ်ဆင့် သင်တန်းသားတွေကို နည်းစနစ်ကျကျ မှန်မှန်ကန်ကန် လေ့ကျင့်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်’’ ဟု Ms. Lee Kyoung Hee ကပြောသည်။

Ms. Lee Kyoung Hee အနေဖြင့် အားကစားနှင့် ကာယသိပ္ပံ၌ ၂၀၁၀ပြည့်နှစ် စက်တင်ဘာလတွင် အားကစားနှင့် ကာယနည်းပညာ ကျွမ်းကျင်သူအဖြစ် စတင်တာဝန်ထမ်းဆော်ငပြီး အမေရိကန်ဒေါ်လာ ၂၉၉၀၀တန်ဖိုးရှိ စီမံကိန်းတစ်ခုကိုလည်း အောင်မြင်စွာ လွှဲအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။